bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
2 Samuel 13
2 Samuel 13
Burmese MSBZ
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
1
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
2
ထိုသို့ အာမနုန်သည် နှမတာမာကို ချစ်သောစိတ်ဖြင့် စိတ်ဖိစီးကာဖျားလေ၏။ နှမတော်သည် အပျိုစင်ဖြစ်သောကြောင့် သူ့အား မည်သို့ရယူရမည်ကို အာမနုန်တွေးမရဘဲ အခက်တွေ့နေ၏။
3
အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။
4
သူက အာမနုန်အား “အို ဘုရင့်သားတော်၊ အဘယ်ကြောင့် တစ်နေ့ထက်တစ်နေ့ ပိန်လာသနည်း။ အကျွန်ုပ်အား ပြောပြ၍မရသလော”ဟု ဆိုလျှင် အာမနုန်က “ငါ့ညီ အဗရှလုံ၏နှမ တာမာကို ငါချစ်မိနေပါပြီ”ဟု ပြန်ပြော၏။
5
ထိုအခါ ယောနဒပ်က သူ့အား “သင်နေမကောင်းယောင်ဆောင်ပြီး အိပ်ရာထဲလှဲနေလိုက်ပါ။ သင့်ခမည်းတော် သင့်ကိုလာကြည့်လျှင် ‘အကျွန်ုပ်ကို ပြုစုကျွေးမွေးဖို့ အကျွန်ုပ်၏နှမတာမာကို လွှတ်ပေးပါ။ အကျွန်ုပ်ရှေ့တွင် အစားအစာပြင်ဆင်ပေးသည်ကို ကြည့်ပြီး သူ့လက်နှင့် ခွံ့ကျွေးသည်ကို စားလိုပါ၏’ဟူ၍ လျှောက်လော့”ဟု အကြံပေးလေ၏။
6
ထို့ကြောင့် အာမနုန်သည် နေမကောင်းယောင်ဆောင်ပြီး လှဲနေလေ၏။ ရှင်ဘုရင်လာကြည့်သောအခါ အာမနုန်က ရှင်ဘုရင်အား “အကျွန်ုပ်၏နှမ တာမာကို လွှတ်ပေးပြီး အကျွန်ုပ်ရှေ့တွင် မုန့်နှစ်ပြားကိုလုပ်ပေးစေပါ။ သူ့လက်နှင့် ခွံ့ကျွေးသည်ကို အကျွန်ုပ်စားလိုပါ၏”ဟု လျှောက်လျှင်
7
ဒါဝိဒ်မင်းကြီးကလည်း တာမာရှိရာနန်းဆောင်သို့လူလွှတ်၍ “ယခု သင့်အစ်ကိုအာမနုန်ရှိရာနန်းဆောင်သို့သွားပြီး သူ့အတွက် စားစရာကိုပြင်ဆင်ပေးပါ”ဟု မှာလိုက်၏။
8
ထို့ကြောင့် တာမာသည် အစ်ကိုအာမနုန်ရှိရာနန်းဆောင်သို့သွား၍ လဲလျောင်းနေသော အာမနုန်ရှေ့တွင် မုန့်ညက်ကိုယူ၍ နယ်ပြီးလျှင် မုန့်ကိုဖုတ်လေ၏။
9
ဒယ်အိုးထဲမှမုန့်ကိုယူ၍ အာမနုန်ရှေ့၌ ချပေးသော်လည်း သူသည်မစားဘဲ “လူအားလုံး ငါ့ထံမှထွက်သွားကြ”ဟု ဆိုသဖြင့် လူအားလုံး သူ့ထံမှထွက်သွားကြ၏။
10
ထိုအခါ အာမနုန်က တာမာအား “မုန့်ကို အိပ်ခန်းထဲယူလာပြီး ငါ့ကို သင်လက်နှင့် ခွံ့ကျွေးပါ” ဟု ဆိုသဖြင့် တာမာသည် မိမိပြင်ဆင်ထားသောမုန့်တို့ကိုယူ၍ အစ်ကိုအာမနုန်အိပ်ခန်းထဲသို့ ဆောင်သွား၏။
11
အာမနုန်စားဖို့ မုန့်ကိုကမ်းပေးလိုက်သောအခါ အာမနုန်က သူ့ကိုဖမ်းဆွဲပြီး “ငါ့နှမ လာပါ။ ငါနှင့်အတူ အိပ်ပါ”ဟု ဆို၏။
12
တာမာကလည်း သူ့အား “မလုပ်ပါနှင့် အစ်ကို။ အကျွန်ုပ်ကို အဓမ္မမပြုပါနှင့်။ အစ္စရေးလူမျိုးတွင် ဤသို့ပြုလေ့မရှိ။ ဤသို့ ယုတ်ညံ့သောအမှုကို မပြုပါနှင့်။
13
ဤသို့ပြုလျှင် အကျွန်ုပ်ဘယ်သွားသွား ကဲ့ရဲ့ခံရပါလိမ့်မည်။ သင်သည်လည်း အစ္စရေးလူမျိုးတွင် မိုက်မဲသောသူတစ်ဦး ဖြစ်ရပါလိမ့်မည်။ ထို့ကြောင့် ရှင်ဘုရင်ကို လျှောက်တင်ပါလော့။ သင်နှင့်အကျွန်ုပ်ကို သဘောမတူဘဲမနေပါ”ဟု ဆိုသော်လည်း
14
နှမစကားကို နားမထောင်ဘဲ နှမထက်အားကြီးသောကြောင့် သူ့ကို အဓမ္မပြုကျင့်ကာ အတူအိပ်လေ၏။
15
ထို့နောက် အာမနုန်သည် သူ့ကို အမုန်းကြီးမုန်းသွားပြန်၏။ ယခင်ချစ်သောစိတ်ထက် မုန်းသောစိတ်ပို၍ကြီးသဖြင့် အာမနုန်က သူ့အား “ထလော့၊ ထွက်သွားလော့”ဟု ဆို၏။
16
တာမာကလည်း “မနှင်ထုတ်ပါနှင့်။ အကျွန်ုပ်ကိုနှင်ထုတ်ခြင်းသည် အကျွန်ုပ်ကို အဓမ္မပြုကျင့်သည်ထက် သာ၍ဆိုးပါ၏”ဟု ဆိုသော်လည်း သူသည် နားမထောင်။
17
သူ့ထံ၌ခစားသောငယ်သားတစ်ယောက်ကိုခေါ်၍ “ဤမိန်းမကို ငါ့ထံမှ အပြင်သို့နှင်ထုတ်ပြီး တံခါးကိုပိတ်ထားလော့”ဟု ဆို၏။
18
ထိုငယ်သားသည်လည်း ဘုရင့်သမီးတော်အပျိုစင်တို့ ဝတ်ဆင်ရလေ့ရှိသောရောင်စုံသင်တိုင်းကို ဝတ်ဆင်ထားသောတာမာအား နှင်ထုတ်ပြီးလျှင် တံခါးကိုပိတ်ထားလိုက်လေ၏။
19
တာမာသည် ခေါင်းပေါ်မှာပြာကိုတင်လျက် မိမိဝတ်ထားသောရောင်စုံသင်တိုင်းကို ဆွဲဆုတ်ပစ်လေ၏။ ထို့နောက် ခေါင်းပေါ်မှာလက်ကိုတင်ကာ အော်ဟစ်ငိုကြွေးလျက် ပြန်သွားလေ၏။
20
သူ့အစ်ကို အဗရှလုံက သူ့အား “သင့်အစ်ကို အာမနုန်က သင့်ကိုအဓမ္မပြုလိုက်ပြီလော။ ငါ့နှမ၊ ယခု ဆိတ်ဆိတ်နေလော့။ သူသည် သင့်အစ်ကို ဖြစ်သည့်အတွက် ဤကိစ္စကို သင့်စိတ်ထဲမထားပါနှင့်”ဟု နှစ်သိမ့်၏။ တာမာကလည်း သူ့အစ်ကို အဗရှလုံ၏နန်းဆောင်တွင် ဆိတ်ဆိတ်နေလေ၏။
21
ဒါဝိဒ်မင်းကြီးသည် ဤသတင်းအလုံးစုံကို ကြားသိလျှင် အလွန်အမျက်ထွက်လေ၏။
22
အဗရှလုံသည် မိမိနှမတာမာအား အာမနုန်အဓမ္မပြုလိုက်သဖြင့် အာမနုန်ကိုမုန်းတီး၏။ သို့သော် သူ့အား ကောင်းသည်၊ ဆိုးသည် မည်သည့်စကားတစ်ခွန်းကိုမျှမပြောဘဲနေ၏။
23
အချိန်နှစ်နှစ်ခန့်ကြာသော် အဗရှလုံသည် ဧဖရိမ်ပြည်အနီး ဗာလဟာဇော်အရပ်၌ သိုးမွေးညှပ်သမားတို့နှင့်အတူရှိနေစဉ် ဘုရင့်သားတော်အပေါင်းတို့ကို ဖိတ်ခေါ်၏။
24
ထို့ပြင် အဗရှလုံသည် ရှင်ဘုရင်ထံသို့ဝင်၍ “အရှင့်သားကျွန်တော်မျိုး သိုးမွေးညှပ်ပွဲကျင်းပနေပါသည်။ သို့ဖြစ်၍ အရှင်မင်းကြီးနှင့် မင်းမှုထမ်းတို့ ကျွန်တော်မျိုးနှင့်အတူ ကြွတော်မူပါ”ဟု လျှောက်၏။
25
ထိုအခါ ရှင်ဘုရင်က အဗရှလုံအား “ငါ့သား၊ ငါတို့အကုန် မသွားသင့်ပါ။ သင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လိမ့်မည်”ဟု မိန့်ဆို၏။ အဗရှလုံ မရမကခေါ်သော်လည်း ရှင်ဘုရင်သည် မသွားလို၊ ကောင်းချီးသာပေးလိုက်၏။
26
အဗရှလုံကလည်း “ထိုသို့ဖြစ်လျှင် အကျွန်ုပ်၏အစ်ကို အာမနုန်ကို အကျွန်ုပ်တို့နှင့်အတူ သွားခွင့်ပေးပါ”ဟု ဆိုလျှင် ရှင်ဘုရင်က “အဘယ်ကြောင့် သူ့ကို သွားစေလိုသနည်း”ဟု မေး၏။
27
သို့သော် အဗရှလုံက မရမကတောင်းဆိုသဖြင့် ရှင်ဘုရင်သည် အာမနုန်နှင့်တကွ ရှင်ဘုရင်၏သားတော်အားလုံးကိုသွားစေလေ၏။
28
ထိုအခါ အဗရှလုံက သူ့ငယ်သားတို့အား “သင်တို့ စောင့်ကြည့်ပါ။ စပျစ်ဝိုင်ကြောင့် အာမနုန် စိတ်မြူးလာသောအခါ ငါက ‘အာမနုန်ကို သတ်လိုက်ပါ’ဟု ဆိုလျှင် သူ့ကိုသတ်လိုက်ပါ။ ငါအမိန့်ပေးသည်မဟုတ်လော။ သင်တို့မကြောက်ကြနှင့်။ အားယူပြီး သတ္တိရှိကြပါ”ဟု မှာထား၏။
29
ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
30
သူတို့လမ်း၌ရှိနေသေးစဉ် “အဗရှလုံသည် ရှင်ဘုရင်၏သားတော်အားလုံးကို သုတ်သင်ပစ်လေပြီ။ တစ်ယောက်မျှ မကျန်ပါ”ဟု ဒါဝိဒ်မင်းကြီးထံ သတင်းရောက်လာ၏။
31
ရှင်ဘုရင်သည် ထ၍ မိမိအဝတ်ကိုဆုတ်လျက် မြေပေါ်မှာလှဲလေ၏။ သူ့ထံခစားသော မင်းမှုထမ်းအပေါင်းတို့သည်လည်း ကိုယ့်အဝတ်ကိုယ်ဆုတ်ပစ်ကြလေ၏။
32
ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ယောနဒပ်က “အကျွန်ုပ်၏သခင်၊ ရှင်ဘုရင်၏သားတော် မင်းညီမင်းသားအားလုံး အသတ်ခံရပြီဟု မထင်လိုက်ပါနှင့်။ အာမနုန်တစ်ဦးတည်းသာ အသတ်ခံရပါပြီ။ အဗရှလုံသည် မိမိနှမတာမာအဓမ္မပြုခံရသည့်နေ့မှစ၍ ဤအမှုကို ကြံစည်ထားနှင့်ပါပြီ။
33
သို့ဖြစ်၍ အကျွန်ုပ်၏သခင် အရှင်မင်းကြီး၏စိတ်ထဲတွင် ရှင်ဘုရင်၏သားတော်အားလုံးသေပြီဟူသောသတင်းကို မယုံပါနှင့်။ အာမနုန်တစ်ဦးတည်းသာ သေပါပြီ”ဟု လျှောက်လေ၏။
34
အဗရှလုံမှာ ထွက်ပြေးသွားနှင့်ပြီဖြစ်၏။ ကင်းစောင့်လုလင်တစ်ဦးသည် အနောက်ဘက်သို့မျှော်ကြည့်ရာ တောင်စောင်းလမ်းတစ်လျှောက်တွင် လူအုပ်ကြီးလာနေသည်ကိုမြင်လျှင်
35
ယောနဒပ်က ရှင်ဘုရင်အား “ကြည့်ပါ။ ရှင်ဘုရင်၏သားတော်တို့ ပြန်လာကြပါပြီ။ ကျွန်တော်မျိုး၏စကား မှန်သည် မဟုတ်လော”ဟု ဆို၏။
36
ယောနဒပ်၏စကားဆုံးသည်နှင့် ရှင်ဘုရင်၏သားတော်တို့သည် ရောက်လာ၍ အော်ဟစ်ငိုကြွေးကြလေ၏။ ရှင်ဘုရင်နှင့်တကွ မင်းမှုထမ်းအပေါင်းတို့သည်လည်း ပြင်းစွာငိုကြွေးကြလေ၏။
37
အဗရှလုံသည် ထွက်ပြေး၍ ဂေရှုရဘုရင်အမိဟုဒ်မင်းကြီး၏သားတော် တာလမဲထံသို့ ရောက်သွား၏။ ဒါဝိဒ်မင်းကြီးမူကား သားတော်ကြောင့် နေ့စဉ်နှင့်အမျှ ငိုကြွေးမြည်တမ်းရလေ၏။
38
အဗရှလုံသည် ဂေရှုရပြည်သို့ထွက်ပြေးသွား၍ ထိုပြည်တွင် သုံးနှစ်နေလေ၏။
39
ဒါဝိဒ်မင်းကြီးသည် သေဆုံးသွားသောအာမနုန်အတွက် စိတ်ဖြေသာမှုရပြန်သော် အဗရှလုံထံ စိတ်ရောက်သွားပြန်၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24