bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hebrews 10
Hebrews 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
ပညတ်တရားသည် နောင်လာမည့်ကောင်းသောအရာများ၏အရိပ်မျှသာဖြစ်ပြီး ၎င်းတို့၏ပုံသဏ္ဌာန်အစစ်အမှန်မဟုတ်သောကြောင့် နှစ်စဉ် အမြဲမပြတ်ပူဇော်နေသည့် တူညီသောယဇ်များအားဖြင့် အထံတော်သို့ချဉ်းကပ်သောသူတို့ကို မစုံလင်စေနိုင်ပေ။
2
အကယ်၍ စုံလင်စေနိုင်ခဲ့လျှင် ဝတ်ပြုသောသူတို့သည် တစ်ခါတည်းနှင့် စင်ကြယ်ခြင်းသို့ရောက်လျက် အပြစ်ရှိသည်ဟူသောအသိစိတ်မရှိတော့သဖြင့် ယဇ်ပူဇော်ခြင်းကိုရပ်တန့်ကြလိမ့်မည်မဟုတ်လော။
3
သို့သော် ထိုသို့ယဇ်ပူဇော်ခြင်းအားဖြင့် အပြစ်များကိုနှစ်စဉ် ပြန်လည်အောက်မေ့ကြ၏။
4
အကြောင်းမူကား နွားလားနှင့်ဆိတ်တို့၏သွေးသည် အပြစ်များကိုမဖယ်ရှားနိုင်ပေ။
5
ထို့ကြောင့် ခရစ်တော်သည် ဤလောကသို့ကြွလာသောအခါ “ကိုယ်တော်သည် ယဇ်ကောင်နှင့်ပူဇော်သက္ကာတို့ကိုအလိုမရှိဘဲ အကျွန်ုပ်အတွက် ကိုယ်ခန္ဓာကိုပြင်ဆင်ထားတော်မူ၏။
6
ကိုယ်တော်သည် မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်တို့ကို နှစ်သက်တော်မမူ။
7
ထိုအခါ အကျွန်ုပ်က ‘ကျမ်းစာအုပ်၌ အကျွန်ုပ်ကိုရည်ညွှန်း၍ရေးထားသည့်အတိုင်း ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏ဘုရား’ဟု လျှောက်လေ၏”ဟူ၍ မိန့်တော်မူ၏။
8
ပထမအနေဖြင့် “ကိုယ်တော်သည် ပညတ်တရားအရပူဇော်သောအရာများတည်းဟူသော ယဇ်ကောင်နှင့်ပူဇော်သက္ကာများ၊ မီးရှို့ရာယဇ်နှင့်အပြစ်ဖြေရာယဇ်များကို အလိုမရှိ။ နှစ်သက်တော်မူခြင်းလည်းမရှိ”ဟု ဆို၏။
9
ထို့နောက် “ကိုယ်တော်၏အလိုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်လာပါ၏”ဟု ဆို၏။ ဤသို့ဖြင့် ကိုယ်တော်သည် ဒုတိယပူဇော်ခြင်းကိုတည်စေရန် ပထမပူဇော်ခြင်းကို ပယ်ဖျက်တော်မူ၏။
10
ထိုအလိုတော်နှင့်အညီ ယေရှုခရစ်တော်၏ကိုယ်ခန္ဓာကို တစ်ကြိမ်တည်းနှင့်အပြီး ပူဇော်ခြင်းအားဖြင့် ငါတို့သည် သန့်ရှင်းစေခြင်းခံရကြ၏။
11
ယဇ်ပုရောဟိတ်အားလုံးသည် နေ့စဉ်ရပ်လျက် ဝတ်ပြုကာ အပြစ်များကိုမဖယ်ရှားနိုင်သည့် တူညီသောယဇ်ကို အကြိမ်ကြိမ်ပူဇော်နေကြ၏။
12
သို့သော် ခရစ်တော်သည် တစ်ခုတည်းသောယဇ်ကို အပြစ်များအတွက် ထာဝစဉ်ပူဇော်ပြီးလျှင် ထိုအချိန်မှစ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ထိုင်လျက်
13
မိမိ၏ရန်သူတို့သည် မိမိခြေတင်ခုံအဖြစ်ချထားခြင်းခံရသည့်တိုင်အောင် စောင့်ဆိုင်းနေတော်မူ၏။
14
အကြောင်းမူကား ကိုယ်တော်သည် တစ်ခုတည်းသောပူဇော်သက္ကာအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူတို့အား ထာဝစဉ်စုံလင်စေတော်မူ၏။
15
သန့်ရှင်းသောဝိညာဉ်တော်သည်လည်း ငါတို့အားသက်သေခံ၍
16
“ထာဝရဘုရားက ‘ထိုနေ့ရက်များနောက်တွင် သူတို့နှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏စိတ်နှလုံးထဲတွင် ထည့်သွင်း၍ သူတို့၏အသိဉာဏ်ပေါ်မှာ ရေးထားမည်’ဟု မိန့်တော်မူ၏”ဟူ၍ မြွက်ဆိုပြီးနောက်
17
တစ်ဖန် “ငါသည် သူတို့၏အပြစ်များနှင့်တရားမဲ့ခြင်းများကို လုံးဝသတိရတော့မည်မဟုတ်”ဟု မြွက်ဆိုတော်မူ၏။
18
ထိုသို့ အပြစ်ခွင့်လွှတ်ခြင်းကျေးဇူးရှိသည့်နေရာတွင် အပြစ်အတွက်ပူဇော်သက္ကာမလိုအပ်တော့ပေ။
19
ထို့ကြောင့် ညီအစ်ကိုတို့၊ ငါတို့သည် ယေရှု၏သွေးတော်အားဖြင့် အလွန်သန့်ရှင်းရာဌာနထဲသို့ ယုံကြည်စိတ်ချစွာဖြင့်ဝင်ခွင့်ရှိ၏။
20
ထိုသွေးတော်အားဖြင့် ကိုယ်တော်သည် မိမိကိုယ်ကာယတည်းဟူသော ကန့်လန့်ကာမှတစ်ဆင့် ငါတို့အတွက် အသက်ရှင်သည့်လမ်းသစ်ကို ပြင်ဆင်ပေးတော်မူ၏။
21
ထိုမျှမက ငါတို့၌ ဘုရားသခင်၏အိမ်တော်ကိုအုပ်စိုးသည့် ကြီးမြတ်သောယဇ်ပုရောဟိတ်ရှိသည်ဖြစ်၍
22
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
23
ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။
24
ထို့ပြင် မေတ္တာထားရန်နှင့် ကောင်းသောအမှုကိုပြုရန် အချင်းချင်းမည်ကဲ့သို့တိုက်တွန်းနှိုးဆော်ရမည်ကို ဆင်ခြင်ကြကုန်စို့။
25
အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။
26
အကြောင်းမူကား ငါတို့သည် သမ္မာတရားနှင့်ဆိုင်သည့် စစ်မှန်သောအသိပညာကိုရရှိပြီးမှ တမင်တကာ ဆက်၍အပြစ်ပြုကြလျှင် အပြစ်ဖြေရာယဇ်ဟူ၍ မရှိတော့ဘဲ
27
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။
28
မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။
29
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကိုနင်းချေ၍ မိမိအားသန့်ရှင်းစေသောပဋိညာဉ်ဆိုင်ရာသွေးတော်ကို မစင်ကြယ်သည့်အရာဟု မှတ်ယူလျက် ကျေးဇူးတော်နှင့်ဆိုင်သောဝိညာဉ်တော်ကို မထီမဲ့မြင်ပြုသောသူသည် မည်မျှလောက် ပို၍ကြီးလေးသောအပြစ်ဒဏ်ကို ခံထိုက်သည်ဟု သင်တို့ထင်ကြသနည်း။
30
အကြောင်းမူကား “လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ ငါကိုယ်တိုင်တုံ့ပြန်မည်” ဟူ၍လည်းကောင်း၊ “ထာဝရဘုရားသည် မိမိလူမျိုးတို့ကို တရားစီရင်တော်မူမည်”ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင်ကို ငါတို့သိကြ၏။
31
အသက်ရှင်တော်မူသောဘုရားသခင်၏လက်တော်သို့ကျရောက်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း၏။
32
သင်တို့သည် အလင်းသို့ရောက်ပြီးသည့်နောက် ဒုက္ခဝေဒနာကိုခံစားလျက် ပြင်းထန်သောတိုက်ခိုက်မှုကိုသည်းခံခဲ့သည့် ယခင်နေ့ရက်များကို သတိရကြလော့။
33
တစ်ခါတစ်ရံ သင်တို့သည် လူတို့ရှေ့၌ ကဲ့ရဲ့ပြစ်တင်ခြင်းနှင့်နှိပ်စက်ခြင်းတို့ကိုခံရကြ၍ တစ်ခါတစ်ရံ ထိုသို့ပြုကျင့်ခံရသောသူတို့၏အပေါင်းအဖော်များဖြစ်ကြ၏။
34
သင်တို့သည် အကျဉ်းသားတို့အပေါ် စာနာစိတ်ရှိကြသည်သာမက သာ၍မြတ်ပြီး တည်မြဲသောအရာကို မိမိတို့ပိုင်ဆိုင်ကြောင်းသိလျက် သင်တို့ဥစ္စာပစ္စည်းများ မတရားလုယူခြင်းခံရသော်လည်း ဝမ်းမြောက်စွာသည်းခံခဲ့ကြ၏။
35
ထို့ကြောင့် ကြီးမြတ်သောအကျိုးကျေးဇူးရှိသည့် သင်တို့၏ယုံကြည်စိတ်ချမှုကို မစွန့်လွှတ်ကြနှင့်။
36
ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ကတိတော်ကိုခံစားရရှိနိုင်ရန် သင်တို့၌လိုအပ်သောအရာမှာ သည်းခံခြင်းဖြစ်၏။
37
အကြောင်းမူကား “ကြွလာတော်မူမည့်အရှင်သည် ကြန့်ကြာခြင်းမရှိဘဲ မကြာမီကြွလာတော်မူလိမ့်မည်။
38
ငါ၏ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်မည်။ သူသည် တွန့်ဆုတ်လျှင် ငါ၏စိတ်ဝိညာဉ်သည် သူ့ကိုနှစ်သက်မည်မဟုတ်” ဟူ၍ ဖော်ပြထား၏။
39
သို့သော် ငါတို့သည် တွန့်ဆုတ်လျက် ပျက်စီးခြင်းသို့ရောက်သောသူများမဟုတ်ဘဲ ယုံကြည်လျက် အသက်ကိုပိုင်ဆိုင်သောသူများဖြစ်ကြ၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Hebrews Commentaries
→
Devotional
Hebrews Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→