bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
1 Kings 22
1 Kings 22
Burmese MSBZ
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
1
ဆီးရီးယားပြည်နှင့်အစ္စရေးပြည်အကြား စစ်မဖြစ်သည်မှာ သုံးနှစ်ကြာလေပြီ။
2
သုံးနှစ်မြောက်တွင် ယုဒဘုရင်ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်ထံသို့ ရောက်လာ၏။
3
ထိုအခါ အစ္စရေးဘုရင်က မိမိအမှုထမ်းတို့အား “ရာမုတ်ဂိလဒ်မြို့သည် ငါတို့အပိုင်ဖြစ်ကြောင်းကို သင်တို့သိလျက်နှင့် ဆီးရီးယားဘုရင်လက်မှ ပြန်မသိမ်းယူဘဲ အဘယ်ကြောင့် ငြိမ်နေကြသနည်း”ဟု မိန့်ဆို၏။
4
ထို့ပြင် ယောရှဖတ်မင်းကြီးကိုလည်း “ရာမုတ်ဂိလဒ်မြို့ကို သွားတိုက်မည်။ သင်သည် အကျွန်ုပ်နှင့်အတူ လိုက်မည်လော”ဟု မေးလျှင် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “အကျွန်ုပ်သည် မင်းကြီးနှင့်တစ်သဘောတည်း ရှိပါ၏။ အကျွန်ုပ်၏စစ်သည်များသည် မင်းကြီး၏စစ်သည်၊ အကျွန်ုပ်၏မြင်းများသည် မင်းကြီး၏မြင်းများပင် ဖြစ်ပါ၏”ဟု ပြန်ပြော၏။
5
သို့သော် ယောရှဖတ်မင်းကြီးက အစ္စရေးဘုရင်အား “ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို ဦးစွာမေးလျှောက်ကြည့်ပါလော့”ဟု ဆို၏။
6
ထိုအခါ အစ္စရေးဘုရင်သည် ပရောဖက်လေးရာခန့်ကိုစုရုံးစေပြီးလျှင် သူတို့အား “ရာမုတ်ဂိလဒ်မြို့ကို စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲနေရမည်လော”ဟု မေးလျှင် သူတို့က “စစ်ချီတော်မူပါ။ ဘုရားရှင်သည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ဆင့်ဆိုကြ၏။
7
ထိုအခါ ယောရှဖတ်မင်းကြီးက “ဤအရပ်တွင် ငါတို့မေးမြန်း၍ရမည့် ထာဝရဘုရား၏ပရောဖက် မရှိတော့ပြီလော”ဟု မေးလျှင်
8
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကိုငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
9
ထိုအခါ အစ္စရေးဘုရင်သည် မှူးမတ်တစ်ဦးကိုခေါ်ပြီး “ဣမလ၏သားမိက္ခာယကို အမြန်ခေါ်ခဲ့ပါ”ဟု မိန့်ဆို၏။
10
အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် မင်းဝတ်တန်ဆာဝတ်ဆင်လျက် ရှမာရိမြို့တံခါးနားရှိ ကောက်နယ်တလင်းတွင် အသီးသီးပလ္လင်ပေါ်တွင် စံမြန်းနေကြ၏။ ပရောဖက်အပေါင်းတို့သည်လည်း သူတို့ရှေ့တွင် ပရောဖက်ပြုနေကြ၏။
11
ခေနာနာ၏သားဇေဒကိသည် သံဦးချိုများကိုပြုလုပ်ပြီး အာဟပ်မင်းကြီးအား “ ‘မင်းကြီးသည် ဤသံဦးချိုများဖြင့် ဆီးရီးယားလူမျိုးတို့ ပျက်စီးကုန်သည့်တိုင်အောင် ဝှေ့ယမ်းတိုက်ခိုက်ရလိမ့်မည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူသည်”ဟု ဆင့်ဆို၏။
12
ထို့အတူ ပရောဖက်အပေါင်းတို့ကလည်း “ရာမုတ်ဂိလဒ်မြို့သို့ ချီတက်လော့။ အောင်မြင်မှုရမည်။ ထာဝရဘုရားသည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပရောဖက်ပြုကြ၏။
13
မိက္ခာယကို သွားခေါ်လာခဲ့သောတမန်ကလည်း မိက္ခာယအား “ကြည့်ပါ။ ပရောဖက်တို့က ရှင်ဘုရင်အဖို့ ကောင်းသောသတင်းတစ်မျိုးတည်းကို ဟောကြပြီ။ သင်သည်လည်း သူတို့နည်းတူ ကောင်းသောသတင်းတစ်မျိုးတည်းကိုသာ ဟောပါလော့”ဟု ဆို၏။
14
သို့သော် မိက္ခာယက “ထာဝရဘုရားအသက်ရှင်တော်မူသည်နှင့်အညီ ငါ့အား ထာဝရဘုရားမိန့်တော်မူသောအရာကိုသာ ငါဟောမည်”ဟု ပြန်ပြော၏။
15
ရှင်ဘုရင်ထံရောက်လာသောအခါ ရှင်ဘုရင်က သူ့အား “မိက္ခာယ၊ ရာမုတ်ဂိလဒ်မြို့ကို ငါတို့စစ်ချီ၍တိုက်ခိုက်ရမည်လော။ မတိုက်ဘဲ နေရမည်လော”ဟု မေးလျှင် သူက “စစ်ချီတော်မူပါ။ အောင်မြင်မှုရလိမ့်မည်။ ထာဝရဘုရားသည် ထိုမြို့ကို မင်းကြီးလက်သို့ အပ်တော်မူမည်”ဟု ပြန်လျှောက်၏။
16
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
17
ထိုအခါ မိက္ခာယက ရှင်ဘုရင်အား “အစ္စရေးလူမျိုးအပေါင်းတို့သည် သိုးထိန်းမရှိသောသိုးများကဲ့သို့ တောင်များပေါ်တွင် ကွဲလွင့်နေကြသည်ကို အကျွန်ုပ်တွေ့ပါ၏။ ထာဝရဘုရားကလည်း ‘ဤသူတို့၌ သခင်မရှိ။ သူတို့သည် ကိုယ့်အိမ်သို့အေးချမ်းစွာပြန်ကြပါစေ’ဟူ၍ မိန့်တော်မူပြီ”ဟု လျှောက်ပြန်၏။
18
ထိုအခါ အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါနှင့်ပတ်သက်လျှင် အကောင်းကိုမဟော။ အဆိုးကိုသာ ဟောလေ့ရှိသည်ဟု သင့်ကို ငါပြောခဲ့သည်မဟုတ်လော”ဟု ဆို၏။
19
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
20
ထာဝရဘုရားက ‘အာဟပ်မင်းကြီးသည် ရာမုတ်ဂိလဒ်မြို့ကိုချီတက်ပြီး ကျဆုံးသွားအောင် မည်သူဖြားယောင်းမည်နည်း’ဟု မေးတော်မူလျှင် တစ်ပါးက ဤသို့ဟု လျှောက်တင်၏။ နောက်တစ်ပါးက ထိုသို့ဟု လျှောက်တင်၏။
21
ထိုအခါ ဝိညာဉ်တစ်ပါးထွက်လာ၍ ထာဝရဘုရားရှေ့တော်၌ရပ်လျက် ‘အကျွန်ုပ် ဖြားယောင်းပါမည်’ဟု လျှောက်တင်လျှင် ထာဝရဘုရားက ‘မည်သို့ဖြားယောင်းမည်နည်း’ဟု မေးတော်မူ၏။
22
ထိုဝိညာဉ်ကလည်း ‘အကျွန်ုပ်သွား၍ ပရောဖက်အပေါင်းတို့၏နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ဖြစ်မည်’ဟု လျှောက်တင်၏။ ထာဝရဘုရားကလည်း ‘သင်ဖြားယောင်းနိုင်လိမ့်မည်။ အောင်လည်းအောင်မြင်လိမ့်မည်။ သွား၍ ထိုသို့ပြုလော့’ဟု မိန့်တော်မူ၏။
23
ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။
24
ထိုအခါ ခေနာနာ၏သားဇေဒကိသည် မိက္ခာယအနားသို့လာပြီး ပါးကိုရိုက်၏။ ထို့နောက် “ထာဝရဘုရား၏ဝိညာဉ်တော်သည် သင်နှင့်စကားပြောရန် ငါ့ထံမှ မည်သည့်အချိန်က ထွက်သွားသနည်း”ဟု မေး၏။
25
မိက္ခာယကလည်း “ကြည့်ပါ။ အခန်းထဲ သင်ဝင်ပုန်းနေရသောနေ့ရောက်သောအခါ သိမြင်ရလိမ့်မည်”ဟု ပြန်ပြော၏။
26
ထိုအခါ အစ္စရေးဘုရင်က “မိက္ခာယကို ခေါ်သွားပြီး သူ့ကိုမြို့အုပ်အာမုန်နှင့် ဘုရင့်သားတော်ယောရှထံ အပ်လော့။
27
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
28
ထိုအခါ မိက္ခာယက “အရှင်မင်းကြီး ဘေးကင်းစွာအမှန်ပြန်လာရသည်ဆိုလျှင် အကျွန်ုပ်အားဖြင့် ထာဝရဘုရားမိန့်မှာသည်မဟုတ်”ဟု ပြန်ပြောပြီးလျှင် “လူအပေါင်းတို့၊ ငါ့စကားကို မှတ်ထားကြလော့”ဟု ဆို၏။
29
ဤသို့ဖြင့် အစ္စရေးဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းကြီးတို့သည် ရာမုတ်ဂိလဒ်မြို့သို့ စစ်ချီသွားကြ၏။
30
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ငါသည် ရုပ်ဖျက်ပြီး တိုက်ပွဲဝင်မည်။ သင်မူကား သင်၏မင်းဝတ်တန်ဆာတို့ကို ဝတ်ဆင်ပါလော့”ဟု ဆိုပြီး အစ္စရေးဘုရင်သည် ရုပ်ဖျက်၍ စစ်ပွဲထဲသို့ဝင်လေ၏။
31
ဆီးရီးယားဘုရင်သည် မိမိ၏စစ်ရထားမှူးသုံးဆယ့်နှစ်ယောက်အား “အစ္စရေးဘုရင်မှလွဲ၍ အခြားကြီးကြီးငယ်ငယ်တစ်ယောက်ကိုမျှ မတိုက်ကြပါနှင့်”ဟု မိန့်မှာထား၏။
32
စစ်ရထားမှူးတို့က ယောရှဖတ်မင်းကြီးကိုမြင်လျှင် “ဤသူသည် အစ္စရေးဘုရင်ပင်ဖြစ်ရမည်”ဟုဆိုလျက် သူ့ကိုတိုက်ခိုက်ရန် လှည့်လာကြ၏။ ထိုအခါ ယောရှဖတ်မင်းကြီး အော်ဟစ်လေ၏။
33
အစ္စရေးဘုရင်မဟုတ်သည်ကို စစ်ရထားမှူးတို့သိမြင်၍ သူ့နောက်မလိုက်တော့ဘဲ ပြန်လှည့်သွားလေ၏။
34
စစ်သည်တစ်ဦးသည် လေးကိုအမှတ်တမဲ့ပစ်ထည့်လိုက်ရာ အစ္စရေးဘုရင်ဝတ်ထားသောသံချပ်အင်္ကျီ၏ဆက်ရာကြားတွင် ထိမှန်လေ၏။ ထိုအခါ ရှင်ဘုရင်က မိမိစစ်ရထားမှူးအား “ရထားကိုပြန်လှည့်ပြီး စစ်မြေပြင်မှထွက်သွားလော့။ ငါဒဏ်ရာရနေပြီ”ဟု အမိန့်ပေး၏။
35
ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်၏။ စစ်ရထားပေါ်တွင် ရှင်ဘုရင်ကို ဆီးရီးယားတပ်ဘက်သို့ မျက်နှာမူစေပြီး မှီထိုင်စေ၏။ ညနေခင်းအချိန်တွင် ရှင်ဘုရင်အနိစ္စရောက်၍ ဒဏ်ရာမှသွေးများလည်း စစ်ရထားကြမ်းပြင်အထိ စီးကျ၏။
36
နေဝင်ချိန်ရောက်သောအခါ “လူတိုင်း ကိုယ့်ပြည်၊ ကိုယ့်မြို့သို့ ပြန်ကြပါ”ဟူသောအော်ဟစ်သံမှာ တပ်တစ်တပ်လုံးပျံ့နှံ့သွား၏။
37
ရှင်ဘုရင်အနိစ္စရောက်သွားသဖြင့် ရှမာရိမြို့သို့သယ်လာပြီး ရှင်ဘုရင်ကို ရှမာရိမြို့တွင် သင်္ဂြိုဟ်ကြ၏။
38
စစ်ရထားကို ပြည့်တန်ဆာတို့ရေချိုးလေ့ရှိသော ရှမာရိရေကန်တွင် ဆေးကြောရာ ထာဝရဘုရားမိန့်တော်မူသည့်စကားအတိုင်း ရှင်ဘုရင်၏သွေးတို့ကို ခွေးတို့ လျက်ကြလေ၏။
39
ကျန်ရှိနေသော အာဟပ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူပြုခဲ့သောအရာဟူသမျှ၊ ဆင်စွယ်နန်းတော်တည်ဆောက်ခဲ့ပုံ၊ မြို့များတည်ခဲ့ပုံတို့ကို အစ္စရေးဘုရင်တို့၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
40
အာဟပ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ၏သားတော်အာခဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
41
အစ္စရေးဘုရင်အာဟပ်မင်းကြီး နန်းစံလေးနှစ်တွင် ယုဒပြည်၌ အာသမင်းကြီး၏သားတော်ယောရှဖတ် နန်းတက်၏။
42
ယောရှဖတ်နန်းတက်ချိန်တွင် သက်တော်သုံးဆယ့်ငါးနှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် နှစ်ဆယ့်ငါးနှစ် စိုးစံ၏။ မယ်တော်ကား ရှိလဟိ၏သမီး အဇုဘအမည်ရှိ၏။
43
ယောရှဖတ်သည် ခမည်းတော်အာသမင်းကြီးလျှောက်ခဲ့သောလမ်းအတိုင်း လိုက်လျှောက်၏။ ထိုလမ်းမှမလွဲဘဲ ထာဝရဘုရားရှေ့တော်တွင် ဖြောင့်မှန်စွာကျင့်ကြံနေထိုင်၏။ သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားပေ။ လူတို့သည် ထိုအထွတ်အမြတ်ထားရာနေရာများ၌ ယဇ်ပူဇော်လျက်၊ နံ့သာပေါင်းကိုမီးရှို့ပူဇော်လျက်ရှိ၏။
44
ယောရှဖတ်မင်းကြီးသည် အစ္စရေးဘုရင်နှင့် သင့်မြတ်စွာနေ၏။
45
ကျန်ရှိနေသော ယောရှဖတ်မင်းကြီးလက်ထက်အဖြစ်အပျက်များ၊ သူ၏ဘုန်းတန်ခိုးကြီးခဲ့ပုံ၊ စစ်တိုက်ခဲ့ပုံ စသည်တို့ကို ယုဒဘုရင်များ၏ရာဇဝင်မှတ်တမ်းတွင် ရေးမှတ်ထား၏ ။
46
သူသည် ခမည်းတော်လက်ထက်မှကျန်နေခဲ့သော မိစ္ဆာဒိဋ္ဌိကျင့်ထုံးဆိုင်ရာယောက်ျားပြည့်တန်ဆာများကို ပြည်တော်မှ ဖယ်ရှားပစ်၏။
47
ထိုစဉ်က ဧဒုံပြည်တွင် ရှင်ဘုရင်မရှိ။ ဘုရင်ခံက အုပ်ချုပ်၏။
48
ဩဖိရမြို့သို့သွား၍ ရွှေကိုသယ်ဆောင်လာရန် ယောရှဖတ်မင်းကြီးသည် တာရှုသင်္ဘောများကို တည်ဆောက်၏။ သို့သော် ဧဇယုန်ဂါဗာမြို့တွင် သင်္ဘောပျက်သဖြင့် ခရီးမသွားနိုင်ခဲ့။
49
အာဟပ်မင်းကြီး၏သားတော်အာခဇိမင်းကြီးက ယောရှဖတ်မင်းကြီးအား “အကျွန်ုပ်၏အစေအပါးတို့ကို သင်၏အစေအပါးတို့နှင့်အတူ သင်္ဘောလိုက်စေပါ”ဟု တောင်းဆိုသည်ကို ယောရှဖတ်မင်းကြီးက လက်မခံခဲ့။
50
ယောရှဖတ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဘင်တော်ဒါဝိဒ်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်ယဟောရံသည် သူ့အရိုက်အရာကို ဆက်ခံ၏။
51
ယုဒဘုရင်ယောရှဖတ်မင်းကြီး နန်းစံတစ်ဆယ့်ခုနစ်နှစ်တွင် အာဟပ်မင်းကြီး၏သားတော်အာခဇိသည် အစ္စရေးပြည်၊ ရှမာရိမြို့တွင် နန်းတက်၍ အစ္စရေးလူမျိုးကို နှစ်နှစ်အုပ်စိုး၏။
52
သူသည် ဘိုးဘေးတို့ကဲ့သို့ပင် ထာဝရဘုရားရှေ့တော်၌ မကောင်းမှုကိုပြု၏။ ခမည်းတော်လျှောက်သောလမ်းအတိုင်း၊ မယ်တော်လျှောက်သောလမ်းအတိုင်း၊ အစ္စရေးလူမျိုးကို လမ်းမှားစေသောနေဗတ်၏သားယေရောဗောင်မင်းကြီး လျှောက်သောလမ်းအတိုင်း လိုက်လျှောက်၏။
53
သူသည် ခမည်းတော်ပြုခဲ့သည့်အတိုင်း ဗာလဘုရားကို ဝတ်ပြုကိုးကွယ်ခြင်းဖြင့် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို အမျက်ထွက်စေ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22