bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Matthew 21
Matthew 21
Burmese (BCL) (Common Language Bible)
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
1
ကိုယ်တော်နှင့်တပည့်တော်တို့သည်ယေရုရှလင် မြို့သို့ချဉ်းကပ်လာသဖြင့် သံလွင်တောင်အနီး ရှိဗက်ဖာဂေရွာသို့ရောက်ကြ၏။ သခင်ယေရှု သည်တပည့်တော်နှစ်ယောက်အား၊-
2
``သင်တို့ရှေ့တွင်ရှိသောရွာသို့သွားကြ။ မြည်း ကလေးတစ်ကောင်နှင့်အတူကြိုးဖြင့်လှန်ထား သောမြည်းမတစ်ကောင်ကိုတွေ့ရလိမ့်မည်။ ကြိုး ကိုဖြေ၍မြည်းများကိုယူခဲ့ကြလော့။-
3
အကယ်၍လူတစ်စုံတစ်ယောက်ကသင်တို့ အား `အဘယ်ကြောင့်ဖြေသနည်း' ဟုမေးခဲ့ သော် `အရှင်ဘုရားအလိုရှိပါသည်' ဟု ဖြေကြားကြလော့။ ထိုအခါသူသည်မြည်း များကိုချက်ချင်းယူခွင့်ပြုလိမ့်မည်'' ဟူ၍ မှာကြားစေလွှတ်တော်မူ၏။
4
ဤအခြင်းအရာကား ``သင်တို့၏ရှင်ဘုရင်သည် သင်တို့ထံသို့ကြွလာတော်မူပြီ။ ထိုအရှင်သည်နူးညံ့သိမ်မွေ့တော်မူသဖြင့် မြည်းကိုစီးတော်မူ၏။ ဝန်ဆောင်တိရစ္ဆာန်၏သား၊မြည်းကလေးကိုစီး တော်မူ၏ဟုဇိအုန်မြို့အားပြောကြားကြလော့'' ဟူ၍ပရောဖက်မြွက်ဆိုခဲ့သည့်အတိုင်း ဖြစ်ပျက်ခြင်းပင်တည်း။
6
တပည့်တော်နှစ်ယောက်တို့သည်ထွက်သွားပြီး လျှင်သခင်ယေရှုမိန့်မှာတော်မူသည့်အတိုင်း ဆောင်ရွက်ကြ၏။-
7
သူတို့သည်မြည်းမနှင့်မြည်းကလေးကိုဆောင် ယူခဲ့၍ မိမိတို့၏ဝတ်လုံများကိုလွှမ်းတင်ကြ ၏။ ကိုယ်တော်သည်မြည်းကိုစီးတော်မူ၏။-
8
လူပရိသတ်တို့သည်လည်းမိမိတို့၏ဝတ်လုံ များကိုလမ်းပေါ်မှာဖြန့်ခင်းကြ၏။ လူအချို့ တို့သည်သစ်ပင်များမှအကိုင်းအခက်များ ကိုခုတ်၍လမ်းပေါ်မှာခင်းကြ၏။-
9
ကိုယ်တော်၏ရှေ့နောက်လိုက်ပါလာကြသူလူ အပေါင်းတို့က ``ဒါဝိဒ်၏သားတော်အားဂုဏ် တော်ကိုချီးကူးကြလော့။ ထာဝရဘုရား၏ နာမတော်နှင့်ကြွလာသောအရှင်သည်မင်္ဂလာ ရှိစေသတည်း။ ဘုရားသခင်၏ဂုဏ်တော်ကို ချီးကူးကြစေသတည်း'' ဟုကြွေးကြော်ကြ ကုန်၏။
10
ယေရုရှလင်မြို့သို့ကိုယ်တော်ဝင်သောအခါ တစ်မြို့လုံးအုတ်အုတ်သဲသဲဖြစ်ပြီးလျှင် လူတို့ က ``ဤသူကားအဘယ်သူနည်း'' ဟုမေးမြန်း ကြ၏။
11
လူပရိသတ်များက ``ဤသူသည်ဂါလိလဲ ပြည်နာဇရက်မြို့သားပရောဖက်ယေရှုဖြစ် သည်'' ဟုဖြေကြားကြ၏။
12
သခင်ယေရှုသည်ဗိမာန်တော်သို့ဝင်တော်မူ၍ ဗိမာန်တော်အတွင်းမှရောင်းဝယ်နေသူတို့ကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်သူတို့၏စားပွဲ များနှင့်ချိုးငှက်ရောင်းသူတို့၏ထိုင်ခုံများကို မှောက်လှန်ပစ်တော်မူ၏။-
13
ထိုနောက်ကိုယ်တော်က ``ငါ၏အိမ်တော်ကိုဆု တောင်းပတ္ထနာပြုရာအိမ်တော်ဟုခေါ်ဝေါ်ရလတ္တံ့ ဟုကျမ်းစာလာ၏။ သို့ရာတွင်သင်တို့သည်အိမ် တော်ကိုဋ္ဌားပြခိုအောင်းရာဖြစ်စေကြပြီ တကား'' ဟုမိန့်တော်မူ၏။
14
ဗိမာန်တော်တွင်မျက်မမြင်များနှင့်ခြေမစွမ်း မသန်သူများသည်အထံတော်သို့လာကြ၏။ ကိုယ်တော်သည်သူတို့၏ရောဂါများကိုပျောက် ကင်းစေတော်မူ၏။-
15
ယဇ်ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာ များသည်ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ် အမှုအရာများကိုမြင်၍ ``ဒါဝိဒ်၏သားတော် အားချီးမွမ်းထောမနာပြုကြလော့'' ဟုဗိမာန် တော်ထဲတွင်ကလေးသူငယ်တို့ဟစ်အော်နေ သည်ကိုကြားကြသောအခါအမျက်ထွက် လျက်၊-
16
``ဤသူငယ်တို့အဘယ်သို့ကြွေးကြော်နေကြ သည်ကိုကြားပါသလော'' ဟုကိုယ်တော်အား မေးလျှောက်ကြ၏။ သခင်ယေရှုက ``ငါကြား၏။ `ကိုယ်တော်သည် သူငယ်များနှင့်မိခင်ရင်ခွင်ရှိနို့စို့များအား ချီးမွမ်းစေရန်သင်ကြားပေးတော်မူပြီ' ဟူ သောကျမ်းစကားကိုသင်တို့အဘယ်အခါ မျှမဖတ်ဖူးကြပါသလော'' ဟုမိန့်တော်မူ၏။
17
ထိုနောက်သခင်ယေရှုသည်မြို့မှထွက်ပြီးလျှင် ဗေသနိရွာသို့ကြွ၍ထိုညတည်းခိုတော်မူ၏။
18
နံနက်စောစောမြို့သို့ပြန်လည်ကြွလာတော်မူစဉ် ကိုယ်တော်သည်ဆာလောင်မွတ်သိပ်တော်မူ၏။-
19
လမ်းအနီးတွင်သင်္ဘောသဖန်းပင်တစ်ပင်ကို မြင်သဖြင့်ထိုအပင်ရှိရာသို့ကြွတော်မူ၏။ အပင်ပေါ်တွင်အရွက်များကိုသာတွေ့တော်မူ လျှင်ကိုယ်တော်သည်ထိုအပင်အား ``သင်သည် နောင်အဘယ်အခါ၌မျှအသီးမသီးစေနှင့်'' ဟုမိန့်တော်မူ၏။ သင်္ဘောသဖန်းပင်သည်လည်း ချက်ချင်းပင်ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
20
ထိုအခြင်းအရာကိုတပည့်တော်တို့မြင်လျှင် လွန်စွာအံ့သြကြသဖြင့် ``သင်္ဘောသဖန်းပင် သည်အဘယ်သို့လျှင်ချက်ချင်းညှိုးနွမ်းခြောက် သွေ့သွားပါသနည်း'' ဟုမေးလျှောက်ကြ၏။
21
သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား၊ သင်တို့သည်သံသယကင်း သောယုံကြည်ခြင်းရှိလျှင်သင်္ဘောသဖန်းပင် ကိုငါပြုသကဲ့သို့ပြုနိုင်လိမ့်မည်။ ထိုမျှမက ဤတောင်အား `ဤနေရာမှရွေ့၍ပင်လယ်ထဲ သို့သက်ဆင်းလော့' ဟုဆိုလျှင်ဆိုသည့်အတိုင်း ဖြစ်လိမ့်မည်။-
22
သင်တို့သည်ယုံကြည်ခြင်းဖြင့်တောင်းလျှောက် လျှင်တောင်းလျှောက်သမျှတို့ကိုရရှိကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
23
ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
24
သခင်ယေရှုက ``သင်တို့အားမေးခွန်းတစ်ခုကို ငါမေးမည်။ ထိုမေးခွန်းကိုသင်တို့ဖြေကြားကြ ပါလျှင် ဤအမှုအရာများကိုအဘယ်အခွင့် အာဏာနှင့်ငါပြုသည်ကိုငါပြောမည်။-
25
ယောဟန်ဗတ္တိဇံမင်္ဂလာပေးသည်မှာဘုရားသခင်၏ အခွင့်အာဏာနှင့်ပေးသလော။ လူတို့၏အခွင့် အာဏာနှင့်ပေးသလော'' ဟုမေးတော်မူ၏။ သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာနှင့်ပေးသည်ဟုငါတို့ဆိုလျှင်ယောဟန် ကိုသင်တို့အဘယ်ကြောင့်မယုံကြည်ကြ သနည်းဟုမေးလိမ့်မည်။-
26
သို့ရာတွင်လူတို့၏အခွင့်အာဏာနှင့်ပေးသည် ဟုဆိုရမည်မှာလည်းလူအပေါင်းတို့သည်ယောဟန် ကို ပရောဖက်တစ်ပါးဟုယုံကြည်ကြသဖြင့်လူ ပရိသတ်ကိုငါတို့ကြောက်ရ၏'' ဟုအချင်းချင်း ဆွေးနွေးကြ၏။-
27
သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု ပြန်လည်လျှောက်ထားကြ၏။ ထိုအခါကိုယ်တော်က ``ငါပြုသည့်အမှုအရာ များကိုအဘယ်အခွင့်အာဏာနှင့်ပြုသည်ကို လည်းသင်တို့အားငါမပြော'' ဟုမိန့်တော်မူ၏။
28
ထိုနောက်ကိုယ်တော်က ``သင်တို့သည်အဘယ်သို့ ထင်မှတ်ကြသနည်း။ လူတစ်ယောက်မှာသားနှစ် ယောက်ရှိ၏။ သူသည်သားကြီးထံသို့သွားပြီး လျှင်`ငါ့သား၊ ယနေ့စပျစ်ဥယျာဉ်သို့သွား၍ လုပ်ဆောင်ပါလော့' ဟုဆို၏။-
29
သားကြီးက `အကျွန်ုပ်မသွားလိုပါ' ဟုဆို သော်လည်းနောက်မှစိတ်ပြောင်းလဲသဖြင့် ဥယျာဉ်သို့သွားလေ၏။-
30
ဖခင်သည်သားငယ်ထံသို့သွား၍ရှေးနည်းတူ ပြော၏။ သားငယ်က `ဟုတ်ကဲ့ အဖေ၊ အကျွန်ုပ် သွားပါမည်' ဟုဆို၏။-
31
သို့သော်လည်းမသွားဘဲနေ၏။ ထိုသားနှစ်ယောက် တို့တွင်အဘယ်သူသည်ဖခင်၏စကားကိုနား ထောင်ပါသနည်း'' ဟုမေးတော်မူ၏။ ထိုသူတို့က ``သားကြီးနားထောင်ပါသည်'' ဟု ဖြေကြားကြ၏။ သခင်ယေရှုက ``အမှန်အကန်သင်တို့အားငါဆို သည်ကား၊ အခွန်ခံသူများနှင့်ပြည့်တန်ဆာများ သည်သင်တို့အလျင်ကောင်းကင်နိုင်ငံတော်သို့ဝင် ကြလိမ့်မည်။-
32
ယောဟန်သည်သင်တို့ထံလာ၍လမ်းမှန်ကိုညွှန်ပြ သော်လည်းသင်တို့သည်သူ့ကိုမယုံကြည်ကြ။ သို့ ရာတွင်အခွန်ခံသူများနှင့်ပြည့်တန်ဆာများမူ ကားယုံကြည်ကြ၏။ ဤအခြင်းအရာကိုတွေ့မြင် ရကြသောအခါ၌ပင်လျှင် သင်တို့သည်စိတ်ပြောင်း လဲ၍ယောဟန်ကိုယုံကြည်လာခြင်းမရှိကြ။''
33
``အခြားပုံဥပမာတစ်ခုကိုနားထောင်ကြဦး လော့။ စပျစ်ဥယျာဉ်တစ်ခုကိုစိုက်ပျိုးသည့်မြေ ပိုင်ရှင်တစ်ယောက်ရှိ၏။ သူသည်ခြံဝင်းကာ၍ စပျစ်သီးနယ်ရာကျင်းကိုတူး၏။ မျှော်စင်တစ်ခု ကိုလည်းဆောက်လုပ်၏။ ထိုနောက်မိမိ၏ဥယျာဉ် ကိုခြံသမားတို့အားသီးစားချ၍နိုင်ငံရပ် ခြားသို့ထွက်သွား၏။-
34
စပျစ်သီးပေါ်ချိန်နီးကပ်လာသောအခါမိမိ ၏လုပ်သားများကိုခြံသမားတို့ထံသို့စေလွှတ် ၍ သီးစားခစပျစ်သီးများကိုတောင်းခံစေ၏။-
35
ခြံသမားတို့သည်လုပ်သားများကိုဖမ်း၍ရိုက် သူကိုရိုက်၊ သတ်သူကိုသတ်၊ ခဲနှင့်ပေါက်သူကို ပေါက်ကြ၏။-
36
ထိုနောက်ဥယျာဉ်ရှင်သည်ပထမအကြိမ်ထက် လုပ်သားများကိုပို၍စေလွှတ်၏။ သို့ရာတွင် ခြံသမားတို့သည်ထိုလုပ်သားများကိုလည်း ရှေးနည်းတူပြုကြပြန်၏။-
37
နောက်ဆုံး၌သူသည် `ငါ၏သားကိုမူထိုသူတို့ လေးစားကြရာ၏' ဟုဆိုလျက်မိမိ၏သား ကိုခြံသမားတို့ထံသို့စေလွှတ်၏။-
38
သို့သော်ထိုသူတို့သည်ဥယျာဉ်ရှင်၏သားကို မြင်သောအခါ `ဤသူသည်အမွေစားအမွေခံ ဖြစ်၏။ လာကြ။ သူ့ကိုသတ်၍သူ့အမွေဥစ္စာ ကိုယူကြကုန်အံ့' ဟုအချင်းချင်းတိုင်ပင် ပြီးနောက်၊-
39
သူ့ကိုဖမ်းပြီးဥယျာဉ်အပြင်သို့ထုတ်၍ သတ်ကြ၏။
40
သို့ဖြစ်၍ဥယျာဉ်ရှင်ရောက်ရှိလာသောအခါ ခြံသမားတို့အားအဘယ်သို့ပြုလိမ့်မည်နည်း'' ဟုမေးတော်မူ၏။
41
လူတို့က ``ဥယျာဉ်ရှင်သည်ထိုဆိုးသွမ်းသော သူတို့ကိုအမှန်ပင်သတ်ပစ်ပါလိမ့်မည်။ ဥယျာဉ် ကိုလည်းစပျစ်သီးပေါ်ချိန်၌သီးစားခမှန်မှန် ပေးမည့်အခြားခြံသမားတို့အားပေးအပ်ပါ လိမ့်မည်'' ဟုဖြေကြားကြ၏။
42
သခင်ယေရှုက ``တိုက်တည်သူတို့ပယ်ထားသောကျောက်သည် အရေးအကြီးဆုံးသောထောင့်ချုပ်ကျောက်ဖြစ် လာရ၏။ ဤအမှုသည်ဘုရားသခင်ပြုတော်မူသော အမှုဖြစ်၏။ ငါတို့မျက်မှောက်တွင်အံ့သြဖွယ်ရာဖြစ်လေစွ' ဟူသောကျမ်းစကားကိုသင်တို့မဖတ်ဖူး ကြသလော။
43
``သို့ဖြစ်၍သင်တို့အားငါဆိုသည်ကားဘုရား သခင်၏နိုင်ငံတော်ကိုသင်တို့ထံမှရုပ်သိမ်း၍ နိုင်ငံတော်နှင့်ထိုက်လျောက်သည့်အကျင့်သီလ ရှိသောလူမျိုးအားပေးလိမ့်မည်။-
44
(ထိုကျောက်အပေါ်သို့ကျသောသူသည်ကြေမွ ၍သွားပေအံ့။ မိမိ၏အပေါ်သို့ထိုကျောက် အကျခံရသူသည်ညက်ညက်ကြေ၍သွားပေ အံ့'') ဟုမိန့်တော်မူ၏။
45
ကိုယ်တော်၏ပုံဥပမာများကိုယဇ်ပုရောဟိတ် ကြီးများနှင့်ဖာရိရှဲများကြားကြသောအခါ မိမိတို့ကိုရည်မှတ်၍မိန့်တော်မူကြောင်းသိ ကြ၏။-
46
ထိုကြောင့်သူတို့သည်ကိုယ်တော်ကိုဖမ်းဆီးရန် နည်းလမ်းရှာကြ၏။ သို့ရာတွင်သူတို့သည် ကိုယ်တော်အားပရောဖက်ဟုမှတ်ယူယုံကြည် နေသူလူပရိသတ်တို့ကိုကြောက်ကြ၏။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28