bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hebrews 4
Hebrews 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
1
ထို့ကြောင့် ဘုရားသခင်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရမည့်ကတိတော်ရှိနေသေးလျက်နှင့် သင်တို့ထဲမှ မဝင်လိုက်ရဘဲနေမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိထားကြကုန်စို့။
2
အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။
3
ယုံကြည်သောငါတို့မူကား ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြ၏။ ဤသည်ကား “အမျက်တော်အားဖြင့် ငါတိုင်တည်ပြောဆိုသကဲ့သို့ သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ သို့ရာတွင် အမှုတော်များသည် ကမ္ဘာတည်ကတည်းက ပြီးမြောက်ပြီဖြစ်၏။
4
အကြောင်းမူကား သတ္တမနေ့နှင့်ပတ်သက်၍ “သတ္တမနေ့တွင် ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုရှိသမျှတို့ကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူ၏” ဟု ကျမ်းတစ်နေရာ၌ဆိုထား၏။
5
တစ်ဖန် “သူတို့သည် ငါ၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရကြမည်မဟုတ်”ဟု ထိုနေရာ၌ဆိုထား၏။
6
သို့ဖြစ်၍ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ဝင်ရသောအခွင့်သည် အချို့သောသူတို့အတွက်ရှိသေး၏။ ကောင်းမြတ်သောသတင်းကို ရှေးဦးစွာကြားရသောသူတို့သည် မနာခံမှုကြောင့် မဝင်ခဲ့ရကြချေ။
7
ထို့ကြောင့် ဘုရားသခင်သည် နေ့တစ်နေ့ကို “ယနေ့”ဟူ၍ တစ်ဖန် ချမှတ်တော်မူပြီး နောင်နှစ်ပေါင်းများစွာကြာသောအခါ အထက်ကဖော်ပြခဲ့သည့်အတိုင်း “ယနေ့ သင်တို့သည် ကိုယ်တော်၏အသံကိုကြားလျှင် သင်တို့စိတ်နှလုံးကို မမာကျောစေကြနှင့်” ဟု ဒါဝိဒ်အားဖြင့် မိန့်တော်မူ၏။
8
အကယ်၍ ယောရှုသည် သူတို့အား ငြိမ်ဝပ်ချမ်းသာခြင်းကိုပေးခဲ့သည်မှန်လျှင် နောက်မှ အခြားနေ့ရက်အကြောင်းကို ဘုရားသခင်မြွက်ဆိုတော်မူမည်မဟုတ်။
9
သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
10
အကြောင်းမူကား ဘုရားသခင်သည် မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေတော်မူသကဲ့သို့ ကိုယ်တော်၏ငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်ရသောသူသည်လည်း မိမိလုပ်ဆောင်သောအမှုများကိုရပ်လျက် ငြိမ်ဝပ်စွာနေရ၏။
11
ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
12
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
13
ဖန်ဆင်းတော်မူသောအရာတို့တွင် ကိုယ်တော်၏ရှေ့မှောက်၌ မထင်ရှားသောအရာတစ်စုံတစ်ခုမျှမရှိ။ အရာခပ်သိမ်းတို့သည် ကိုယ်တော်၏မျက်မှောက်၌ အကွယ်အကာမဲ့လျက် ဟင်းလင်းပွင့်နေ၏။ ငါတို့သည် ထိုအရှင်ထံ၌ ဖြေရှင်းချက်ပေးကြရမည်။
14
ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။
15
အကြောင်းမူကား ငါတို့၏ယဇ်ပုရောဟိတ်မင်းသည် ငါတို့၏အားနည်းခြင်းများကို မထောက်ထားမညှာတာနိုင်သူမဟုတ်။ ကိုယ်တော်သည် ငါတို့နည်းတူ စုံစမ်းနှောင့်ယှက်ခြင်းအမျိုးမျိုးကိုခံခဲ့ဖူးသူဖြစ်တော်မူ၏။ သို့သော် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
16
ထို့ကြောင့် ငါတို့သည် ကရုဏာတော်နှင့်ကျေးဇူးတော်တို့ကိုခံစားရလျက် သင့်လျော်သောအချိန်၌ ကူညီမစမှုကိုရရှိမည့်အကြောင်း ယုံကြည်စိတ်ချစွာဖြင့် ကျေးဇူးတော်ပလ္လင်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13