bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Matthew 16
Matthew 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
1
ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
2
ကိုယ်တော်ကလည်း “[သင်တို့သည် ညနေချမ်းအချိန်ရောက်သောအခါ ‘မိုးကောင်းကင်နီရဲသည်ဖြစ်၍ ရာသီဥတုသာယာလိမ့်မည်’ဟု ဆိုတတ်ကြ၏။
3
နံနက်စောစောအချိန်တွင်လည်း ‘မိုးကောင်းကင်အုံ့မှိုင်းလျက်နီရဲသည်ဖြစ်၍ ယနေ့မုန်တိုင်းလာလိမ့်မည်’ဟု ဆိုတတ်ကြ၏။ သင်တို့သည်မိုးကောင်းကင်၏အသွင်အပြင်ကို ပိုင်းခြား၍သိကြသော်လည်း အချိန်ကာလများ၏နိမိတ်လက္ခဏာများကိုမူ ပိုင်းခြား၍မသိနိုင်ကြ။]
4
ဆိုးညစ်၍ ဖောက်ပြန်သောမျိုးဆက်သည် နိမိတ်လက္ခဏာကိုတောင်းဆိုသော်လည်း ယောန၏နိမိတ်လက္ခဏာမှတစ်ပါး မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြလိမ့်မည်မဟုတ်” ဟု ပြန်၍မိန့်တော်မူပြီးလျှင် သူတို့ထံမှ ထွက်ခွာသွားတော်မူ၏။
5
တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့လာကြသောအခါ မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြ၏။
6
ထိုအခါ ယေရှုက “ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကို အထူးသတိထားကြလော့” ဟု မိန့်တော်မူ၏။
7
တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
8
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင် “ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
9
သင်တို့နားမလည်ကြသေးသလော။ မုန့်ငါးလုံးကို လူငါးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း၊
10
မုန့်ခုနစ်လုံးကို လူလေးထောင်စား၍ ဘယ်နှတောင်းကောက်သိမ်းခဲ့ရသည်ကိုလည်းကောင်း မမှတ်မိကြသလော။
11
မုန့်နှင့်ပတ်သက်၍ သင်တို့အား ငါပြောသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုမူကား သတိထားကြလော့” ဟု မိန့်တော်မူ၏။
12
ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
13
ထို့နောက် ယေရှုသည် ဆီဇာရီးယားဖိလိပ္ပိနယ်မြေဒေသများသို့ ရောက်တော်မူ၏။ ကိုယ်တော်သည် တပည့်တော်တို့အား “လူတို့သည် လူ့သားကို မည်သူဖြစ်သည်ဟု ဆိုကြသနည်း” ဟူ၍ မေးတော်မူ၏။
14
တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
15
ယေရှုက “သင်တို့မူကား ငါ့ကို မည်သူဖြစ်သည်ဟုဆိုကြသနည်း” ဟူ၍ မေးတော်မူလျှင်
16
ရှိမုန်ပေတရုက “ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်ဖြစ်ပါသည်”ဟု ပြန်လျှောက်လေ၏။
17
ထိုအခါ ယေရှုက “ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
18
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
19
ကောင်းကင်နိုင်ငံတော်၏သော့များကို သင့်အား ငါပေးမည်။ မြေကြီးပေါ်၌ သင်ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်ခြင်းခံရလျက်ရှိလိမ့်မည်။ မြေကြီးပေါ်၌ သင်ဖြေလွှတ်သမျှသည်လည်း ကောင်းကင်ဘုံ၌ ဖြေလွှတ်ခြင်းခံရလျက်ရှိလိမ့်မည်” ဟု ပြန်၍မိန့်တော်မူ၏။
20
ထို့နောက် ကိုယ်တော်က မိမိသည်ခရစ်တော်ဖြစ်ကြောင်း မည်သူ့ကိုမျှမပြောရန် တပည့်တော်တို့အား မိန့်မှာတော်မူ၏။
21
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
22
ထိုအခါ ပေတရုသည် ကိုယ်တော်ကို ဘေးဘက်သို့ခေါ်၍ ပြစ်တင်ပြောဆိုကာ “သခင်ဘုရား၊ ဤအမှုသည် ကိုယ်တော်နှင့်လွဲပါစေ၊ ဖယ်ပါစေ။ ကိုယ်တော်၌ မည်သည့်အခါမျှ ဤသို့ဖြစ်မည်မဟုတ်”ဟု လျှောက်လေ၏။
23
သို့သော် ကိုယ်တော်သည်လှည့်၍ ပေတရုအား “အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်သည် ငါ့အတွက် မှားယွင်းစရာအကြောင်းဖြစ်၏။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မစွဲလမ်းဘဲ လူတို့နှင့်ဆိုင်သောအရာများကိုသာ စွဲလမ်း၏” ဟု မိန့်တော်မူ၏။
24
ထို့နောက် ယေရှုက တပည့်တော်တို့အား “မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။
25
အကြောင်းမှာ မိမိအသက်ကိုကယ်တင်လိုသောသူသည် အသက်ကိုဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် မိမိအသက်ကိုဆုံးရှုံးရသောသူမူကား အသက်ကိုတွေ့ရှိလိမ့်မည်။
26
လူသည် ကမ္ဘာလောကတစ်ခုလုံးကိုရရှိသော်လည်း မိမိအသက်ဝိညာဉ်ဆုံးရှုံးလျှင် မည်သည့်အကျိုးရှိမည်နည်း။ တစ်နည်းအားဖြင့် လူသည် မည်သည့်အရာကိုပေး၍ မိမိအသက်ဝိညာဉ်ကို ပြန်ရွေးနိုင်မည်နည်း။
27
အကြောင်းမူကား လူ့သားသည် မိမိ၏ကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာလိမ့်မည်။ ထိုအခါ လူအသီးသီးတို့အား သူတို့၏လုပ်ဆောင်မှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
28
သင်တို့အား ငါအမှန်ဆိုသည်ကား ဤနေရာ၌ရပ်နေသောသူတို့တွင် လူ့သားသည် မိမိ၏နိုင်ငံတော်နှင့်ကြွလာသည်ကိုမမြင်မီ သေခြင်းကို မမြည်းစမ်းရသောသူအချို့ရှိ၏” ဟု မိန့်တော်မူ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28