bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
2 Samuel 2
2 Samuel 2
Burmese MSBZ
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
ထို့နောက်မှ ဒါဝိဒ်က “ယုဒပြည်ရှိမြို့တစ်မြို့မြို့သို့ အကျွန်ုပ်သွားရပါမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက “သွားလော့”ဟု မိန့်ဆို၏။ ဒါဝိဒ်ကလည်း “မည်သည့်မြို့သို့ သွားရပါမည်နည်း”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ဟေဗြုန်မြို့သို့ သွားလော့”ဟု မိန့်တော်မူ၏။
2
ဤသို့ဖြင့် ဒါဝိဒ်သည် ဟေဗြုန်မြို့သို့ တက်သွားရာတွင် သူ၏မယားနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့လည်း ပါလေ၏။
3
ဒါဝိဒ်သည် သူ့လူတို့ကို မိသားစုအလိုက် ခေါ်၍ ဟေဗြုန်မြို့ရွာတို့၌ နေထိုင်စေ၏။
4
ထိုအခါ ယုဒအမျိုးသားတို့သည် ရောက်လာ၍ ဒါဝိဒ်အား ယုဒအမျိုးအနွယ်တို့၏ဘုရင်အဖြစ် ထိုနေရာတွင် ဘိသိက်ပေးကြ၏။ သူတို့က ဒါဝိဒ်အား “ယာဗက်ဂိလဒ်မြို့သားတို့က ရှောလုမင်းကြီးကိုသင်္ဂြိုဟ်လိုက်ကြပါပြီ”ဟု ပြောပြကြသောအခါ
5
ဒါဝိဒ်သည် ယာဗက်ဂိလဒ်မြို့သားတို့ထံသို့ တမန်တို့ကိုစေလွှတ်၍ “သင်တို့သည် သင်တို့၏အရှင်ရှောလုမင်းကြီးကို ဤသို့မေတ္တာပြ၍ သင်္ဂြိုဟ်ပေးသောကြောင့် ထာဝရဘုရားသည် သင်တို့ကို ကောင်းချီးပေးတော်မူပါစေသော။
6
သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
7
သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။
8
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
9
ဣရှဗောရှက်ကို ဂိလဒ်အမျိုး၊ အာရှာအမျိုး၊ ယေဇရေလအမျိုး၊ ဧဖရိမ်အမျိုး၊ ဗင်္ယာမိန်အမျိုးမှစ၍ အစ္စရေးတစ်မျိုးလုံး၏ဘုရင်အဖြစ် တင်မြှောက်လေ၏။
10
ရှောလုမင်းကြီး၏သားဣရှဗောရှက်သည် အစ္စရေးဘုရင်ဖြစ်လာချိန်တွင် သက်တော်လေးဆယ်ရှိ၍ တိုင်းပြည်ကို နှစ်နှစ် အုပ်စိုး၏။ ယုဒအမျိုးအနွယ်တို့မူကား ဒါဝိဒ်မင်းကြီးနောက်သို့လိုက်ကြ၏။
11
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့တွင် ယုဒအမျိုးအနွယ်တို့ကို ခုနစ်နှစ်နှင့် ခြောက်လတိုင်အောင် အချိန်ကြာကြာအုပ်ချုပ်ခဲ့၏။
12
နေရ၏သား အာဗနာနှင့် ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏အစေအပါးတို့သည် မဟာနိမ်မြို့မှ ဂိဗောင်မြို့သို့ ထွက်လာလျှင်
13
ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
14
ထို့နောက် အာဗနာက ယွာဘအား “လုလင်တို့ကိုငါတို့ရှေ့သို့ ထွက်လာပြီး စစ်ထိုးကစားစေမည်”ဟု ဆိုလျှင် ယွာဘက “ထွက်လာကြစေ”ဟု ဆို၏။
15
ရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီးဘက်မှ ဗင်္ယာမိန်အမျိုး တစ်ဆယ့်နှစ်ယောက်နှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ဘက်မှ တစ်ဆယ့်နှစ်ယောက် ထွက်လာ၍
16
ပြိုင်ဖက်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ခေါင်းကိုဖမ်းဆွဲ၍ နံဘေးကို ဓားနှင့်ထိုးကြရာ အားလုံးလဲကျသေဆုံးကြလေ၏။ ထို့ကြောင့် ဂိဗောင်မြို့ရှိ ထိုနေရာကို ဟေလကသဇ္ဇုရိမ် ဟုခေါ်ဆိုကြ၏။
17
ထိုနေ့တွင် တိုက်ပွဲအလွန်ပြင်းထန်ရာ အာဗနာနှင့် အစ္စရေးအမျိုးသားတို့သည် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကို ရှုံးနိမ့်သွား၏။
18
ဇေရုယာ၏သားသုံးယောက်ဖြစ်သော ယွာဘ၊ အဘိရှဲနှင့် အာသဟေလတို့သည်လည်း ထိုတိုက်ပွဲတွင် ပါဝင်၏။ အာသဟေလသည် တောဒရယ်တစ်ကောင်ကဲ့သို့ အပြေးမြန်သူဖြစ်၏။
19
အာသဟေလသည် အာဗနာနောက်သို့ လိုက်လေ၏။ သူသည် ဝဲယာမယိမ်းဘဲ အာဗနာနောက်သို့ တစိုက်မတ်မတ်လိုက်လေ၏။
20
ထိုအခါ အာဗနာသည် နောက်သို့လှည့်ကြည့်၍ “သင်ကား အာသဟေလ ဟုတ်သလော”ဟု မေးလျှင် သူက “ဟုတ်၏”ဟု ပြန်ဖြေ၏။
21
ထို့နောက် အာဗနာက “ငါ့ကို မလိုက်တော့နှင့်။ ဝဲဘက်ဖြစ်စေ၊ ယာဘက်ဖြစ်စေ လှည့်၍ လုလင်တစ်ယောက်ယောက်ကိုလိုက်ဖမ်းပြီး သူ့ထံမှလက်နက်ပစ္စည်းများကို သိမ်းယူပါလော့”ဟု ဆိုသော်လည်း အာသဟေလသည် ပြန်မလှည့်ဘဲ ဆက်၍သာလိုက်၏။
22
အာဗနာကလည်း အာသဟေလအား “ပြန်လှည့်သွားလော့။ ငါ့ကို မလိုက်နှင့်။ အဘယ်ကြောင့် သင့်ကို ငါသတ်ရမည်နည်း။ သင့်ကိုသတ်မိလျှင် သင့်အစ်ကို ယွာဘကို ငါမည်သို့မျက်နှာပြရမည်နည်း”ဟု ထပ်ပြော၏။
23
အာသဟေလသည် ပြန်မလှည့်ဘဲဆက်၍လိုက်နေသောကြောင့် အာဗနာသည် သူ့ကို လှံဖြင့် နောက်ပြန်ထိုးလိုက်ရာ လှံသည် ဝမ်းဗိုက်မှ နောက်ကျောအထိ ထုတ်ချင်းပေါက်သွားပြီး သူသည် ထိုနေရာတွင်ပင် လဲကျသေဆုံးသွားလေ၏။ အာသဟေလ လဲကျသေဆုံးသောနေရာသို့ ရောက်လာသူအားလုံးလည်း ရပ်တန့်သွားကြ၏။
24
ယွာဘနှင့် အဘိရှဲမူကား အာဗနာကို ဆက်လိုက်ကြပြီး နေဝင်ချိန်တွင် ဂိဗောင်တောကန္တာရသွားရာလမ်း၊ ဂိအာမြို့နှင့်မျက်နှာချင်းဆိုင် အမ္မတောင်ကုန်းသို့ ရောက်လာကြ၏။
25
အာဗနာနောက်တွင် ဗင်္ယာမိန်အမျိုးသားတို့စုရုံးလာပြီး တစ်စုတည်းပေါင်းမိကြကာ သူတို့တစ်ဖွဲ့လုံးတောင်ကုန်းထိပ်တွင် နေရာယူကြ၏။
26
အာဗနာက ယွာဘအား ဟစ်ခေါ်ပြီး “ဓားသည် အစဉ်ဝါးမျိုရမည်လော။ အဆုံးမှာ ခါးသီးကြေကွဲရမည်ကို မသိသလော။ ကိုယ့်ညီအစ်ကိုချင်းကို ဆက်၍ မလိုက်ကြရန် လူတို့ကို မတားတော့ပြီလော”ဟု ဆိုလေ၏။
27
ထိုအခါ ယွာဘက “ဘုရားသခင် အသက်ရှင်တော်မူသည်နှင့်အညီ သင်သာ ဤသို့မပြောခဲ့လျှင် လူတို့သည် ကိုယ့်ညီအစ်ကိုချင်းကို မိုးလင်းသည့်တိုင်အောင် အမှန်ပင်ဆက်လိုက်မိကြလိမ့်မည်”ဟု ဆို၏။
28
ထို့နောက် ယွာဘသည် တံပိုးကိုမှုတ်လိုက်လျှင် လူအပေါင်းတို့လည်း ရပ်တန့်သွားကြပြီး အစ္စရေးလူမျိုးတို့နောက်ကို ဆက်မလိုက်ကြတော့ပေ။ တိုက်ပွဲလည်း ထပ်မဖြစ်တော့ပေ။
29
ထို့နောက် အာဗနာနှင့် သူ့လူတို့သည် တစ်ညလုံး အရာဗလွင်ပြင်တစ်လျှောက် ချီတက်သွားပြီး ဂျော်ဒန်မြစ်ကိုဖြတ်ကာ ဗိသရုန်ပြည်တစ်လျှောက်ဖြတ်ပြီးနောက် မဟာနိမ်မြို့သို့ ပြန်ရောက်ကြ၏။
30
ယွာဘသည် အာဗနာကိုလိုက်ရာမှ ပြန်လာပြီးနောက် လူအားလုံးကို စုဝေးစေရာ အာသဟေလနှင့် ဒါဝိဒ်မင်းကြီး၏အစေအပါး တစ်ဆယ့်ကိုးယောက် ပျောက်ဆုံးနေသည်ကို တွေ့ရ၏။
31
ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့ကား အာဗနာ၏လူ ဗင်္ယာမိန်အမျိုး အယောက်သုံးရာခြောက်ဆယ်ကို တိုက်ခိုက်သတ်ဖြတ်ခဲ့၏။
32
ထို့နောက်တွင် အာသဟေလအလောင်းကို သူ့ဖခင်သင်္ချိုင်းရှိရာ ဗက်လင်မြို့သို့ သယ်သွားပြီး သင်္ဂြိုဟ်ကြ၏။ ထို့နောက် ယွာဘနှင့်သူ့လူတို့သည် ညတွင်းချင်းပြန်လာကြရာ မိုးလင်းမှ ဟေဗြုန်မြို့သို့ ပြန်ရောက်ကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24