bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Esther 7
Esther 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ဤသို့ဖြင့် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရားဧသတာ၏စားသောက်ပွဲသို့ ရောက်လာကြ၏။
2
ဒုတိယနေ့ စပျစ်ဝိုင်သောက်ချိန်တွင်လည်း ရှင်ဘုရင်က မိဖုရားဧသတာအား “မိဖုရားဧသတာ၊ သင်ဘာအလိုရှိသနည်း။ သင့်ကို ငါပေးမည်။ သင်ဘာတောင်းဆိုလိုသနည်း။ သင်တောင်းသမျှ နိုင်ငံတော်တစ်ဝက်အထိ သင့်ကို ငါပေးမည်”ဟု မိန့်ဆို၏။
3
မိဖုရားဧသတာကလည်း “အို အရှင်မင်းကြီး၊ ကျွန်တော်မျိုးမကို မျက်နှာသာပေးမည်ဆိုလျှင်၊ အရှင်မင်းကြီး စေတနာစိတ်ရှိမည်ဆိုလျှင် ကျွန်တော်မျိုးမ၏အသက်ကို ချမ်းသာပေးစေလိုပါ၏။ ကျွန်တော်မျိုးမ၏လူမျိုးတို့ အသက်ကိုလည်း ချမ်းသာပေးမည့်အကြောင်း တောင်းဆိုလိုပါ၏။
4
ကျွန်တော်မျိုးမနှင့်ကျွန်တော်မျိုးမ၏လူမျိုးတို့သည် လွတ်လမ်းမရှိ သုတ်သင်ပယ်ရှင်းခံရရန် ရောင်းစားခံလိုက်ရပါပြီ။ ကျွန်ယောက်ျား၊ ကျွန်မိန်းမအဖြစ် ရောင်းစားခံရလျှင် ဘာမျှမပြောဘဲနေပါမည်။ ဤဒုက္ခမျှလောက်နှင့်သာဆိုလျှင် အရှင်မင်းကြီးကိုအနှောင့်အယှက်မပေးဘဲ နေပါမည်”ဟု လျှောက်တင်လေ၏။
5
ထိုအခါ အာရွှေရုမင်းကြီးက မိဖုရားဧသတာအား “ထိုသို့ပြုရန် စိတ်ရဲတင်းသူကား အဘယ်သူနည်း။ အဘယ်မှာ နေသနည်း”ဟု မေးလျှင်
6
ဧသတာကလည်း “ကျွန်တော်မျိုးမကို ရန်ပြုသောရန်သူကား ဤလူယုတ်မာဟာမန်ဖြစ်ပါသည်”ဟု ဆိုလျှင် ဟာမန်သည် ရှင်ဘုရင်နှင့် မိဖုရားရှေ့တွင် ကြောက်လန့်တုန်လှုပ်လေ၏။
7
ရှင်ဘုရင်သည် ဒေါသတကြီးနှင့် စပျစ်ဝိုင်သောက်ရာမှထ၍ နန်းတော်ဥယျာဉ်ဘက်သို့ ထွက်သွားလေ၏။ ဟာမန်မူကား ရှင်ဘုရင်သည် မိမိအား ကျိန်းသေအပြစ်ဒဏ်ပေးတော့မည်ကို သိသဖြင့် မိမိကိုအသက်ချမ်းသာပေးမည့်အကြောင်း မိဖုရားဧသတာရှေ့တွင်ရပ်လျက် တောင်းပန်လေ၏။
8
ရှင်ဘုရင်သည် နန်းတော်ဥယျာဉ်မှ စပျစ်ဝိုင်သောက်ရာနေရာသို့ ပြန်ဝင်လာ၍ ဧသတာလျောင်းရာညောင်စောင်းတွင် ဟာမန်ပျပ်ဝပ်နေသည်ကို မြင်လျှင် ရှင်ဘုရင်က “ငါ့မျက်စိရှေ့ နန်းတွင်းမှာပင် မိဖုရားကို ကိုယ်ထိလက်ရောက်စော်ကားမည်လော”ဟု ရှင်ဘုရင်နှုတ်မှ ဆိုလိုက်သည်နှင့် မင်းမှုထမ်းတို့သည် ဟာမန်၏မျက်နှာကို ဖုံးအုပ်လိုက်ကြ၏။
9
ထိုအခါ မိန်းမစိုးတစ်ဦးဖြစ်သော ဟာဗောနက ရှင်ဘုရင်အား “အရှင်မင်းကြီးကောင်းကျိုးအတွက် လျှောက်တင်ခဲ့သောမော်ဒကဲကို ချိတ်ဆွဲရန် ဟာမန်ပြုလုပ်ထားသည့် အတောင်ငါးဆယ် မြင့်သောသစ်တိုင်သည် ဟာမန်အိမ်၌စိုက်ထူထားပါသည်”ဟု လျှောက်တင်လျှင် ရှင်ဘုရင်က “ထိုသစ်တိုင်ပေါ်တွင် သူ့ကိုချိတ်ဆွဲထားစေ”ဟု အမိန့်ပေးလေ၏။
10
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10