bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Matthew 12
Matthew 12
Burmese MSBU
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 13 →
1
ထိုအချိန်အခါတွင် ယေရှုသည် ဥပုသ်နေ့၌ ဂျုံခင်းများကိုဖြတ်လျက်ကြွတော်မူရာ တပည့်တော်တို့သည် ဆာလောင်သောကြောင့် ဂျုံနှံများကို ဆွတ်ခူး၍ စားကြ၏။
2
ဖာရိရှဲတို့သည် ထိုအခြင်းအရာကိုမြင်လျှင် “သင်၏တပည့်တို့သည် ဥပုသ်နေ့၌ပြုခွင့်မရှိသောအရာကို ပြုနေကြပါသည်တကား”ဟု ကိုယ်တော်အား လျှောက်ကြ၏။
3
ကိုယ်တော်ကလည်း “ဒါဝိဒ်သည် သူမှစ၍ သူနှင့်အတူရှိသောသူတို့ဆာလောင်ကြသောအခါ မည်သည့်အရာပြုခဲ့သည်ကို သင်တို့မဖတ်ဖူးကြသလော။
4
သူသည် ဘုရားသခင်၏အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များမှတစ်ပါး သူကိုယ်တိုင်ရော သူနှင့်အတူရှိသောသူတို့ပါ စားခွင့်မရှိသောရှေ့တော်မုန့်ကို စားခဲ့ကြ၏။
5
ထို့ပြင် ဥပုသ်နေ့တွင် ဗိမာန်တော်၌ရှိသော ယဇ်ပုရောဟိတ်များသည် ဥပုသ်နေ့ဆိုင်ရာပညတ်ချက်ကိုချိုးဖောက်ကြသော်လည်း အပြစ်မရှိကြောင်း ပညတ်တရားကျမ်း၌ မဖတ်ဖူးကြသလော။
6
သင်တို့အား ငါဆိုသည်ကား ဗိမာန်တော်ထက်ကြီးမြတ်သောသူသည် ဤနေရာ၌ရှိ၏။
7
‘ငါသည် ယဇ်ပူဇော်ခြင်းကိုမဟုတ်ဘဲ ကရုဏာကို အလိုရှိ၏’ ဟူသောကျမ်းစကားသည် မည်သည့်အရာကိုဆိုလိုကြောင်း သင်တို့သိခဲ့လျှင် အပြစ်မရှိသောသူတို့ကို ပြစ်တင်ရှုတ်ချခဲ့ကြလိမ့်မည်မဟုတ်။
8
အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏” ဟု မိန့်တော်မူ၏။
9
ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်တော်မူ၏။
10
ထိုနေရာ၌ လက်တစ်ဖက်သေသောသူတစ်ဦးရှိ၍ သူတို့သည် ကိုယ်တော်ကိုစွပ်စွဲနိုင်ရန်အတွက် “ဥပုသ်နေ့၌ အနာရောဂါကိုငြိမ်းစေခြင်းသည် တရားတော်နှင့်ညီသလော”ဟု ကိုယ်တော်အားမေးလျှောက်ကြ၏။
11
ကိုယ်တော်ကလည်း “သင်တို့ထဲမှတစ်စုံတစ်ဦးတွင် သိုးတစ်ကောင်ရှိ၍ ထိုသိုးသည် ဥပုသ်နေ့၌ တွင်းထဲသို့ကျခဲ့လျှင် သူသည် ၎င်းကိုမဆွဲတင်ဘဲနေမည်လော။
12
လူသည် သိုးထက် များစွာအဖိုးထိုက်၏။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းသောအမှုကိုပြုခြင်းသည် တရားတော်နှင့်ညီ၏” ဟု မိန့်တော်မူ၏။
13
ထို့နောက် လက်တစ်ဖက်သေသောသူအား “သင်၏လက်ကိုဆန့်လော့” ဟု မိန့်တော်မူ၏။ သူသည်လည်း လက်ကိုဆန့်လိုက်ရာ အခြားတစ်ဖက်ကဲ့သို့ အကောင်းပကတိဖြစ်လျက် သန်စွမ်းလေ၏။
14
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
15
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
16
မိမိအကြောင်းကို သိသာထင်ရှားအောင်မပြုရန် သူတို့ကိုသတိပေးတော်မူ၏။
17
ဤသည်ကား ပရောဖက်ဟေရှာယအားဖြင့် မိန့်တော်မူသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ မိန့်တော်မူချက်မှာ
18
“ကြည့်ရှုလော့။ ဤသူကား ငါရွေးကောက်သော ငါ၏အမှုဆောင်၊ ငါ၏စိတ်ဝိညာဉ်နှစ်သက်သည့် ငါချစ်သောသူပေတည်း။ ငါသည် သူ့အပေါ်၌ ငါ၏ဝိညာဉ်ကိုတည်စေသဖြင့် သူသည် လူမျိုးတကာတို့အား တရားမျှတမှုကို ကြေညာလိမ့်မည်။
19
သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။
20
တရားမျှတမှုကို အောင်မြင်ခြင်းသို့ပို့ဆောင်သည်အထိ သူသည် ကြေနေသောကျူပင်ကိုချိုးမည်မဟုတ်။ တငွေ့ငွေ့လောင်နေသောမီးစာကိုလည်း ငြှိမ်းသတ်မည်မဟုတ်။
21
လူမျိုးခြားတို့သည် သူ၏နာမ၌ မျှော်လင့်အားထားကြလိမ့်မည်” ဟူ၍ ဖြစ်၏။
22
ထို့နောက် လူတို့သည် နတ်ဆိုးပူးသည့် မျက်မမြင်ဆွံ့အသောသူတစ်ဦးကို အထံတော်သို့ခေါ်ဆောင်ခဲ့ကြရာ ကိုယ်တော်သည် ထိုသူကိုကျန်းမာစေတော်မူသဖြင့် ထိုဆွံ့အသောသူသည် စကားပြောနိုင်ပြီး မျက်စိလည်းမြင်လာ၏။
23
ထိုအခါ လူထုပရိသတ်အပေါင်းတို့သည် အံ့ဩငေးမော၍ “ဤသူသည် ဒါဝိဒ်၏သားတော်ဖြစ်လေမည်လော”ဟု ပြောဆိုကြ၏။
24
ဖာရိရှဲတို့သည်ကြားလျှင် “ဤသူသည် နတ်ဆိုးတို့၏အကြီးအကဲ ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်နေခြင်းသာဖြစ်သည်”ဟု ပြောဆိုကြ၏။
25
သို့သော် ယေရှုသည် သူတို့၏စဉ်းစားဆင်ခြင်မှုများကို သိမြင်တော်မူသဖြင့် “မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောနိုင်ငံတိုင်းသည် လုံးလုံးပျက်စီးသွားမည်။ မိမိအတွင်း၌ ဆန့်ကျင်ကွဲပြားနေသောမြို့၊ သို့မဟုတ် အိမ်ထောင်စုတိုင်းသည်လည်း တည်မြဲမည်မဟုတ်။
26
စာတန်သည် စာတန်ကိုနှင်ထုတ်လျှင် မိမိအတွင်း၌ ဆန့်ကျင်ကွဲပြား၏။ သို့ဖြစ်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲမည်နည်း။
27
ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကိုတရားစီရင်သူများဖြစ်ကြလိမ့်မည်။
28
သို့ရာတွင် ငါသည် ဘုရားသခင်၏ဝိညာဉ်တော်ကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့ထံရောက်ရှိလေပြီ။
29
ခွန်အားကြီးသောသူကို ဦးစွာမချည်နှောင်လျှင် သူ့အိမ်သို့ဝင်၍ သူ၏ဥစ္စာပစ္စည်းများကို မည်သို့လုယူနိုင်မည်နည်း။ ချည်နှောင်ပြီးမှသာ သူ၏အိမ်ကို ဖောက်ထွင်းလုယူနိုင်လိမ့်မည်။
30
ငါ့ဘက်၌မနေသောသူသည် ငါ့ကိုဆန့်ကျင်သောသူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသောသူသည် တစ်ကွဲတစ်ပြားဖြစ်စေသောသူဖြစ်၏။
31
ထို့ကြောင့် သင်တို့အားငါဆိုသည်ကား လူတို့သည် ဘုရားသခင်ကိုစော်ကားပြောဆိုခြင်းနှင့် အပြစ်ဟူသမျှတို့အတွက် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း ဝိညာဉ်တော်ကို စော်ကားပြောဆိုခြင်းအတွက်မူကား ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
32
လူ့သားအပေါ် ဆန့်ကျင်သည့်စကားကိုပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြောဆိုသောသူသည် ယခုဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
33
အပင်ကို အသီးအားဖြင့် သိရသည်ဖြစ်၍ အသီးကောင်းလျှင် အပင်ကောင်းသည်ဟုမှတ်ယူကြလော့။ သို့မဟုတ် အသီးမကောင်းလျှင် အပင်မကောင်းဟု မှတ်ယူကြလော့။
34
မြွေဆိုးအမျိုးတို့၊ သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက် ကောင်းသောအရာကို မည်သို့ပြောဆိုနိုင်မည်နည်း။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
35
ကောင်းသောသူသည် ကောင်းသောအရာများကို ကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာများကို မကောင်းသောဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။
36
သင်တို့အား ငါဆိုသည်ကား လူတို့သည် မိမိတို့ပြောဆိုသည့် အကျိုးမရှိသောစကားအားလုံးအတွက် တရားစီရင်တော်မူရာနေ့၌ ဖြေရှင်းချက်ပေးကြရမည်။
37
အကြောင်းမူကား သင်ပြောသောစကားများအားဖြင့် သင်သည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလိမ့်မည်။ သို့မဟုတ် သင်ပြောသောစကားများအားဖြင့် အပြစ်ရှိသည်ဟု သတ်မှတ်ခြင်းခံရလိမ့်မည်” ဟု မိန့်တော်မူ၏။
38
ထို့နောက် အချို့သောကျမ်းပြုဆရာနှင့်ဖာရိရှဲတို့က “ဆရာ၊ အကျွန်ုပ်တို့သည် ဆရာ့ထံမှနိမိတ်လက္ခဏာကို တွေ့မြင်လိုပါသည်”ဟု ကိုယ်တော်အားလျှောက်ကြ၏။
39
ကိုယ်တော်ကလည်း “ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ သူတို့အား ပြလိမ့်မည်မဟုတ်။
40
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရ သကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
41
တရားစီရင်တော်မူသည့်အခါ နိနေဝေမြို့သားတို့သည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေကြလိမ့်မည်။ အကြောင်းမူကား သူတို့သည် ယောန၏ဟောပြောချက်ကြောင့် နောင်တရကြ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ယောနထက် ကြီးမြတ်သောသူရှိ၏။
42
တရားစီရင်တော်မူသည့်အခါ တောင်အရပ်မှဘုရင်မသည် ဤမျိုးဆက်နှင့်အတူထမြောက်လျက် ဤမျိုးဆက်၏အပြစ်ကို ထင်ရှားစေလိမ့်မည်။ အကြောင်းမူကား သူသည် ရှောလမုန်၏ဉာဏ်ပညာစကားကို နားထောင်ရန် မြေကြီးအစွန်အဖျားမှလာ၏။ ကြည့်ရှုလော့။ ဤအရပ်၌ ရှောလမုန်ထက် ကြီးမြတ်သောသူရှိ၏။
43
ညစ်ညူးသောနတ်သည် လူ့အထဲမှထွက်သွားသောအခါ ခြောက်သွေ့သောအရပ်ဒေသများသို့ လျှောက်သွားကာ ခိုနားရာကိုရှာတတ်၏။ သို့သော် ရှာ၍မတွေ့သဖြင့်
44
‘ငါထွက်လာခဲ့သော ငါ့အိမ်သို့ပြန်မည်’ဟု ဆိုလျက် ပြန်လာရာ ထိုနေရာမှာ လစ်လပ်နေပြီး လှဲကျင်း၍ သပ်ရပ်စွာပြင်ဆင်ထားသည်ကိုတွေ့လေ၏။
45
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
46
ကိုယ်တော်သည် လူထုပရိသတ်တို့အား မြွက်ဆိုတော်မူစဉ် ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြ၏။
47
ထိုအခါ လူတစ်ဦးက “ကိုယ်တော်၏မယ်တော်နှင့်ညီတော်တို့သည် ကိုယ်တော်နှင့်စကားပြောလို၍ အပြင်၌ ရပ်နေကြပါသည်”ဟု လျှောက်လေ၏။
48
ကိုယ်တော်ကလည်း “မည်သူသည် ငါ့အမိဖြစ်ပြီး မည်သူတို့သည် ငါ့ညီများဖြစ်ကြသနည်း” ဟု မိမိထံလျှောက်ထားသောသူကို ပြန်၍မိန့်တော်မူ၏။
49
ထို့နောက် တပည့်တော်များဘက်သို့ လက်တော်ကိုညွှန်လျက် “ကြည့်ရှုလော့။ ဤသူတို့သည် ငါ့အမိနှင့်ငါ့ညီများပေတည်း။
50
အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်၏” ဟု မိန့်တော်မူ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28