bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Amos 9
Amos 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
1
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
2
မရဏာနိုင်ငံတိုင်အောင် တွင်းတူးလျှင်လည်း သူတို့ကို ထိုနေရာမှ ငါကိုယ်တိုင် ဆွဲထုတ်မည်။ ကောင်းကင်တိုင်အောင် တက်သွားလျှင်လည်း သူတို့ကို ထိုနေရာမှ ငါဆွဲချမည်။
3
ကရမေလတောင်ထိပ်တွင် ပုန်းရှောင်နေလျှင် သူတို့ကို ရှာပြီး ထိုအရပ်မှ ငါဖမ်းခေါ်လာမည်။ ငါမမြင်အောင် ပင်လယ်ကြမ်းပြင်တွင် ပုန်းနေလျှင် ထိုနေရာ၌ပင် မြွေနဂါးကို အမိန့်ပေး၍ သူတို့အား ကိုက်စေမည်။
4
ရန်သူတို့ရှိရာသို့ သုံ့ပန်းအဖြစ်ပါသွားလျှင် ထိုနေရာ၌ ငါ့အမိန့်ဖြင့် ဓားနှင့်အသတ်ခံရမည်။ ကောင်းစားစေရန်အတွက် မဟုတ်၊ ဒုက္ခရောက်စေရန်အတွက် သူတို့ကို ငါစောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
5
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရားသည် မြေကြီးကို တို့တော်မူလျှင် မြေကြီးသည်အရည်ပျော်ကျ၍ သက်ရှိအပေါင်းတို့ ငိုကြွေးမြည်တမ်းရလိမ့်မည်။ တစ်ပြည်လုံး နိုင်းမြစ်ရေကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ ပြန်ဆုတ်သွားလိမ့်မည်။
6
မိုးကောင်းကင်တွင် အထက်ခန်းများကို တည်ဆောက်တော်မူသောအရှင်၊ မြေကြီးပေါ်တွင် အုတ်မြစ်ချတော်မူသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး မြေမျက်နှာပြင်ပေါ် လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရား ဖြစ်၏။
7
ထာဝရဘုရားက “အို အစ္စရေးအမျိုးသားတို့၊ သင်တို့သည် ငါ့အဖို့ အီသီယိုးပီးယားအမျိုးသားများနှင့် တူသည်မဟုတ်လော။ အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှလည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့ကို ကတ္တောရကျွန်းမှလည်းကောင်း၊ ဆီးရီးယားလူမျိုးတို့ကို ကိရပြည်မှလည်းကောင်း ငါထုတ်ဆောင်ခဲ့သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
8
ထာဝရဘုရားက “ကြည့်ရှုလော့။ အပြစ်ပြုသောတိုင်းနိုင်ငံကို ဘုရားရှင်ထာဝရဘုရား စောင့်ကြည့်တော်မူ၏။ ထိုတိုင်းနိုင်ငံကို မြေပြင်ပေါ်မှ အဆုံးသတ်ဖျက်ဆီးပစ်မည်ဖြစ်သော်လည်း ယာကုပ်အမျိုးအနွယ်ကို အကုန်အစင်ဖျက်ဆီးမည်မဟုတ်”ဟု မိန့်တော်မူ၏။
9
“ကြည့်ရှုလော့။ ငါမိန့်ဆိုပြီ။ လူမျိုးတကာတို့အလယ်တွင် အစ္စရေးအမျိုးအနွယ်ကို ဆန်ခါခါသကဲ့သို့ ခါချမည်။ ဆန်တစ်စေ့မျှ မြေကြီးပေါ် မကျရ။
10
‘ငါတို့ထံ ဘေးအန္တရာယ် ရောက်လာမည်မဟုတ်။ ငါတို့သည် ဘေးအန္တရာယ်နှင့် ကြုံရမည်မဟုတ်’ဟု ဆိုသော ငါ့လူမျိုးတော်အပြစ်သားအားလုံးတို့သည် ဓားဖြင့် သေကြရလိမ့်မည်။
11
ထိုနေ့ရက်၌ ပြိုလဲခဲ့သည့်ဒါဝိဒ်၏တဲကို ပြန်လည်ထူထောင်မည်။ ပေါက်ပြဲရာများကို ပြန်လည်ဖာထေးမည်။ ပျက်စီးရာများကို ပြန်လည်ပြုပြင်မည်။ ရှေးကာလကဲ့သို့ ပြန်လည်တည်ဆောက်မည်။
12
ဤသို့ဖြင့် သူတို့သည် ကြွင်းကျန်သည့်ဧဒုံပြည်နှင့် ငါ့နာမဖြင့် ခေါ်ဝေါ်သမုတ်သောတိုင်းနိုင်ငံအပေါင်းတို့ကို ပိုင်ဆိုင်ရလိမ့်မည်”ဟု ဤအမှုကို စီရင်တော်မူသည့်ထာဝရဘုရားမိန့်တော်မူ၏။
13
ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
14
“ဖမ်းခေါ်သွားခြင်းခံရသည့် ငါ့လူမျိုးတော်အစ္စရေးအမျိုးသားတို့ကို ငါပြန်လာစေမည်။ သူတို့သည် ဖျက်ဆီးခြင်းခံရသောမြို့များကို ပြန်လည်တည်ဆောက်၍ နေထိုင်ကြလိမ့်မည်။ စပျစ်ပင်များကို စိုက်၍ စပျစ်ဝိုင်ကို သောက်ရလိမ့်မည်။ ဥယျာဉ်ခြံများကို စိုက်ပျိုး၍ အသီးအနှံတို့ကို စားရလိမ့်မည်။
15
သူတို့ကို နေရင်းပြည်၌ စိုက်ထားမည်။ ငါပေးသောပြည်မှ သူတို့ ဆွဲနုတ်ခြင်းခံရတော့မည်မဟုတ်”ဟု သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
All chapters:
1
2
3
4
5
6
7
8
9
Recommended Reading
Commentary
Amos Commentaries
→
Devotional
Amos Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→