bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Amos 5
Amos 5
Burmese MSBU
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 6 →
1
အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့အကြောင်းကို ငါငိုချင်းဖွဲ့သီဆိုမည်။ ဤအကြောင်းကို သင်တို့ နားထောင်ကြလော့။
2
အစ္စရေးအပျိုကညာသည် ပြန်မထနိုင်အောင် လဲကျလေပြီ။ နေရင်းပြည်တွင် စွန့်ပစ်ခြင်းခံရပြီ။ သူ့ကိုထူမမည့်သူတစ်ယောက်မျှမရှိ။
3
အကြောင်းမူကား ဘုရားရှင်ထာဝရဘုရားက “အစ္စရေးအမျိုးအနွယ်တွင် မြို့တစ်မြို့မှ လူတစ်ထောင်ချီတက်လျှင် လူတစ်ရာသာ ကျန်မည်။ လူတစ်ရာချီတက်လျှင် လူဆယ်ယောက်သာ ကျန်မည်”ဟု မိန့်တော်မူပြီ။
4
ထာဝရဘုရားက အစ္စရေးအမျိုးအနွယ်အား “အသက်ချမ်းသာရာရမည့်အကြောင်း ငါ့ကိုရှာကြလော့။
5
ဗေသလမြို့ကို မရှာကြနှင့်။ ဂိလဂါလမြို့သို့ မသွားကြနှင့်။ ဗေရရှေဘမြို့သို့ ဖြတ်သန်းသွားလာခြင်း မပြုကြနှင့်။ အကြောင်းမူကား ဂိလဂါလမြို့သည် အမှန်ပင် သိမ်းပိုက်ခံရမည်။ ဗေသလမြို့သည် ဘာမျှမဟုတ်သောမြို့ဖြစ်မည်။
6
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
7
သင်တို့သည် တရားမျှတမှုကို ခါးသီးစေ၍ ဖြောင့်မတ်ခြင်းကို မြေပေါ်ချထားကြပြီ”ဟု မိန့်တော်မူ၏။
8
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
9
ထိုအရှင်သည် အားကြီးသောသူကို ရုတ်ချည်းဖျက်ဆီးသဖြင့် ခံတပ်မြို့သည် ပျက်စီးသွားရလိမ့်မည်။
10
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
11
သင်တို့သည် ဆင်းရဲသားကို ဖိနှိပ်၍ သူ့ထံမှ ဂျုံစပါးအခွန်အတုတ်ကို တောင်းခံကြ၏။ ထို့ကြောင့် ကျောက်ဆစ်အိမ်များကို ဆောက်သော်လည်း ထိုအိမ်များတွင် သင်တို့နေရမည်မဟုတ်။ စပျစ်ခြံများကောင်းကောင်းမွန်မွန်စိုက်ပျိုးသော်လည်း ထိုခြံမှထွက်သောစပျစ်ဝိုင်ကို သောက်ရမည်မဟုတ်။
12
သင်တို့သည် အပြစ်များစွာကျူးလွန်ပြီး အပြစ်ကြီးလေးကြောင်းကို ငါသိ၏။ ဖြောင့်မတ်သောသူကို ညှဉ်းဆဲပြီး လာဘ်စား၏။ နွမ်းပါးသူတို့ကိုလည်း မြို့တံခါးဝတွင် မတရားစီရင်ကြ၏။
13
ဤကာလသည် ဆိုးညစ်သောကာလဖြစ်သောကြောင့် ပညာသတိရှိသူသည် နှုတ်ဆိတ်နေလိမ့်မည်။
14
သင်တို့ အသက်ချမ်းသာရာရမည့်အကြောင်း မကောင်းမှုကိုမရှာ၊ ကောင်းမှုကိုရှာလော့။ သို့ပြုလျှင် သင်တို့ဆိုသည့်အတိုင်း ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိလိမ့်မည်။
15
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
16
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူပြီ။ ထာဝရဘုရားက “လမ်းဆုံလမ်းခွ၌ ငိုကြွေးကြလိမ့်မည်။ လူစည်ကားရာနေရာရှိသမျှ၌ ‘အလိုလေး၊ အလိုလေး’ဟု အော်ဟစ်ကြလိမ့်မည်။ ငိုကြွေးမြည်တမ်းရန် လယ်သမားတို့ကို ခေါ်ကြလိမ့်မည်။ ငိုချင်းချရန် ငိုချင်းသည်တို့ကို ခေါ်ကြလိမ့်မည်။
17
စပျစ်ခြံရှိသမျှတို့၌လည်း ငိုကြွေးမြည်တမ်းကြလိမ့်မည်။ အကြောင်းမူကား ငါသည် သင်တို့အလယ်၌ ဖြတ်သွားမည်”ဟု မိန့်တော်မူ၏။
18
ထာဝရဘုရား၏နေ့တော်ကို စောင့်မျှော်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။ ထာဝရဘုရား၏နေ့တော်ကို အဘယ်ကြောင့် သင်တို့ စောင့်မျှော်သနည်း။ ထိုနေ့သည် အလင်းမဟုတ်၊ အမှောင် ဖြစ်လိမ့်မည်။
19
လူသည် ခြင်္သေ့ထံမှပြေးလွတ်သော်လည်း ဝက်ဝံနှင့် ပက်ပင်းတိုးသကဲ့သို့လည်းကောင်း၊ အိမ်ထဲသို့ဝင်၍ နံရံကို လက်နှင့်ထောက်လိုက်စဉ် မြွေကိုက်ခံရသကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
20
ထာဝရဘုရား၏နေ့တော်သည် အလင်းမရှိ၊ အမှောင်ကျသောနေ့ ဖြစ်မည်မဟုတ်လော။ လင်းရောင်ခြည်မရှိ၊ မှောင်ပိန်းသောနေ့ ဖြစ်မည်မဟုတ်လော။
21
“သင်တို့ကျင်းပသောပွဲများကို ငါမုန်း၏။ ငါရွံရှာ၏။ သင်တို့ပြုသောဓမ္မစည်းဝေးပွဲများကိုလည်း ငါမနှစ်သက်။
22
သင်တို့ပူဇော်သော မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာတို့ကို ငါလက်ခံမည်မဟုတ်။ ဆူဖြိုးသောယဇ်ကောင်တို့ကို မိတ်သဟာယယဇ်အဖြစ် ပူဇော်လျှင်လည်း ငါအရေးစိုက်မည်မဟုတ်။
23
သင်၏သီချင်းသံများကို ငါ့ထံမှ ဖယ်ရှားလော့။ သင်၏စောင်းသံကိုလည်း ငါနားမထောင်လို။
24
တရားမျှတခြင်းကို မြစ်ရေသဖွယ် စီးဆင်းစေလော့။ ဖြောင့်မတ်ခြင်းကိုလည်း ချောင်းရေသဖွယ် အစဉ်စီးဆင်းစေလော့။
25
အို အစ္စရေးအမျိုးအနွယ်တို့၊ တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံးလှည့်လည်နေစဉ် ငါ့ထံ ယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာတို့ကို သင်တို့ ပူဇော်ဖူးသလော။
26
သင်တို့သည် သင်တို့ဘုရင်၏စက္ကုတ်နှင့် ခိအုန်ရုပ်တုများ၊ သင်တို့ကိုးကွယ်ရန် ကိုယ်တိုင်လုပ်သောကြယ်နတ်ဘုရားများကိုလည်း သယ်ဆောင်ကြ၏။
27
ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။
← Chapter 4
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 6 →
All chapters:
1
2
3
4
5
6
7
8
9
Recommended Reading
Commentary
Amos Commentaries
→
Devotional
Amos Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→