bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Amos 8
Amos 8
Burmese MSBU
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 9 →
1
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ နွေရာသီသီးနှံထည့်ထားသောတောင်းတစ်လုံးကို ငါမြင်၏။
2
ကိုယ်တော်က “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “နွေရာသီသီးနှံထည့်ထားသောတောင်းကို မြင်ပါ၏”ဟု လျှောက်ရာ ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့၏နိဂုံးသည် ရောက်လာလေပြီ။ သူတို့ကို ငါအလွတ်ပေးတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။
3
“ထိုနေ့တွင် ဗိမာန်တော်ထဲမှ သီချင်းသံတို့သည် ညည်းတွားငိုကြွေးသံ ဖြစ်ရလိမ့်မည်။ အလောင်းကောင်တို့သည် နေရာတိုင်းတွင် တိတ်တဆိတ်လွှင့်ပစ်ခြင်း ခံရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
4
နွမ်းပါးသူတို့ကို နိုင်ထက်စီးနင်းပြုပြီး တိုင်းပြည်ရှိဆင်းရဲသားတို့ကို ဖယ်ရှားပစ်သောသူတို့၊ နားထောင်ကြလော့။
5
သင်တို့က “လဆန်းပွဲနေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ငါတို့ စားနပ်ရိက္ခာရောင်းလိုလှပြီ။ ဥပုသ်နေ့ မည်သည့်အချိန်ပြီးမည်နည်း၊ ဂျုံစပါးဈေး ဖွင့်လိုလှပြီ။ ဧဖာ တောင်းငယ်၊ ရှယ်ကယ် အလေးကြီးနှင့် ချိန်ခွင်လျှာကို ကိုယ့်ဘက်သာအောင် လုပ်ကြမည်။
6
ဆင်းရဲသားတို့ကို ငွေဖြင့်၊ နွမ်းပါးသူတို့ကို ဖိနပ်တစ်ရံဖြင့် ကုန်သွယ်ကြမည်။ ဂျုံစပါးအဖျင်းကို ရောင်းစားမည်”ဟု ဆိုတတ်ကြ၏။
7
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။
8
ထိုအကြောင်းကြောင့် ပြည်သည် ထိတ်လန့်တုန်လှုပ်၍ ပြည်သားတို့လည်း ငိုကြွေးမြည်တမ်းရမည် မဟုတ်လော။ တစ်ပြည်လုံးသည် နိုင်းမြစ်ကဲ့သို့ လှိုင်းထပြီး အီဂျစ်မြစ်ရေကဲ့သို့ လှုပ်ခါ၍ ပြန်ဆုတ်သွားလိမ့်မည် မဟုတ်လော။
9
ထိုနေ့ရက်တွင် မွန်းတည့်ချိန်၌ နေဝင်စေမည်။ နေသာသောနေ့တွင် မြေကြီးကို မှောင်မိုက်စေမည်။
10
ထို့ပြင် သင်တို့၏ပျော်ပွဲများကို ငိုပွဲများ ဖြစ်စေမည်။ သင်တို့၏သီချင်းများကို ငိုချင်း ဖြစ်စေမည်။ သင်တို့အားလုံးကို လျှော်တေဝတ်စေ၍ ခေါင်းတုံး ဖြစ်စေမည်။ တစ်ဦးတည်းသောသားအတွက် ငိုကြွေးမြည်တမ်းရသကဲ့သို့ ဖြစ်စေမည်။ နိဂုံးသည်လည်း ခါးသီးသောနေ့ရက် ဖြစ်လိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
11
ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေမည့်အချိန် ရောက်လာမည်။ ထိုဘေးသည် အစာငတ်သောဘေး၊ ရေငတ်သောဘေး မဟုတ်။ ထာဝရဘုရား၏နှုတ်ထွက်စကားကို မကြားရသော ငတ်မွတ်ခြင်းဘေး ဖြစ်လိမ့်မည်။
12
လူတို့သည် ထာဝရဘုရား၏နှုတ်ထွက်စကားကို ပင်လယ်တစ်ခုမှ ပင်လယ်တစ်ခုသို့၊ မြောက်အရပ်မှ အရှေ့အရပ်သို့ လှည့်လည်သွားလာ၍ ရှာဖွေသော်လည်း တွေ့မည်မဟုတ်။
13
ထိုနေ့ရက်တွင် လှပသောအပျိုကညာများနှင့် လူပျိုများ ရေငတ်သောကြောင့် အားယုတ်ကြလိမ့်မည်။
14
‘အို ဒန်၊ သင်၏ဘုရားအသက်ရှင်သည့်အတိုင်း’ဟူ၍လည်းကောင်း၊ ‘ဗေရရှေဘကျင့်စဉ်တို့ ရှင်သန်နေသည့်အတိုင်း’ဟူ၍လည်းကောင်း ရှမာရိအပြစ်ကိုတိုင်တည်ကျိန်ဆိုတတ်သောသူတို့သည် နောက်တစ်ဖန် ပြန်မထနိုင်အောင် ကျဆုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
Recommended Reading
Commentary
Amos Commentaries
→
Devotional
Amos Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→