bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Esther 3
Esther 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
1
ထို့နောက်တွင် အာရွှေရုမင်းကြီးသည် အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်ကို ချီးမြှင့်မြှောက်စားလေ၏။ သူ၌ရှိသောမှူးမတ်အပေါင်းတို့ထက် ရာထူးတိုးမြှင့်ပေး၏။
2
ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းအပေါင်းတို့သည် ဘုရင့်အမိန့်တော်အတိုင်း ဟာမန်ကိုညွတ်တွားခယကြ၏။ သို့သော် မော်ဒကဲသည် ဟာမန်ကိုမညွတ်တွား မခယပေ။
3
ထို့ကြောင့် ဘုရင့်နန်းတော်တံခါးရှိ မင်းမှုထမ်းတို့က မော်ဒကဲအား “သင်သည် ရှင်ဘုရင်၏အမိန့်ကို အဘယ်ကြောင့် မနာခံသနည်း”ဟု မေးကြ၏။
4
မော်ဒကဲက မိမိသည် ဂျူးလူမျိုးဖြစ်ကြောင်းကို ပြောပြထားပြီးဖြစ်၍ ထိုသူတို့ နေ့စဉ်နေ့တိုင်း ပြောဆိုနေသော်လည်း မကြားချင်ယောင်ဆောင်နေ၏။ ထိုအခါ မော်ဒကဲ၏လုပ်ရပ်ကိုသည်းခံမည်၊ မသည်းခံမည်ကို သိလို၍ ထိုသူတို့သည် ဟာမန်အားပြောပြကြ၏။
5
ဟာမန်သည် မိမိအား မော်ဒကဲ မညွတ်တွား မခယကြောင်းကို သိရှိသောအခါ အမျက်ဒေါသပြင်းစွာထွက်လေ၏။
6
မော်ဒကဲ၏လူမျိုးအကြောင်းကို ဟာမန်အား ပြောပြထားကြပြီးဖြစ်၏။ ဟာမန်သည် မော်ဒကဲတစ်ဦးတည်းကိုသာသုတ်သင်ပစ်လျှင် မတန်ဟု မြင်သဖြင့် အာရွှေရုမင်းကြီး၏နိုင်ငံတစ်ဝန်းလုံးရှိ မော်ဒကဲ၏လူမျိုးဖြစ်သည့် ဂျူးလူမျိုးအားလုံးကိုပါ ဖျက်ဆီးပစ်ရန် ကြံစည်လေ၏။
7
ထို့ကြောင့် အာရွှေရုမင်းကြီးနန်းစံတစ်ဆယ့်နှစ်နှစ်၊ နိသန်ဟုခေါ်သောပထမလတွင် ဟာမန်ရှေ့၌ တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ ပုရမဲကိုချရာ အာဒါဟုခေါ်သောတစ်ဆယ့်နှစ်လတွင် မဲကျ၏။
8
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
9
အရှင်မင်းကြီးအလိုတော်ရှိလျှင် သူတို့ကိုဖျက်ဆီးပစ်ရန် အမိန့်စာထုတ်တော်မူပါ။ အကျွန်ုပ်သည်လည်း အရှင်မင်းကြီး၏ဘဏ္ဍာတိုက်ထဲသို့သွင်းရန် ငွေတာလန်တစ်သောင်း ကို ဤအမှုဆောင်ရွက်သူတို့၏လက်သို့ အပ်ပါမည်”ဟု လျှောက်လေ၏။
10
ထိုအခါ ရှင်ဘုရင်သည် မိမိလက်မှတံဆိပ်တုံးလက်စွပ်တော်ကိုချွတ်၍ ဂျူးလူမျိုးတို့၏ရန်သူဖြစ်သော အာဂတ်အမျိုးဟမ္မေဒါသ၏သားဟာမန်အား ပေးလေ၏။
11
ရှင်ဘုရင်က ဟာမန်အား “ဤငွေကို သင့်အားပေးပြီ။ ဤလူမျိုးကိုလည်း သင်အလိုရှိသည့်အတိုင်းပြုနိုင်၏”ဟု မိန့်ဆိုလေ၏။
12
ထိုအခါ ပထမလ၊ တစ်ဆယ့်သုံးရက်နေ့တွင် ဘုရင့်စာရေးတော်ကြီးများကို ဆင့်ခေါ်၍ ဟာမန်ပြောကြားသည့်အတိုင်း အမိန့်စာကိုရေးသားစေပြီး အုပ်ချုပ်ရေးအရာရှိမင်းများ၊ နယ်မြေဒေသအသီးသီးကိုအုပ်ချုပ်သောဘုရင်ခံများနှင့် လူမျိုးအသီးသီးတို့၏အကြီးအကဲများထံသို့ နယ်မြေဒေသအလိုက် သူ့စာပေ၊ သူ့လူမျိုး၏ဘာသာစကားဖြင့် ပေးပို့၏။ ထိုစာကို အာရွှေရုမင်းကြီး၏နာမည်တပ်၍ ရှင်ဘုရင်၏တံဆိပ်တုံးလက်စွပ်တော်ဖြင့် ခတ်နှိပ်လေ၏။
13
ထိုစာကို ခြေမြန်တော်များဖြင့် ရှင်ဘုရင်ပိုင်နယ်မြေဒေသအသီးသီးသို့ ပေးပို့လိုက်၏။ ထိုစာတွင် အာဒါဟုခေါ်သော တစ်ဆယ့်နှစ်လ၊ တစ်ဆယ့်သုံးရက် တစ်နေ့ချင်းတွင် ဂျူးလူမျိုးလူကြီးလူငယ်၊ မိန်းမနှင့်ကလေးပါမကျန် အားလုံးသုတ်သင်သတ်ဖြတ်ပြီး သူတို့၏စည်းစိမ်ဥစ္စာတို့ကိုသိမ်းယူရမည်ဟု ပါရှိ၏။
14
ထိုနေ့ရက်တွင် အဆင်သင့်ဖြစ်စေရန် ထိုစာ၏မိတ္တူကို အမိန့်တော်စာအဖြစ် နယ်မြေဒေသအသီးသီးရှိ လူမျိုးအားလုံးတို့ထံသို့ ထုတ်ပြန်ကြေညာစေ၏။
15
ဘုရင့်အမိန့်တော်အတိုင်း ခြေမြန်တော်တို့သည် အလျင်အမြန်ထွက်သွားကြ၏။ ထိုအမိန့်စာကို ရှုရှန်နန်းတော်တွင် ထုတ်ပြန်ကြေညာ၏။ ထိုစဉ် ရှင်ဘုရင်နှင့်ဟာမန်တို့သည် ထိုင်၍စားသောက်လျက်နေ၏။ ရှုရှန်မြို့ထဲတွင်မူကား ရုတ်ရုတ်သဲသဲဖြစ်နေ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10