bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Amos 7
Amos 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
1
ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ကောက်နှောင်းပေါ်စအချိန်တွင် ကိုယ်တော်သည် နှံကောင်အုပ်ကြီးကို လွှတ်လိုက်တော်မူ၏။ ဤအချိန်သည် ရှင်ဘုရင်အဖို့ ကောက်ရိတ်ပြီး ကောက်နှောင်းပေါ်ချိန်ဖြစ်၏။
2
နှံကောင်တို့သည် မြေပေါ်ရှိအပင်များကို စားပြီးနောက် ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ယခု ခွင့်လွှတ်တော်မူပါ။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
3
ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
4
တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ငါ့အား ဤသို့ မြင်စေတော်မူပြန်၏။ ကြည့်ရှုလော့။ ဘုရားရှင်ထာဝရဘုရားသည် တရားစီရင်ရန် မီးကိုဆင့်ခေါ်ရာ မီးသည် ကျယ်ပြန့်နက်ရှိုင်းသောရေထုကို ဝါးမျိုပြီးလျှင် မြေကြီးကိုလည်း ဝါးမျိုလေ၏။
5
ထိုအခါ ငါက “အို ဘုရားရှင်ထာဝရဘုရား၊ ထိုသို့ မပြုပါနှင့်။ ယာကုပ်သည် နုနယ်သေးသည်ဖြစ်၍ မည်သို့ခံနိုင်ပါမည်နည်း”ဟု လျှောက်ဆို၏။
6
ထိုအခါ ထာဝရဘုရားသည် ဤအမှုအတွက် စိတ်တော်ပြောင်း၍ “ထိုသို့ မဖြစ်စေတော့”ဟု မိန့်တော်မူ၏။
7
တစ်ဖန် ငါ့အား ဤသို့ မြင်စေတော်မူ၏။ ကြည့်ရှုလော့။ ဘုရားရှင်သည် ချိန်ကြိုးကိုကိုင်လျက် ချိန်ကြိုးဖြင့်တိုင်းတာဆောက်လုပ်ထားသော မြို့ရိုးပေါ်တွင်ရပ်နေ၏။
8
ထာဝရဘုရားက ငါ့အား “အာမုတ်၊ သင် မည်သည့်အရာကို မြင်သနည်း”ဟု မေးတော်မူလျှင် ငါက “ချိန်ကြိုးကို မြင်ပါသည်”ဟု လျှောက်၏။ ထိုအခါ ဘုရားရှင်က “ကြည့်ရှုလော့။ ငါ့လူမျိုးတော်အစ္စရေးတို့အလယ်တွင် ချိန်ကြိုးကို ငါချမည်။ သူတို့ကို နောက်တစ်ဖန် အလွတ်ပေးမည် မဟုတ်။
9
ဣဇက်အထွတ်အမြတ်ထားရာနေရာတို့သည် လူသူကင်းမဲ့လိမ့်မည်။ အစ္စရေးလူမျိုး၏သန့်ရှင်းရာဌာနတို့သည်လည်း တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ငါသည် ယေရောဗောင်အမျိုးကို ဓားဖြင့်တိုက်မည်”ဟု မိန့်တော်မူ၏။
10
ထိုအခါ ဗေသလမြို့ရှိ ယဇ်ပုရောဟိတ်အာမဇိက အစ္စရေးဘုရင်ယေရောဗောင်မင်းကြီးထံသို့ လူလွှတ်၍ “အာမုတ်သည် အစ္စရေးအမျိုးတို့အလယ်တွင် အရှင်မင်းကြီးကို လျှို့ဝှက်ကြံစည်နေပါပြီ။ ပြည်တော်သည် သူ့စကားအလုံးစုံတို့ကို ခံနိုင်မည်မဟုတ်ပါ။
11
အကြောင်းမူကား အာမုတ်က ‘ယေရောဗောင်မင်းကြီးသည် ဓားဖြင့်သေရလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် နေရင်းပြည်မှ အမှန်ပင်ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ ဟောပြောပါသည်”ဟု လျှောက်ဆိုစေ၏။
12
ထို့ပြင် အာမဇိက အာမုတ်အား “အို ဗျာဒိတ်ရသူ၊ ယုဒပြည်သို့ ပြန်ပြေးလော့။ ထိုပြည်တွင် ပရောဖက်ပြု၍ အသက်မွေးလော့။
13
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
14
အာမုတ်ကလည်း အာမဇိအား “ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်။ ငါသည် သိုးများကို ထိန်းကျောင်းသူ၊ သင်္ဘောသဖန်းပင်များကို စိုက်ပျိုးပြုစုသူဖြစ်၏။
15
သို့သော် ထာဝရဘုရားသည် ငါ့ကို သိုးကျောင်းရာမှ ခေါ်ထုတ်ပြီးလျှင် ထာဝရဘုရားက ‘ငါ့လူမျိုးတော်အစ္စရေးတို့အား သွား၍ပရောဖက်ပြုဟောပြောလော့’ဟု မိန့်ဆို၏။
16
ထို့ကြောင့် ယခု ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ သင်က ‘အစ္စရေးလူမျိုးကို ဆန့်ကျင်၍ ပရောဖက်မပြုနှင့်၊ ဣဇက်အမျိုးအနွယ်ကို ဆန့်ကျင်၍ မဟောပြောနှင့်’ဟု ဆို၏။
17
သို့သော် ထာဝရဘုရားက ‘သင့်မယားသည် မြို့ထဲတွင် ပြည့်တန်ဆာမ ဖြစ်မည်။ သင့်သားသမီးတို့သည် ဓားဖြင့်လဲကျသေဆုံးရလိမ့်မည်။ သင်၏မြေကိုလည်း ကြိုးဖြင့်တိုင်းတာခွဲဝေယူကြလိမ့်မည်။ သင်သည်လည်း မစင်ကြယ်သောပြည်တွင် သေရလိမ့်မည်။ အစ္စရေးလူမျိုးသည်လည်း နေရင်းပြည်မှ သုံ့ပန်းအဖြစ် မုချဖမ်းခေါ်သွားခြင်းခံရလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြန်ပြောလေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9