bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hebrews 7
Hebrews 7
Burmese MSBU
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
ဤမေလခိဇေဒက်ကား ဆလင်ဘုရင်ဖြစ်ပြီး အမြင့်ဆုံးသောဘုရားသခင်၏ယဇ်ပုရောဟိတ်ဖြစ်၏။ သူသည် ဘုရင်များကိုချေမှုန်းရာမှပြန်လာသော အာဗြဟံကို ကြိုဆိုလျက် ကောင်းချီးပေးလေ၏။
2
အာဗြဟံသည်လည်း လက်ရပစ္စည်းရှိသမျှ၏ဆယ်ဖို့တစ်ဖို့ကို သူ့အားခွဲဝေပေးလှူ၏။ မေလခိဇေဒက်အမည်၏အဓိပ္ပာယ်မှာ ပထမအနေဖြင့် ဖြောင့်မတ်ခြင်း၏ဘုရင်ဟူ၍ဖြစ်ပြီး ထို့နောက် ငြိမ်သက်ခြင်း၏ဘုရင်တည်းဟူသော ဆလင်ဘုရင်ဟူ၍လည်းဖြစ်၏။
3
သူ၌ ဖခင်မရှိ၊ မိခင်မရှိ၊ မျိုးရိုးစဉ်ဆက်မရှိ၊ အသက်တာ၏အစလည်းမရှိ၊ အဆုံးလည်းမရှိ။ သူသည် ဘုရားသခင်၏သားတော်ကဲ့သို့ဖြစ်လျက် ယဇ်ပုရောဟိတ်အဖြစ် ထာဝစဉ်တည်နေ၏။
4
မျိုးနွယ်စုဖခင်ဖြစ်သောအာဗြဟံပင် လက်ရပစ္စည်းများ၏ဆယ်ဖို့တစ်ဖို့ကို ပေးလှူခဲ့သောဤသူသည် မည်မျှလောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။
5
လေဝိအမျိုးသားတို့ထဲမှ ယဇ်ပုရောဟိတ်ဖြစ်လာသောသူတို့သည် ပညတ်တရားအရ လူတို့ထံမှ ဆယ်ဖို့တစ်ဖို့ကောက်ခံရမည်ဟူသောပညတ်ချက်ကို ရရှိထားကြ၏။ ထိုလူတို့မှာ အာဗြဟံမှဆင်းသက်လာသည့် မိမိတို့ညီအစ်ကိုများပင်ဖြစ်ကြ၏။
6
သို့သော် လေဝိ၏မျိုးဆက်စာရင်းမဝင်သောသူသည် အာဗြဟံထံမှ ဆယ်ဖို့တစ်ဖို့ကိုခံယူပြီး ကတိတော်ကိုရရှိထားသောသူအား ကောင်းချီးပေးခဲ့၏။
7
ကြီးသောသူသည် ငယ်သောသူအား ကောင်းချီးပေးတတ်သည်ကို ငြင်းဆိုဖွယ်မရှိ။
8
ဤနေရာ၌ သေဆုံးတတ်သောလူတို့သည် ဆယ်ဖို့တစ်ဖို့ကိုခံယူကြ၏။ အခြားသောနေရာ၌ကား ထိုသူသည် အသက်ရှင်နေသည်ဟု သက်သေခံထား၏။
9
ထို့ပြင် ဆယ်ဖို့တစ်ဖို့ကိုခံယူသောလေဝိသည်လည်း အာဗြဟံမှတစ်ဆင့် ဆယ်ဖို့တစ်ဖို့ကိုပေးလှူသည်ဟု ဆိုနိုင်၏။
10
အကြောင်းမူကား မေလခိဇေဒက်သည် အာဗြဟံကိုကြိုဆိုသောအခါ လေဝိသည် မိမိအဖ၏ကိုယ်ထဲ၌ရှိနေသေး၏။
11
လူတို့သည် လေဝိအနွယ်နှင့်ဆိုင်သည့် ယဇ်ပုရောဟိတ်အရိုက်အရာအပေါ်တွင် အခြေခံပြီး ပညတ်တရားကိုရရှိကြသည်ဖြစ်၍ ၎င်းအားဖြင့် စုံလင်ခြင်းသို့ရောက်ခဲ့လျှင် အာရုန်နှင့်အလားတူမဟုတ်ဘဲ မေလခိဇေဒက်နှင့်အလားတူသည့် အခြားသောယဇ်ပုရောဟိတ်ပေါ်ထွန်းရန် အဘယ်ကြောင့်လိုအပ်သေးသနည်း။
12
ယဇ်ပုရောဟိတ်အရိုက်အရာ၌ ပြောင်းလဲခြင်းရှိလျှင် ပညတ်တရား၌လည်း ပြောင်းလဲခြင်းရှိရန်လိုအပ်၏။
13
အကြောင်းမူကား အထက်ပါအကြောင်းအရာများက ရည်ညွှန်းထားသောအရှင်သည် ယဇ်ပလ္လင်အမှုကိုမဆောင်ရွက်ဖူးသောအခြားမျိုးနွယ်စုနှင့်စပ်ဆိုင်၏။
14
ငါတို့၏သခင်သည် ယုဒအနွယ်မှပေါ်ထွန်းတော်မူကြောင်း သိသာထင်ရှား၏။ မောရှေသည် ထိုအနွယ်နှင့်ပတ်သက်၍ ယဇ်ပုရောဟိတ်နှင့်စပ်ဆိုင်သည့်အရာတစ်စုံတစ်ခုကိုမျှ မပြောဆိုခဲ့ပေ။
15
ထို့ပြင် မေလခိဇေဒက်နှင့်တူသော အခြားယဇ်ပုရောဟိတ်တစ်ပါးပေါ်ထွန်းသည်ဆိုလျှင် ဤအကြောင်းအရာသည် ပို၍သိသာထင်ရှား၏။
16
ထိုအရှင်သည် သွေးသားဇာတိနှင့်ဆိုင်သောညွှန်ကြားချက်ဖြစ်သည့် ပညတ်တရားအားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောအသက်နှင့်ဆိုင်သည့်တန်ခိုးတော်အားဖြင့် ထာဝရယဇ်ပုရောဟိတ်ဖြစ်လာ၏။
17
အကြောင်းမူကား “သင်သည် မေလခိဇေဒက်နှင့်အလားတူသော ထာဝရယဇ်ပုရောဟိတ်ဖြစ်၏”ဟု သက်သေခံထား၏။
18
ယခင်ပညတ်ချက်သည် အားနည်း၍ အကျိုးမပေးနိုင်သောကြောင့် ပယ်ဖျက်ခြင်းခံရ၏။
19
အဘယ်ကြောင့်ဆိုသော် ပညတ်တရားသည် မည်သည့်အရာကိုမျှ မစုံလင်စေခဲ့ချေ။ သို့သော် ယခုအခါ သာ၍မြတ်သောမျှော်လင့်ခြင်းရောက်ရှိလာသဖြင့် ငါတို့သည် ထိုမျှော်လင့်ခြင်းအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြ၏။
20
ထိုမျှမက ဤအမှုအရာသည် ကတိသစ္စာပြုခြင်းမပါဘဲဖြစ်လာသည်မဟုတ်။ အကြောင်းမူကား အခြားသောယဇ်ပုရောဟိတ်တို့သည် ကတိသစ္စာပြုခြင်းမပါဘဲ ယဇ်ပုရောဟိတ်များဖြစ်လာကြ၏။
21
ကိုယ်တော်မူကား “ ‘သင်သည် ထာဝရယဇ်ပုရောဟိတ်ဖြစ်၏’ဟု ထာဝရဘုရားတိုင်တည်၍မိန့်တော်မူသည်ဖြစ်သောကြောင့် စိတ်တော်ပြောင်းလဲမည်မဟုတ်” ဟူ၍ ကတိသစ္စာပြုလျက် ကိုယ်တော်အားမိန့်တော်မူသောအရှင်အားဖြင့် ယဇ်ပုရောဟိတ်ဖြစ်လာ၏။
22
ဤသို့ဖြင့် ယေရှုသည် သာ၍မြတ်သောပဋိညာဉ်၏အာမခံဖြစ်တော်မူ၏။
23
အခြားသောယဇ်ပုရောဟိတ်တို့သည် သေခြင်းတရားကြောင့် တာဝန်ကိုဆက်လက်၍မထမ်းဆောင်နိုင်ကြသဖြင့် များစွာသောသူတို့သည် ယဇ်ပုရောဟိတ်ဖြစ်လာကြ၏။
24
ကိုယ်တော်မူကား ကာလအစဉ်အဆက်တည်တော်မူသည်ဖြစ်၍ မပြောင်းလဲသောယဇ်ပုရောဟိတ်အရိုက်အရာကို ရရှိတော်မူ၏။
25
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
26
ထိုသို့သန့်ရှင်း၍ အပြစ်နှင့်ညစ်ညူးခြင်းတို့ကင်းစင်လျက် အပြစ်သားတို့နှင့်ခွဲခြားထားခြင်းခံရကာ ကောင်းကင်တို့ထက် မြင့်မားစွာချီးမြှောက်ခြင်းခံရသော ယဇ်ပုရောဟိတ်မင်းသည် ငါတို့အတွက်သင့်လျော်ပေ၏။
27
အခြားသောယဇ်ပုရောဟိတ်မင်းတို့သည် ဦးစွာ မိမိတို့အပြစ်များအတွက်၊ ထို့နောက် လူတို့၏အပြစ်များအတွက် နေ့စဉ် ယဇ်ပူဇော်သကဲ့သို့ ကိုယ်တော်သည် ယဇ်ပူဇော်ရန်မလိုအပ်ပေ။ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကိုတစ်ကြိမ်တည်းနှင့်အပြီးပူဇော်ခြင်းဖြင့် ဤအမှုကိုပြုတော်မူ၏။
28
ပညတ်တရားသည် အားနည်းသောလူသားတို့ကို ယဇ်ပုရောဟိတ်မင်းအရာ၌ခန့်ထား၏။ သို့သော် ပညတ်တရားနောက်၌လာသော ကတိသစ္စာစကားသည် ကာလအစဉ်အဆက်ပြည့်စုံတော်မူသောသားတော်ကို ခန့်ထား၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13