bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Matthew 19
Matthew 19
Burmese MSBU
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
1
ယေရှုသည် ဤတရားစကားတို့ကို မိန့်တော်မူပြီးသောအခါ ဂါလိလဲနယ်မှထွက်ခွာ၍ ဂျော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယုဒနယ်ဆိုင်ရာအရပ်ဒေသသို့ ကြွတော်မူ၏။
2
များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ သူတို့ကို ကျန်းမာစေတော်မူ၏။
3
ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
4
ကိုယ်တော်ကလည်း “ဖန်ဆင်းတော်မူသောအရှင်သည် အစအဦးကပင် သူတို့ကို ယောက်ျားနှင့်မိန်းမအဖြစ် ဖန်ဆင်းတော်မူလျက်
5
‘ထိုအကြောင်းကြောင့် ယောက်ျားသည် မိမိ၏မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖော်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်’ ဟု မိန့်တော်မူခဲ့ကြောင်း သင်တို့မဖတ်ဖူးကြသလော။
6
သို့ဖြစ်၍ သူတို့သည် နှစ်ဦးမဟုတ်တော့ဘဲ တစ်သားတစ်ကိုယ်တည်းဖြစ်ကြ၏။ ထို့ကြောင့် ဘုရားသခင်တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာကို လူက မကွဲကွာစေနှင့်” ဟု မိန့်တော်မူ၏။
7
ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။
8
ကိုယ်တော်ကလည်း “သင်တို့၏စိတ်နှလုံးမာကျောသောကြောင့် မောရှေသည် သင်တို့အား မယားကိုကွာရှင်းခွင့်ပြုခဲ့၏။ သို့သော် အစအဦးမှစ၍ ထိုကဲ့သို့ဖြစ်သည်မဟုတ်။
9
သို့ဖြစ်၍ သင်တို့အား ငါဆိုသည်ကား တရားနှင့်မညီမေထုန်ပြုခြင်းကြောင့်မဟုတ်ဘဲ မိမိမယားကိုကွာရှင်း၍ အခြားမိန်းမနှင့်ထိမ်းမြားစုံဖက်သောသူသည် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်၏” ဟု မိန့်တော်မူ၏။
10
တပည့်တော်တို့က “လင်နှင့်မယားတို့၏ဆက်နွှယ်မှုသည် ထိုသို့ဖြစ်လျှင် အိမ်ထောင်မပြုဘဲနေခြင်းသည် သာ၍ကောင်းပါ၏”ဟု လျှောက်ကြ၏။
11
ကိုယ်တော်ကလည်း “ဤစကားကို လူတိုင်းခံယူနိုင်သည်မဟုတ်။ ထိုသို့ပြုခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
12
အကြောင်းမူကား အမိဝမ်းတွင်းကပင် အိမ်ထောင်ပြုနိုင်စွမ်းမရှိဘဲ မွေးလာသောသူများရှိကြ၏။ လူတို့ကြောင့် အိမ်ထောင်ပြုနိုင်စွမ်းကို စွန့်လွှတ်ရသောသူများလည်းရှိကြ၏။ ကောင်းကင်နိုင်ငံတော်အတွက် အိမ်ထောင်ပြုနိုင်စွမ်းကို ကိုယ်တိုင်စွန့်လွှတ်သောသူများလည်းရှိကြ၏။ ဤအရာကို ခံယူနိုင်သောသူသည် ခံယူစေ” ဟု မိန့်တော်မူ၏။
13
ထို့နောက် လက်တော်တင်လျက် ဆုတောင်းပေးစေရန် လူတို့သည် ကလေးသူငယ်များကို အထံတော်သို့ခေါ်ဆောင်လာကြ၏။ သို့သော် တပည့်တော်တို့သည် သူတို့ကိုဆူငေါက်ကြ၏။
14
ယေရှုကလည်း “ကလေးသူငယ်တို့ကို ရှိကြပါလေစေ။ ငါ့ထံသို့ သူတို့လာကြသည်ကို မတားဆီးကြနှင့်။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသို့သောသူတို့၏နိုင်ငံဖြစ်၏” ဟု မိန့်တော်မူလျက်
15
သူတို့အပေါ်၌ လက်တော်တင်ပြီးလျှင် ထိုနေရာမှ ကြွတော်မူ၏။
16
ထို့နောက် လူတစ်ဦးသည် အထံတော်သို့ချဉ်းကပ်လာ၍ “ဆရာ၊ ထာဝရအသက်ကိုရရှိရန် အကျွန်ုပ်သည် မည်သည့်ကောင်းမြတ်သောအမှုကို ပြုရပါမည်နည်း”ဟု မေးလျှောက်လေ၏။
17
ကိုယ်တော်ကလည်း “ကောင်းမြတ်သောအမှုနှင့်ပတ်သက်၍ အဘယ်ကြောင့် ငါ့ကိုမေးသနည်း။ ကောင်းမြတ်သောအရှင်တစ်ပါးတည်းသာရှိတော်မူ၏။ သင်သည် အသက်ရှင်ခြင်းသို့ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ထိန်းလော့” ဟု မိန့်တော်မူ၏။
18
ထိုသူကလည်း “မည်သည့်ပညတ်တော်များနည်း”ဟု မေးလျှောက်ပြန်သော် ယေရှုက “လူမသတ်ရ။ အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ။ မခိုးယူရ။ မမှန်သောသက်သေထွက်ဆိုခြင်းမပြုရ။
19
မိခင်နှင့်ဖခင်တို့ကို ရိုသေလော့။ ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟု မိန့်တော်မူ၏။
20
ထိုလူငယ်က “အကျွန်ုပ်သည် ဤအရာအားလုံးကိုစောင့်ထိန်းပါပြီ။ မည်သည့်အရာလိုပါသေးသနည်း”ဟု လျှောက်လေ၏။
21
ယေရှုက “သင်သည် စုံလင်ခြင်းသို့ရောက်လိုလျှင် သွား၍ သင်၏ဥစ္စာပစ္စည်းများကိုရောင်းပြီးလျှင် ဆင်းရဲသားတို့အား ပေးကမ်းလော့။ ထိုသို့ပြုလျှင် သင်သည် ကောင်းကင်ဘုံ၌ဥစ္စာဘဏ္ဍာကိုရလိမ့်မည်။ ထို့နောက် လာ၍ ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူ၏။
22
ထိုလူငယ်သည် ဥစ္စာပစ္စည်းကြွယ်ဝသူဖြစ်သောကြောင့် ထိုစကားကိုကြားလျှင် ဝမ်းနည်းလျက် ထွက်သွားလေ၏။
23
ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်ဆိုသည်ကား ချမ်းသာသောသူသည် ကောင်းကင်နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှ၏။
24
တစ်ဖန် သင်တို့အား ငါဆိုသည်ကား ချမ်းသာသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန်ထက် ကုလားအုတ်သည် အပ်နဖားပေါက်မှလျှိုဝင်ရန် ပို၍လွယ်ကူ၏” ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
25
တပည့်တော်တို့သည် ထိုစကားကိုကြားလျှင် အလွန်အံ့အားသင့်လျက် “သို့ဖြစ်လျှင် မည်သူသည် ကယ်တင်ခြင်းခံရနိုင်ပါမည်နည်း”ဟု ပြောဆိုကြ၏။
26
သို့သော် ယေရှုသည် သူတို့ကိုစူးစိုက်ကြည့်လျက် “ဤအရာသည် လူတို့အတွက် မဖြစ်နိုင်သော်လည်း ဘုရားသခင်အတွက် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
27
ထိုအခါ ပေတရုက “အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်၍ ကိုယ်တော်၏နောက်သို့လိုက်ခဲ့ကြပါပြီ။ သို့ဖြစ်လျှင် အကျွန်ုပ်တို့ မည်သည့်အရာကို ရရှိပါမည်နည်း”ဟု လျှောက်လေ၏။
28
ယေရှုကလည်း “သင်တို့အား ငါအမှန်ဆိုသည်ကား အလုံးစုံတို့ကိုအသစ်ပြုပြင်သောကာလ၌ လူ့သားသည် မိမိ၏ဘုန်းအသရေနှင့်ပြည့်စုံသောပလ္လင်ပေါ်တွင်ထိုင်သောအခါ ငါ့နောက်သို့လိုက်သောသင်တို့သည်လည်း ပလ္လင်တစ်ဆယ့်နှစ်ခုပေါ်ထိုင်လျက် အစ္စရေးမျိုးနွယ်စုတစ်ဆယ့်နှစ်စုကို တရားစီရင်ရကြလိမ့်မည်။
29
ငါ၏နာမကြောင့် အိမ်ကိုဖြစ်စေ၊ ညီအစ်ကိုမောင်နှမများကိုဖြစ်စေ၊ အဖကိုဖြစ်စေ၊ အမိကိုဖြစ်စေ၊ သားသမီးများကိုဖြစ်စေ၊ မြေယာများကိုဖြစ်စေ စွန့်သောသူတိုင်းသည် အဆတစ်ရာသောအကျိုးကိုခံစားရလျက် ထာဝရအသက်ကိုအမွေဆက်ခံရလိမ့်မည်။
30
သို့သော် အဦးဆုံးသောသူများစွာတို့သည် နောက်ဆုံးဖြစ်ကြပြီး နောက်ဆုံးသောသူများစွာတို့သည် အဦးဆုံးဖြစ်ကြလိမ့်မည်။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28