bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Amos 6
Amos 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 7 →
1
အစ္စရေးအမျိုးအနွယ်တို့ လာရောက်ခစားရသူ၊ လူမျိုးတကာတို့တွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်သော ဇိအုန်မြို့တွင် ဇိမ်ခံနေသူ၊ ရှမာရိတောင်ပေါ်တွင် စိတ်အေးလက်အေးနေထိုင်သူတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။
2
ကာလနေမြို့သို့ သွားလော့။ ထိုမှ ဟာမတ်မြို့ကြီးသို့ သွားပြီး ဖိလိတ္တိပြည်၊ ဂါသမြို့အထိ ဆင်းသွား၍ကြည့်ကြလော့။ ဤပြည်တို့သည် သင်တို့၏ပြည်ထက် သာ၍ကောင်းသလော။ သူတို့၏နယ်မြေသည် သင်တို့၏နယ်မြေထက် သာ၍ကျယ်ပြန့်သလော။
3
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
4
သင်တို့သည် ဆင်စွယ်ခုတင်တွင် အိပ်လျက်၊ ညောင်စောင်းပေါ်တွင် လဲလျောင်းလျက်၊ သိုးအုပ်ထဲမှသိုးသငယ်များနှင့် တင်းကုပ်ထဲမှနွားသငယ်များကို သတ်စားလျက်၊
5
စောင်းပြားတီးပြီး သီချင်းဆိုလျက်၊ ဒါဝိဒ်ကဲ့သို့ သီချင်းရေးစပ်လျက်၊
6
ယောသပ်အမျိုးပျက်စီးသွားသည်ကို ဝမ်းမနည်းဘဲ အကောင်းဆုံးဆီမွှေးကိုလိမ်းကျံပြီး စပျစ်ဝိုင်ကို ဖလားလိုက်သောက်လျက်နေကြ၏။
7
ထို့ကြောင့် ယခု သူတို့သည် ဖမ်းခေါ်သွားခြင်းခံရသူတို့တွင် ထိပ်ဆုံးမှ ဖမ်းခေါ်သွားခြင်းခံရလိမ့်မည်။ သူတို့ပျော်ပါးခဲ့သောပွဲများသည်လည်း အဆုံးသတ်ရလိမ့်မည်။
8
ဘုရားရှင်ထာဝရဘုရားသည် မိမိကိုယ်ကိုတိုင်တည်ကျိန်ဆိုတော်မူပြီ။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားက “ယာကုပ်၏မာနကို ငါရွံရှာ၏။ သူ၏ခံတပ်များကိုလည်း ငါမုန်း၏။ ထို့ကြောင့် မြို့နှင့်တကွ မြို့ထဲရှိသမျှတို့ကို ရန်သူလက်သို့အပ်ပစ်မည်”ဟု မိန့်တော်မူ၏။
9
အိမ်တစ်အိမ်တွင် လူဆယ်ယောက်ကျန်လျှင် အားလုံးသေရမည်။
10
သေဆုံးသူနှင့်ဆွေမျိုးတော်သည့် အလောင်းမီးသင်္ဂြိုဟ်သူက အရိုးတို့ကို အိမ်မှ ထုတ်ယူလာပြီး အိမ်ထဲရှိသူအား “အထဲမှာ လူကျန်သေးသလော”ဟု မေးလျှင် ထိုသူက “မကျန်ပါ”ဟု ဆို၏။ ထို့နောက် သူက “တိတ်တိတ်နေပါ။ ထာဝရဘုရား၏နာမကို ဖွင့်ဟမပြောဆိုရ”ဟု ဆိုလိမ့်မည်။
11
ကြည့်ရှုလော့။ ထာဝရဘုရားအမိန့်တော်ရှိ၏။ အိမ်ကြီးအိမ်ကောင်းများ အပိုင်းပိုင်းပြတ်လိမ့်မည်။ အိမ်ငယ်များလည်း တစ်စစီဖြစ်လိမ့်မည်။
12
မြင်းတို့သည် ကျောက်ဆောင်ပေါ်တွင် ပြေးတတ်သလော။ နွားဖြင့်ယှဉ်၍ ထွန်ယက်တတ်သလော။ သင်တို့သည် တရားမျှတခြင်းကို အဆိပ်ဖြစ်စေပြီ။ ဖြောင့်မတ်ခြင်း၏အသီးကိုလည်း ခါးသီးစေပြီ။
13
“ငါတို့အင်အားဖြင့် ကာနိမ် မြို့ကို ငါတို့သိမ်းယူနိုင်ပြီ”ဟု ဆိုလျက် လောဒေဗာ မြို့တွင် သင်တို့ဝမ်းမြောက်ကြ၏။
14
“အို အစ္စရေးအမျိုးအနွယ်တို့၊ ကြည့်ရှုလော့။ သင်တို့ကို ဆန့်ကျင်မည့်လူမျိုးတစ်မျိုးကို ငါပေါ်ထွန်းစေမည်။ သူတို့သည် သင်တို့ကို လီဘိုဟာမတ်မြို့မှ အရာဗလွင်ပြင်တိုင်အောင် လိုက်လံညှဉ်းဆဲကြလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9