bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hebrews 2
Hebrews 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
1
ထို့ကြောင့် ငါတို့သည် လွဲချော်မသွားကြစေရန် ကြားရသောအရာတို့ကို အထူးအာရုံစိုက်ကြရမည်။
2
အကြောင်းမူကား ကောင်းကင်တမန်များအားဖြင့် မိန့်တော်မူသောတရားတော်သည် တည်မြဲ၍ ဖောက်ဖျက်ကျူးလွန်မှုနှင့်မနာခံမှုရှိသမျှတို့အတွက် ထိုက်သင့်သောအပြစ်ဒဏ်ကို လူတို့ခံရသည်ဆိုလျှင်
3
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
4
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။
5
အကြောင်းမူကား ဘုရားသခင်သည် ငါတို့ပြောဆိုနေသော နောင်လာမည့်ကမ္ဘာကို ကောင်းကင်တမန်တို့၏လက်အောက်သို့ ချထားတော်မမူခဲ့ပေ။
6
တစ်ယောက်သောသူက “လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို အောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ကြည့်ရှုတော်မူရသနည်း။
7
ကိုယ်တော်သည် သူ့ကို ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေပြီးလျှင် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သူ့ကို သရဖူဆောင်းစေတော်မူ၍
8
အရာခပ်သိမ်းတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ကျမ်းတစ်နေရာ၌သက်သေခံထား၏။ “အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားတော်မူပြီ”ဟု ဆိုရာတွင် သူ့အောက်၌မချထားဘဲ ချန်ထားတော်မူသည့်အရာတစ်စုံတစ်ခုမျှမရှိ။ ယခုမူကား အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားလျက်ရှိသည်ကို ငါတို့မမြင်ရသေး။
9
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
10
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
11
အမှန်စင်စစ် သန့်ရှင်းစေတော်မူသောအရှင်ဖြစ်စေ၊ သန့်ရှင်းစေခြင်းခံရသောသူတို့ဖြစ်စေ အားလုံးသည် တစ်ပါးတည်းထံမှဖြစ်ကြ၏။ ထို့ကြောင့် ကိုယ်တော်သည် ထိုသူတို့ကို ညီအစ်ကိုများဟုခေါ်ရန် ရှက်တော်မမူဘဲ
12
“အကျွန်ုပ်သည် ကိုယ်တော်၏နာမတော်ကို အကျွန်ုပ်၏ညီအစ်ကိုများအား ပြောကြားပါမည်။ လူအစုအဝေးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းသီဆိုပါမည်” ဟု မိန့်တော်မူ၏။
13
တစ်ဖန် “ငါသည် ကိုယ်တော်ကိုယုံကြည်ကိုးစားမည်”ဟူ၍လည်းကောင်း၊ “ကြည့်ရှုလော့။ ငါနှင့် ငါ့အားဘုရားသခင်ပေးတော်မူသောသားသမီးများပေတည်း”ဟူ၍လည်းကောင်း မိန့်တော်မူ၏။
14
ထိုသားသမီးအားလုံးတို့သည် အသွေးအသားရှိကြသည်ဖြစ်၍ ကိုယ်တော်သည်လည်း သူတို့နည်းတူ ထိုအသွေးအသားကို မျှဝေခံယူတော်မူ၏။ ဤသည်ကား အသေခံတော်မူခြင်းအားဖြင့် သေခြင်း၏တန်ခိုးအရှိန်အဝါကိုပိုင်သောသူဖြစ်သည့် မာရ်နတ်ကို ဖျက်ဆီးလျက်
15
သေခြင်းကိုကြောက်ရွံ့သောသဘော၌ တစ်သက်လုံးကျွန်ခံနေရသောသူတို့ကို လွတ်မြောက်စေရန်ဖြစ်၏။
16
အကယ်စင်စစ် ကိုယ်တော်သည် ကောင်းကင်တမန်တို့ကို ဖေးမတော်မမူဘဲ အာဗြဟံ၏အမျိုးအနွယ်ကို ဖေးမတော်မူ၏။
17
ထို့ကြောင့် ကိုယ်တော်သည် လူတို့၏အပြစ်များအတွက် အသနားခံခြင်းအမှုကိုပြုရန် ဘုရားသခင်ရှေ့တော်၌ သနားကြင်နာတတ်သည့် သစ္စာရှိသောယဇ်ပုရောဟိတ်မင်းဖြစ်မည့်အကြောင်း အရာရာ၌ ညီအစ်ကိုများနှင့်တူရ၏။
18
အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်တိုင်ဖြားယောင်းသွေးဆောင်ခြင်းခံရလျက် ဒုက္ခဝေဒနာခံစားခဲ့သောကြောင့် ဖြားယောင်းသွေးဆောင်ခြင်းခံရသောသူတို့ကို ကူညီမစရန်တတ်နိုင်တော်မူ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13