bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
2 Samuel 9
2 Samuel 9
Burmese MSBZ
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
1
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
2
ရှောလုမင်းကြီး၏အမျိုးအနွယ်ထဲတွင် ဇိဘအမည်ရှိသောအစေအပါးတစ်ဦးရှိ၏။ ထိုသူကို ဒါဝိဒ်မင်းကြီးထံခေါ်ဆောင်လာရာ ရှင်ဘုရင်က သူ့အား “သင်ကား ဇိဘမှန်သလော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
3
ထိုအခါ ရှင်ဘုရင်က “ရှောလုမင်းကြီး၏အမျိုးအနွယ် တစ်ဦးဦးရှိသေးသလော။ ဘုရားသခင်ထံမှ မေတ္တာကရုဏာတော်ကို သူ့အား ငါပြလို၏”ဟု ဆိုလျှင် ဇိဘက “ယောနသန်၌ သားတစ်ဦးရှိပါသေး၏။ သူသည် ခြေနှစ်ဖက်လုံးမသန်စွမ်းပါ”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။
4
ရှင်ဘုရင်ကလည်း “သူအဘယ်မှာနေသနည်း”ဟု မေးလျှင် ဇိဘက “လောဒေဗာမြို့ရှိ အမျေလ၏သား မာခိရ၏အိမ်၌နေပါ၏”ဟု ရှင်ဘုရင်အားပြန်လျှောက်လေ၏။
5
ထိုအခါ ဒါဝိဒ်မင်းကြီးသည် လောဒေဗာမြို့ရှိ အမျေလ၏သား မာခိရ၏အိမ်သို့ လူကိုစေလွှတ်၍ ခေါ်ဆောင်လာစေ၏။
6
ရှောလုမင်းကြီး၏မြေး၊ ယောနသန်၏သားမေဖိဗောရှက်သည် ဒါဝိဒ်မင်းကြီးထံရောက်လာသောအခါ ရှေ့တော်တွင် ပျပ်ဝပ်ရှိခိုး၏။ ဒါဝိဒ်မင်းကြီးက “သင်ကား မေဖိဗောရှက်လော”ဟု မေးလျှင် သူက “အကျွန်ုပ်သည် အရှင့်အစေအပါး မှန်ပါ၏”ဟု ပြန်လျှောက်၏။
7
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
8
သူသည် ပျပ်ဝပ်လျက် “အရှင့်အစေအပါးသည် မည်သို့သောသူဖြစ်ပါသနည်း။ ခွေးသေကောင်နှင့်တူသောအကျွန်ုပ်ကို အဘယ်ကြောင့် အရေးတယူပြုတော်မူရပါသနည်း”ဟု ပြန်လျှောက်၏။
9
ထို့နောက် ဒါဝိဒ်မင်းကြီးသည် ရှောလုမင်းကြီး၏အစေအပါး ဇိဘကိုခေါ်ပြီး “ရှောလုမင်းကြီးပိုင်ဆိုင်သမျှ၊ သူ့အမျိုးအနွယ်တို့ပိုင်ဆိုင်သမျှကို သင့်သခင်၏သားအား ငါပြန်အပ်ပေးပြီ။
10
သင်နှင့် သင့်သားသမီးများ၊ သင့်အစေအပါးများသည် ထိုလယ်ယာများကို ထွန်ယက်စိုက်ပျိုးပြီး သင့်သခင်၏သားမြေးတို့ စားစရာအဖို့ ယူဆောင်လာပေးရမည်။ သင့်သခင်၏သား မေဖိဗောရှက်သည် နေ့စဉ် ငါ့စားပွဲတွင် စားရမည်”ဟု ဆို၏။ ဇိဘ၌ သားတစ်ဆယ့်ငါးယောက်နှင့် အစေအပါး အယောက်နှစ်ဆယ်ရှိ၏။
11
ဇိဘက “အရှင့်အစေအပါးအား အရှင်မင်းကြီးမိန့်တော်မူသမျှအတိုင်း အရှင့်အစေအပါးပြုပါမည်”ဟု ရှင်ဘုရင်အား ပြန်လျှောက်၏။ မေဖိဗောရှက်သည် ဘုရင့်သားတော်တစ်ပါးကဲ့သို့ ဒါဝိဒ်မင်းကြီး၏စားပွဲတွင် စားသောက်ရ၏။
12
မေဖိဗောရှက်တွင် မိက္ခာအမည်ရှိသော သားငယ်တစ်ဦးရှိ၏။ ဇိဘ၏အိမ်သူအိမ်သားအားလုံးသည် မေဖိဗောရှက်၏အစေအပါးများဖြစ်ကြ၏။
13
ခြေနှစ်ဖက်စလုံးမသန်စွမ်းသော မေဖိဗောရှက်သည် ဂျေရုဆလင်မြို့တွင်နေထိုင်ပြီး ဘုရင်၏စားပွဲ၌ အမြဲအတူစားသောက်ခွင့်ရလေ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24