bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Esther 6
Esther 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
1
ထိုညတွင် ရှင်ဘုရင်သည် အိပ်မပျော်သဖြင့် ရာဇဝင်မှတ်တမ်းစာလိပ်ကို ယူလာရန် အမိန့်ပေး၏။ သူတို့သည်လည်းယူလာ၍ ဘုရင့်ရှေ့မှောက်၌ ဖတ်ပြကြ၏။
2
ထိုမှတ်တမ်းထဲတွင် ဘုရင့်မိန်းမစိုးနှစ်ဦးဖြစ်သော တံခါးစောင့်ဗိဂသန်နှင့်တေရက်တို့သည် အာရွှေရုမင်းကြီးကိုလုပ်ကြံရန် အခွင့်ကောင်းရှာသည့်အကြောင်းကို မော်ဒကဲထုတ်ဖော်ပြောကြားခဲ့ကြောင်း ရေးမှတ်ထားသည်ကိုတွေ့ရှိရ၏။
3
ထို့ကြောင့် ရှင်ဘုရင်က “မော်ဒကဲ ဤသို့ပြုပေးသည်ကို သူ့အား မည်သည့်ဘွဲ့ထူးဖြင့် ဂုဏ်ပြုခဲ့သနည်း”ဟု မေးရာ မိမိထံပါး၌ခစားသောမင်းလုလင်တို့က “သူ့ကို မည်သည့်အရာမျှ မပြုပေးခဲ့ပါ”ဟု ပြန်လျှောက်ကြ၏။
4
ထိုအခါ ရှင်ဘုရင်က “နန်းတော်ဝင်းထဲတွင် မည်သူရှိသနည်း”ဟု မေး၏။ ထိုအချိန်တွင် ဟာမန်သည် သူလုပ်ထားသောသစ်တိုင်တွင် မော်ဒကဲကိုချိတ်ဆွဲမည့်အကြောင်း ရှင်ဘုရင်ထံခွင့်ပန်ရန် ဘုရင့်နန်းတော်ဝင်းအပြင်ဘက်တွင် ရောက်နေ၏။
5
မင်းလုလင်တို့က “ကြည့်ရှုတော်မူပါ။ နန်းတော်ဝင်းထဲတွင် ဟာမန်ရပ်လျက်နေပါ၏”ဟု လျှောက်လျှင် ရှင်ဘုရင်က “အထဲသို့ဝင်စေ”ဟု မိန့်ဆို၏။
6
ဟာမန်ဝင်လာလျှင် ရှင်ဘုရင်က “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို မည်သို့ဂုဏ်ပြုသင့်သနည်း”ဟု မေး၏။ ဟာမန်ကလည်း “ငါမှတစ်ပါး ရှင်ဘုရင်ဂုဏ်ပြုလိုသောသူရှိမည်မဟုတ်”ဟု အတွေးဝင်၍
7
ဟာမန်က ရှင်ဘုရင်အား “အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအတွက်
8
အရှင်မင်းကြီးဆင်မြန်းသောမင်းဝတ်တန်ဆာ၊ ခေါင်းပေါ်တွင် တော်ဝင်သရဖူဆင်မြန်းပေးထားသောအရှင်မင်းကြီး၏စီးတော်မြင်းကိုယူလာစေ၍
9
ထိုမင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ဘုရင့်မှူးကြီးမတ်ရာတစ်ပါးပါးလက်သို့ပေးအပ်ပြီး အရှင်မင်းကြီးဂုဏ်ပြုလိုသောသူအား ဆင်ယင်ပေးစေပါ။ ထို့နောက် စီးတော်မြင်းကိုစီးစေ၍ မြို့လမ်းမတစ်လျှောက်လှည့်လည်စေပြီးလျှင် ‘ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုပေးရသည်’ဟူ၍ ရှေ့မှ ကြွေးကြော်သွားစေရမည်”ဟု လျှောက်လေ၏။
10
ထိုအခါ ရှင်ဘုရင်က ဟာမန်အား “သင်ဆိုသည့်အတိုင်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကို ယခုချက်ချင်းသွားယူ၍ ဘုရင့်နန်းတော်တံခါး၌ထိုင်နေသောဂျူးလူမျိုးမော်ဒကဲအား ပြုလော့။ သင်ပြောခဲ့သမျှ တစ်ခုမျှ မကျန်စေနှင့်”ဟု မိန့်ဆို၏။
11
ဟာမန်သည်လည်း မင်းဝတ်တန်ဆာနှင့်စီးတော်မြင်းကိုယူ၍ မော်ဒကဲအား မင်းဝတ်တန်ဆာကိုဝတ်ဆင်စေပြီး စီးတော်မြင်းကိုစီးစေလျက် မြို့လမ်းမတစ်လျှောက် “ရှင်ဘုရင်ဂုဏ်ပြုလိုသောသူကို ဤသို့ဂုဏ်ပြုရသည်”ဟု ရှေ့မှ ကြွေးကြော်သွားလေ၏။
12
ထို့နောက် မော်ဒကဲသည် ဘုရင့်နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား စိတ်မသာမယာဖြင့် ခေါင်းကိုအုပ်လျက် မိမိအိမ်သို့အလျင်အမြန်ပြန်သွားလေ၏။
13
ထို့နောက် ဟာမန်သည် မိမိဇနီးဇေရက်နှင့် မိမိမိတ်ဆွေအပေါင်းတို့အား ဖြစ်ပျက်ခဲ့သမျှတို့ကို ပြောပြရာ သူ့ဇနီးဇေရက်နှင့် သူ့ကို အကြံပေးသူတို့က “ယခု သင်သည် မော်ဒကဲကို စတင်ပြီးရှုံးနိမ့်လေပြီ။ သူသည် ဂျူးလူမျိုးမှန်လျှင် သူ့ကို သင်အနိုင်ရလိမ့်မည်မဟုတ်။ သူ့ကို သင်မုချရှုံးလိမ့်မည်”ဟု ပြန်ပြောကြ၏။
14
ထိုသို့ ပြောဆိုနေကြစဉ်တွင်ပင် မိန်းမစိုးတို့ရောက်လာ၍ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်ကို အလျင်အမြန်ခေါ်သွားကြ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10