bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hebrews 1
Hebrews 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
1
ရှေးကာလတွင် ဘုရားသခင်သည် ပရောဖက်များအားဖြင့် ဘိုးဘေးတို့အား ကာလအပိုင်းအခြားအမျိုးမျိုးတို့၌ နည်းမျိုးစုံဖြင့် စကားပြောတော်မူ၏။
2
ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။
3
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ရောင်ခြည်နှင့် ဇာတိအဖြစ်တော်တို့ကို ထင်ဟပ်သောပုံသဏ္ဌာန်ဖြစ်တော်မူပြီး မိမိ၏တန်ခိုးနှင့်ပြည့်စုံသော နှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကိုတည်စေ၍ အပြစ်များအတွက် စင်ကြယ်ခြင်းဝတ်ကိုပြုပြီးလျှင် အထက်ကောင်းကင်၌ ဘုန်းတန်ခိုးရှင်၏လက်ယာဘက်တွင် ထိုင်တော်မူ၏။
4
သားတော်သည် ကောင်းကင်တမန်တို့၏ဘွဲ့နာမထက် ထူးမြတ်သောဘွဲ့နာမကို ဆက်ခံရရှိသည်နှင့်အမျှ သူတို့ထက် ကြီးမြတ်သောအရှင်ဖြစ်တော်မူ၏။
5
အကြောင်းမူကား ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင်သည် ငါ၏သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖွားမြင်စေပြီ” ဟူ၍လည်းကောင်း၊ “ငါသည် သူ၏အဖဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်ရလိမ့်မည်”ဟူ၍လည်းကောင်း မိန့်တော်မူခဲ့ဖူးသနည်း။
6
တစ်ဖန် သားဦးကို ဤကမ္ဘာလောကထဲသို့ ခေါ်ဆောင်လာသောအခါ “ဘုရားသခင်၏ကောင်းကင်တမန်အပေါင်းတို့သည် ထိုအရှင်ကို ရှိခိုးရမည်” ဟု မိန့်တော်မူပြီး
7
ကောင်းကင်တမန်များနှင့်ပတ်သက်၍ “ကိုယ်တော်သည် မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သူတို့အား မီးလျှံကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏” ဟု မိန့်တော်မူ၏။
8
သို့သော် သားတော်နှင့်ပတ်သက်၍မူကား “အို ဘုရားသခင်၊ ကိုယ်တော်၏ပလ္လင်သည် ကမ္ဘာအဆက်ဆက်တည်၍ ဖြောင့်မှန်သောအုပ်ချုပ်မှုသည် ကိုယ်တော့်နိုင်ငံတော်၏အုပ်ချုပ်မှုဖြစ်ပါ၏။
9
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်တော်မူ၍ တရားမဲ့ခြင်းကိုမုန်းတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏ဘုရားသခင်တည်းဟူသော ဘုရားသခင်သည် ကိုယ်တော်၏အပေါင်းအဖော်များထက် ကိုယ်တော်ကို ရွှင်မြူးခြင်းဆီနှင့် ဘိသိက်ပေးတော်မူ၏။”
10
တစ်ဖန် “အို ထာဝရဘုရား၊ ကိုယ်တော်သည် အစအဦး၌ မြေကြီးကိုတည်တော်မူ၍ ကောင်းကင်တို့သည်လည်း ကိုယ်တော်၏လက်ရာတော်ဖြစ်ပါ၏။
11
ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။
12
ကိုယ်တော်သည် ထိုအရာတို့ကို ခြုံထည်ကဲ့သို့လိပ်တော်မူသဖြင့် ၎င်းတို့သည် ဝတ်ရုံကဲ့သို့ပြောင်းလဲကြလိမ့်မည်။ ကိုယ်တော်မူကား ပြောင်းလဲတော်မမူပါ။ ကိုယ်တော်၏သက်တမ်းသည်လည်း ကုန်ဆုံးမည်မဟုတ်ပါ” ဟု မိန့်တော်မူ၏။
13
ထို့ပြင် ဘုရားသခင်သည် မည်သည့်ကောင်းကင်တမန်အား “သင့်ရန်သူတို့ကို သင်၏ခြေတင်ခုံအဖြစ် ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့” ဟု မိန့်တော်မူခဲ့ဖူးသနည်း။
14
ကောင်းကင်တမန်အားလုံးတို့သည် ကယ်တင်ခြင်းကိုအမွေဆက်ခံမည့်သူများ၏အမှုကိုဆောင်ရွက်ရန် စေလွှတ်ခြင်းခံရသည့် အစေခံဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13