bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Matthew 22
Matthew 22
Burmese MSBU
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 23 →
1
တစ်ဖန် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ
2
“ကောင်းကင်နိုင်ငံတော်သည် မိမိသားအတွက် မင်္ဂလာဆောင်ပွဲကျင်းပသော ဘုရင်တစ်ပါးနှင့်တူ၏။
3
သူသည် ဖိတ်ခေါ်ထားသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ခေါ်လာရန် မိမိ၏အစေအပါးတို့ကိုစေလွှတ်သော်လည်း သူတို့သည် မလာလိုကြပေ။
4
တစ်ဖန် သူသည် အခြားသောအစေအပါးတို့အား ‘ငါ၏ဧည့်ခံပွဲကို ငါပြင်ဆင်ထားပြီ။ ငါ၏နွားလားနှင့် ဆူဖြိုးသောတိရစ္ဆာန်များကို သတ်ပြီးပြီ။ အားလုံးအဆင်သင့်ဖြစ်ပြီ။ မင်္ဂလာဆောင်ပွဲသို့ ကြွကြပါဟု ဖိတ်ခေါ်ထားသောသူတို့ကို ပြောကြလော့’ဟူ၍ မှာကြားလျက် စေလွှတ်လေ၏။
5
သို့သော် သူတို့သည် ဂရုမစိုက်ကြဘဲ တစ်ဦးသည် မိမိလယ်သို့လည်းကောင်း၊ အခြားတစ်ဦးသည် မိမိကုန်သွယ်ရာသို့လည်းကောင်း သွားကြ၏။
6
အခြားသောသူတို့မူကား ဘုရင်၏အစေအပါးတို့ကိုဖမ်းဆီးလျက် နှိပ်စက်ကာ သတ်ဖြတ်ကြ၏။
7
ထိုအခါ ဘုရင်သည် အမျက်ထွက်၍ သူ၏စစ်သားများကိုစေလွှတ်ကာ ထိုလူသတ်သမားတို့ကိုဖျက်ဆီးစေပြီး သူတို့၏မြို့ကိုမီးရှို့စေ၏။
8
ထို့နောက် သူ၏အစေအပါးတို့အား ‘မင်္ဂလာဆောင်ပွဲသည် အဆင်သင့်ဖြစ်သော်လည်း ဖိတ်ခေါ်ထားသောသူတို့သည် မထိုက်တန်ကြသောကြောင့်
9
လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
10
ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။
11
ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင်
12
‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။
13
ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။
14
အကြောင်းမူကား ခေါ်ယူတော်မူခြင်းခံရသောသူတို့သည် များစွာရှိကြသော်လည်း ရွေးကောက်ခံရသောသူတို့သည် နည်းကြ၏” ဟု မိန့်တော်မူ၏။
15
ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
16
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
17
သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော၊ သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
18
သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍ “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။
19
အခွန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့” ဟု မိန့်တော်မူလျှင် သူတို့သည် ဒေနာရိတစ်ပြားကို အထံတော်သို့ယူလာကြ၏။
20
ကိုယ်တော်ကလည်း “ဤသည်ကား မည်သူ၏ပုံ၊ မည်သူ၏ကမ္ပည်းစာဖြစ်သနည်း” ဟု မေးတော်မူလျှင်
21
သူတို့က “ဆီဇာဧကရာဇ်၏ပုံနှင့်ကမ္ပည်းစာဖြစ်ပါသည်”ဟု လျှောက်ကြ၏။ ကိုယ်တော်ကလည်း “သို့ဖြစ်လျှင် ဆီဇာဧကရာဇ်နှင့်ဆိုင်သောအရာများကို ဆီဇာဧကရာဇ်အားဆက်သ၍ ဘုရားသခင်နှင့်ဆိုင်သောအရာများကို ဘုရားသခင်အားဆက်သကြလော့” ဟု မိန့်တော်မူ၏။
22
သူတို့သည် ထိုစကားကိုကြားရသောအခါ အံ့ဩ၍ ကိုယ်တော်ထံမှ ထွက်သွားကြ၏။
23
ထိုနေ့၌ပင် ရှင်ပြန်ထမြောက်ခြင်းမရှိဟုပြောကြသောဇဒ္ဒုကဲတို့သည် အထံတော်သို့ ချဉ်းကပ်လာ၍
24
“ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည် ဟု မောရှေညွှန်ကြားခဲ့ပါသည်။
25
အကျွန်ုပ်တို့ထံတွင် ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး မျိုးဆက်မရှိဘဲ သေဆုံးလျက် သူ၏မယားကို သူ့ညီထံ ထားရစ်ခဲ့ပါသည်။
26
ဒုတိယညီနှင့်တတိယညီမှစ၍ ခုနစ်ယောက်မြောက်တိုင်အောင် ထိုနည်းတူဖြစ်ကြပါသည်။
27
နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးသွားပါသည်။
28
သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်ရာကာလ၌ ထိုမိန်းမသည် ထိုခုနစ်ဦးတို့ထဲမှ မည်သူ၏မယားဖြစ်ပါမည်နည်း။ အကြောင်းမူကား သူတို့အားလုံးသည် ထိုမိန်းမနှင့်ပေါင်းဖက်ခဲ့ကြပါသည်”ဟု မေးလျှောက်ကြ၏။
29
ယေရှုကလည်း “သင်တို့သည် ကျမ်းစာကိုလည်းကောင်း၊ ဘုရားသခင်၏တန်ခိုးတော်ကိုလည်းကောင်း မသိ၍ အယူလွဲနေကြ၏။
30
အကြောင်းမူကား ရှင်ပြန်ထမြောက်ရာကာလ၌ လူတို့သည် ထိမ်းမြားစုံဖက်ခြင်းကိုမပြု၊ ပေးစားဆောင်နှင်းခြင်းလည်းမရှိဘဲ ကောင်းကင်၌ရှိသော ကောင်းကင်တမန်များကဲ့သို့ ဖြစ်ကြ၏။
31
သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ ဟု သင်တို့အား မိန့်တော်မူခဲ့သောစကားကို မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏” ဟု မိန့်တော်မူ၏။
33
လူထုပရိသတ်တို့သည် ကြားသောအခါ ကိုယ်တော်၏သွန်သင်ချက်ကို အံ့ဩချီးမွမ်းကြ၏။
34
ဇဒ္ဒုကဲတို့ကို ကိုယ်တော်နှုတ်ဆိတ်စေတော်မူခဲ့ကြောင်း ဖာရိရှဲတို့ကြားလျှင် အတူတကွစုဝေးလာကြ၍
35
သူတို့ထဲမှ ကျမ်းတတ်ပုဂ္ဂိုလ်တစ်ဦးသည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့်
36
“ဆရာ၊ ပညတ်တရားထဲတွင် မည်သည့်ပညတ်ချက်သည် ကြီးမြတ်သနည်း”ဟု မေးလျှောက်လေ၏။
37
ကိုယ်တော်ကလည်း “ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံးနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်။’
38
ဤသည်ကား ကြီးမြတ်သည့် ပထမပညတ်ချက်ဖြစ်၏။
39
ဒုတိယပညတ်ချက်သည်လည်း ၎င်းနည်းတူဖြစ်ပြီး ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ ဟူ၍ ဖြစ်၏။
40
ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းအလုံးစုံတို့သည် ဤပညတ်ချက်နှစ်ပါးအပေါ်တွင်တည်၏” ဟု မိန့်တော်မူ၏။
41
ထို့နောက် ဖာရိရှဲတို့စုဝေးနေကြစဉ် ယေရှုက
42
“သင်တို့သည် ခရစ်တော်နှင့်ပတ်သက်၍ မည်သို့ ထင်မြင်ကြသနည်း။ သူသည် မည်သူ၏သားဖြစ်သနည်း” ဟု မေးတော်မူလျှင် သူတို့က “ဒါဝိဒ်၏သားဖြစ်ပါသည်”ဟု ပြန်လျှောက်ကြ၏။
43
ကိုယ်တော်ကလည်း “သို့ဖြစ်လျှင် ဒါဝိဒ်သည် သူ့ကို ဝိညာဉ်တော်အားဖြင့် ‘သခင်’ဟု ခေါ်လျက်
44
‘ထာဝရဘုရားသည် ငါ၏သခင်အား သင်၏ရန်သူတို့ကို သင်၏ခြေဖဝါးအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့ဟု မိန့်တော်မူ၏’ ဟူ၍ ဆိုထားသည်မှာ မည်သို့နည်း။
45
ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟု ခေါ်လျှင် ခရစ်တော်သည် မည်ကဲ့သို့ သူ၏သားဖြစ်နိုင်မည်နည်း” ဟု မိန့်တော်မူ၏။
46
ထိုအခါ ကိုယ်တော်ကို စကားတစ်ခွန်းပြန်လျှောက်ရန်ပင် မည်သူမျှ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ မည်သူမျှ ကိုယ်တော်အား မေးခွန်းများမမေးဝံ့တော့ချေ။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28