bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Matthew 25
Matthew 25
Burmese MSBU
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 26 →
1
ထိုကာလ၌ ကောင်းကင်နိုင်ငံတော်သည် မိမိတို့မီးခွက်များကိုယူဆောင်လျက် သတို့သားကိုကြိုဆိုရန် ထွက်သွားသည့် အပျိုကညာဆယ်ယောက်နှင့်တူလိမ့်မည်။
2
ထိုသူတို့ထဲမှ ငါးယောက်သည် မိုက်မဲသောသူဖြစ်ကြပြီး ငါးယောက်သည် ပညာသတိရှိသောသူဖြစ်ကြ၏။
3
မိုက်မဲသောသူတို့သည် မိမိတို့၏မီးခွက်ကို ယူသွားကြသော်လည်း မိမိတို့နှင့်အတူ ဆီကိုမယူသွားကြ။
4
ပညာသတိရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်အတူ ဆီကို ဘူးထဲ၌ယူသွားကြ၏။
5
သတို့သားသည် ကြန့်ကြာနေသောကြောင့် သူတို့အားလုံးသည် ငိုက်မျဉ်း၍ အိပ်ပျော်ကြ၏။
6
ညသန်းခေါင်၌ ‘ကြည့်ရှုလော့။ သတို့သားရောက်လာပြီ။ သူ့ကိုကြိုဆိုရန် ထွက်ခဲ့ကြလော့’ဟူသောအော်ဟစ်သံထွက်ပေါ်လာရာ
7
အပျိုကညာအားလုံးတို့သည် ထ၍ မိမိတို့၏မီးခွက်များကို ပြင်ဆင်ကြ၏။
8
ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။
9
သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။
10
သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။
11
ထို့နောက် အခြားသောအပျိုကညာတို့သည်လည်း ရောက်လာ၍ ‘အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးဖွင့်ပေးပါ’ဟု ဆိုကြ၏။
12
သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။
13
သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ။
14
ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိ၏အစေအပါးတို့ကိုခေါ်၍ သူ၏ဥစ္စာပစ္စည်းများကို သူတို့အားအပ်နှင်းခဲ့သည်နှင့်တူ၏။
15
သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
16
ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
17
ထိုနည်းတူ နှစ်တာလန်ရသောသူသည်လည်း နောက်ထပ် နှစ်တာလန်အမြတ်ရလေ၏။
18
တစ်တာလန်ရသောသူမူကား သွား၍ မြေ၌တွင်းတူးကာ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။
19
ကာလအတန်ကြာပြီးနောက် ထိုအစေအပါးတို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။
20
ထိုအခါ ငါးတာလန်ရသောသူသည် ချဉ်းကပ်၍ နောက်ထပ် ငါးတာလန်ကိုဆက်သကာ ‘သခင်၊ သခင်သည် အကျွန်ုပ်အား ငါးတာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် ငါးတာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
21
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
22
နှစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် အကျွန်ုပ်အား နှစ်တာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် နှစ်တာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
23
သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
24
တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
25
ထို့ကြောင့် အကျွန်ုပ်သည် ကြောက်သဖြင့် သွား၍ သခင်၏ငွေကို မြေ၌ဝှက်ထားပါသည်။ ကြည့်ပါ။ သခင်၏ဥစ္စာရှိပါသည်’ဟု လျှောက်လေ၏။
26
သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
27
ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
28
ထို့ကြောင့် တစ်တာလန်ကို သူ့ထံမှယူ၍ ဆယ်တာလန်ရှိသောသူအား ပေးကြလော့။
29
အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
30
အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
31
လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။
32
ထိုအခါ လူမျိုးအပေါင်းတို့ကို ရှေ့တော်၌ စုဝေးစေကြလိမ့်မည်။ ထို့နောက် သိုးထိန်းသည် သိုးတို့ကို ဆိတ်တို့နှင့် သီးခြားခွဲထားသကဲ့သို့ ကိုယ်တော်သည် သူတို့ကို တစ်ဦးနှင့်တစ်ဦး သီးခြားခွဲထားကာ
33
သိုးများကို မိမိ၏လက်ယာတော်ဘက်၌လည်းကောင်း၊ ဆိတ်များကို လက်ဝဲတော်ဘက်၌လည်းကောင်း ထားတော်မူလိမ့်မည်။
34
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
35
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏။ ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံကြ၏။
36
ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
37
ထိုအခါ ဖြောင့်မတ်သောသူတို့က ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုမြင်၍ ကျွေးမွေးခဲ့ပါသနည်း။ သို့မဟုတ် ရေငတ်တော်မူသည်ကိုမြင်၍ သောက်စရာပေးခဲ့ပါသနည်း။
38
မည်သည့်အခါတွင် ကိုယ်တော်သည် သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုမြင်၍ ကြိုဆိုလက်ခံခဲ့ပါသနည်း။ သို့မဟုတ် အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုမြင်၍ ဝတ်စရာပေးခဲ့ပါသနည်း။
39
မည်သည့်အခါတွင် ကိုယ်တော်နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ထံလာခဲ့ပါသနည်း’ဟု မင်းကြီးအား ပြန်လျှောက်ကြလိမ့်မည်။
40
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
41
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
42
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာမပေးကြ။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာမပေးကြ။
43
ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။
44
ထိုအခါ သူတို့သည်လည်း ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုလည်းကောင်း၊ ရေငတ်တော်မူသည်ကိုလည်းကောင်း၊ သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ကိုမလုပ်ကျွေးမပြုစုဘဲနေကြသနည်း’ဟု ပြန်လျှောက်ကြလိမ့်မည်။
45
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
46
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28