bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Esther 2
Esther 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
1
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အမျက်ပြေ၍ ဝါရှတိကိုသတိရလေ၏။ ဝါရှတိပြုမူခဲ့ပုံနှင့် သူ့အပေါ် အပြစ်ဒဏ်ချခဲ့ပုံတို့ကိုလည်း သတိရလေ၏။
2
ထိုအခါ မင်းခစားအမှုထမ်းတို့က “အရှင်မင်းကြီးအဖို့ ရုပ်ရည်လှပသောအပျိုကညာများကို ရှာပါရစေ။
3
ရုပ်ဆင်းသွင်ပြင်ချောမောသော အပျိုကညာအားလုံးကို ရှုရှန်နန်းတော်ရှိ အပျိုတော်နန်းဆောင်သို့ ပို့စေရန် အရှင်မင်းကြီး၏တိုင်းနိုင်ငံရှိ နယ်မြေဒေသအသီးသီးတွင် ကြီးကြပ်သူများကိုခန့်ထားတော်မူပါ။ ဘုရင့်နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲလက်သို့အပ်၍ အလှပြင်စေပါ။
4
ထို့နောက် အရှင်မင်းကြီး အနှစ်သက်ဆုံး အပျိုကညာတစ်ဦးကို ဝါရှတိအစား မိဖုရားမြှောက်ပါ”ဟု လျှောက်ကြ၏။ ရှင်ဘုရင်သည် ထိုစကားကိုနှစ်သက်သဖြင့် ထိုအတိုင်းပြုလေ၏။
5
ရှုရှန်နန်းတော်တွင် မော်ဒကဲဟုခေါ်သော ဂျူးလူမျိုးတစ်ဦးရှိ၏။ သူသည် ဗင်္ယာမိန်အမျိုး ကိရှ၏မြစ်၊ ရှိမိ၏မြေး၊ ယာဣရ၏သားဖြစ်၏။
6
ကိရှသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးက ယုဒဘုရင်ယေခေါနိမင်းကြီးကို ဂျေရုဆလင်မြို့မှ ဖမ်းခေါ်သွားစဉ်တွင် သုံ့ပန်းအဖြစ် ပါသွားခဲ့သူဖြစ်၏။
7
မော်ဒကဲသည် မိမိဘထွေး၏သမီး ဟဒဿ ခေါ် ဧသတာကို ထိန်းကျောင်းပေးခဲ့ရ၏။ အကြောင်းမှာ ထိုမိန်းကလေးသည် မိဘမရှိ၊ ရုပ်ရည်မှာ ချစ်စရာကောင်း၍ လှပသောအဆင်းရှိ၏။ သူ၏မိဘများ သေဆုံးသွားသဖြင့် မော်ဒကဲသည် သူ့ကိုသမီးသဖွယ် စောင့်ရှောက်ပေးခဲ့ခြင်းဖြစ်၏။
8
ရှင်ဘုရင်ထုတ်ပြန်သည့်အမိန့်ကို ကြေညာသဖြင့် မိန်းမပျိုအမြောက်အမြားတို့ကို ရှုရှန်နန်းတော်ရှိ ဟေဂဲ၏လက်ထဲသို့လာအပ်ကြရာ ဧသတာကိုလည်း ဘုရင့်နန်းတော်သို့ ခေါ်ဆောင်လာ၍ အပျိုတော်အုပ်ဟေဂဲ၏လက်သို့အပ်လေ၏။
9
ဟေဂဲသည် ဧသတာကို သဘောကျနှစ်သက်သဖြင့် မျက်နှာသာပေး၏။ သူ့ကိုအလှပြင်ပေးရန်နှင့် အစားအစာကျွေးမွေးရန် ချက်ချင်းပြင်ဆင်၏။ ရှင်ဘုရင်၏နန်းတော်မှ လက်ရွေးစင် အပျိုတော်ခုနစ်ဦးကို ပေးထား၏။ ထိုအပျိုတော်များနှင့်တကွ သူ့ကို အမျိုးသမီးနန်းဆောင်တွင် အကောင်းဆုံးနေရာ၌ ထား၏။
10
ကိုယ့်လူမျိုး၊ ကိုယ့်ဇာတိအကြောင်း ထုတ်ဖော်မပြရန် မော်ဒကဲသည် ဧသတာအား မှာထားသဖြင့် ဧသတာလည်း ထုတ်ဖော်မပြဘဲနေ၏။
11
ထို့ပြင် မော်ဒကဲသည် ဧသတာ၏အခြေအနေအကျိုးအကြောင်းကိုသိရှိရန် အပျိုတော်နန်းဆောင်ဝင်းရှေ့သို့ နေ့တိုင်း သွားလေ့ရှိ၏။
12
အပျိုတော်တို့အတွက် အလှပြင်သောအချိန်မှာ မုရန်ဆီဖြင့်ခြောက်လ၊ အမွှေးနံ့သာနှင့် အလှပြင်ပစ္စည်းတို့ဖြင့် ခြောက်လဖြစ်၏။ သတ်မှတ်ထားသောအလှပြင်ချိန် တစ်ဆယ့်နှစ်လပြည့်ပြီးမှသာ အပျိုတော်တို့သည် အာရွှေရုမင်းကြီးထံသို့ အလှည့်ကျဝင်ကြရ၏။
13
ရှင်ဘုရင်ထံသို့ဝင်ရသောအခါ အပျိုတော်သည် အလိုရှိသမျှကိုတောင်းယူ၍ အပျိုတော်နန်းဆောင်မှ ဘုရင့်နန်းဆောင်သို့ ယူသွားခွင့်ရှိ၏။
14
နေဝင်ချိန်တွင် ရှင်ဘုရင်ထံဝင်၍ နံနက်ရောက်လျှင် ပြန်ထွက်လာပြီး ရံရွှေတော်ထိန်း ဘုရင့်နန်းတွင်းမိန်းမစိုးရှာရှဂါဇအုပ်ထိန်းသော နောက်မောင်းမဆောင်တစ်ခုတွင် နေရ၏။ ရှင်ဘုရင်နှစ်သက်၍ နာမည်နှင့်မခေါ်မချင်း ရှင်ဘုရင်ထံ ထပ်၍မဝင်ရ။
15
မော်ဒကဲက မိမိသမီးသဖွယ်စောင့်ရှောက်ထားသော မော်ဒကဲ၏ဘထွေးအဘိဟဲလ၏သမီးဧသတာသည် ရှင်ဘုရင်ထံဝင်ရမည့်အလှည့်ရောက်လာ၏။ သူသည် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ နန်းတွင်းမိန်းမစိုး အပျိုတော်အုပ်ဟေဂဲ အကြံပေးသည့်အတိုင်းသာ သွား၏။ ဧသတာကို တွေ့မြင်သမျှသောသူတို့သည် သူ့ကို သဘောကျနှစ်သက်ကြ၏။
16
ဤသို့ဖြင့် အာရွှေရုမင်းကြီးနန်းစံ သတ္တမနှစ်၊ တေဗက်လဟုခေါ်သော ဒသမလတွင် ဧသတာကို ဘုရင့်နန်းဆောင်သို့ ခေါ်သွင်းလေ၏။
17
ရှင်ဘုရင်သည် အခြားအပျိုတော်တို့ထက် ဧသတာကို ချစ်၏။ ထို့ကြောင့် ဧသတာသည် အခြားအပျိုတော်တို့ထက် မျက်နှာသာရ၍ မေတ္တာကရုဏာကို ခံရ၏။ ထို့ပြင် ရှင်ဘုရင်သည် သူ့ခေါင်းပေါ်၌ တော်ဝင်သရဖူကိုဆောင်းပေး၍ ဝါရှတိအစား သူ့ကို မိဖုရားမြှောက်လေ၏။
18
ထို့နောက် ရှင်ဘုရင်သည် မှူးမတ်နှင့်မင်းမှုထမ်း အပေါင်းတို့ပါသော စားသောက်ပွဲကြီးကို ကျင်းပ၏။ ဤပွဲသည် ဧသတာအတွက်ကျင်းပသောပွဲဖြစ်၏။ မိမိပိုင်နက်တစ်ဝန်းလုံးတွင် ထိုနေ့ကို အားလပ်ရက်အဖြစ်သတ်မှတ်၍ တော်ဝင်လက်ဆောင်များကိုလည်း ရက်ရက်ရောရောပေးကမ်းလေ၏။
19
အပျိုကညာများကို ဒုတိယအသုတ်ခေါ်ဆောင်လာချိန်တွင် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေ၏။
20
ဧသတာသည် မော်ဒကဲမှာထားသည့်အတိုင်း မိမိလူမျိုး၊ မိမိဇာတိကို ထုတ်ဖော်မပြဘဲနေ၏။ မိမိကို မော်ဒကဲကျွေးမွေးစောင့်ရှောက်ခဲ့စဉ်အချိန်ကကဲ့သို့ပင် ယခုလည်း မော်ဒကဲ၏စကားကို နားထောင်လျက်ရှိ၏။
21
မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးတွင် ထိုင်လျက်နေသောကာလတွင် ဘုရင့်အမှုထမ်းနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကို အမျက်ထွက်၍ လုပ်ကြံရန် အခွင့်ကောင်းရှာနေကြ၏။
22
ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။
23
ထိုအကြောင်းကိုစုံစမ်းတွေ့ရှိသောအခါ ထိုသူနှစ်ဦးကို သစ်တိုင်၌ချိတ်ဆွဲထား၏။ ထိုအကြောင်းကို ရှင်ဘုရင်ရှေ့မှောက်၌ ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားလေ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10