bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Ezekiel 30
Ezekiel 30
Burmese MSBZ
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 31 →
1
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
2
“အချင်းလူသား၊ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ညည်းတွားငိုကြွေးလော့။ အမင်္ဂလာနေ့ ရောက်တော့မည်။
3
နေ့ရက်အချိန် နီးလာပြီ။ စင်စစ် ထာဝရဘုရား၏နေ့ နီးလာပြီ။ ထိုနေ့သည် မိုးတိမ်ထူထပ်သောနေ့၊ လူမျိုးတကာတို့ပျက်စီးရာနေ့ ဖြစ်လိမ့်မည်။
4
ဓားဘေးသည် အီဂျစ်ပြည်သို့ ရောက်လာမည်။ အီဂျစ်ပြည်သားတို့ လဲကျသေဆုံး၍ သူ၏ဥစ္စာပစ္စည်းရှိသမျှကို သိမ်းယူသွားကြပြီး အုတ်မြစ်များကို လှန်ပစ်ကြသောအခါ အီသီယိုးပီးယားပြည်သည် ထိတ်ထိတ်ပျာပျာဖြစ်လိမ့်မည်။
5
အီသီယိုးပီးယားပြည်သား၊ ဖုတပြည်သား၊ လုဒပြည်သား၊ အာရေဗျပြည်သား၊ ခုဘပြည်သား စသည့် အီဂျစ်ပြည်နှင့်မဟာမိတ်ဖွဲ့သော ပြည်သားအားလုံး ဓားဘေးဖြင့် လဲကျသေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
6
ထို့ကြောင့် ထာဝရဘုရားက ‘အီဂျစ်ပြည်ကို ထောက်မပေးသူတို့ ကျရှုံးကြလိမ့်မည်။ သူဂုဏ်ယူဝါကြွားရာ သူ၏ခွန်အားလည်း ယုတ်လျော့သွားလိမ့်မည်။ မိဂဒေါလပြည်မှ သုဏေပြည်တိုင်အောင် သူတို့သည် ဓားဘေးဖြင့် သေဆုံးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
7
ဘုရားရှင်ထာဝရဘုရားက ‘လူသူကင်းမဲ့သောပြည်များတွင် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်ရလိမ့်မည်။ ခြောက်ကပ်သောမြို့များတွင် အခြောက်ကပ်ဆုံးမြို့ ဖြစ်ရလိမ့်မည်။
8
အီဂျစ်ပြည်ကို မီးရှို့၍ သူ့ကိုကူညီသူတို့အား ဖျက်ဆီးပစ်လိုက်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရကြလိမ့်မည်။
9
ထိုနေ့တွင် ငါသည် တမန်တို့ကို သင်္ဘောဖြင့်စေလွှတ်၍ သူတို့သည် စိတ်အေးလက်အေးနေသော အီသီယိုးပီးယားပြည်သားတို့အား ခြောက်လှန့်မည်။ အီဂျစ်ပြည်ကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သောနေ့ကဲ့သို့ဖြစ်ရမည့်နေ့ အမှန်ရောက်လာမည်’ဟု မိန့်တော်မူ၏။
10
ဘုရားရှင်ထာဝရဘုရားက ‘ငါသည် အီဂျစ်ပြည်အင်အားထုကြီးကို ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်ချက်ဖြင့် ကွယ်ပျောက်သွားစေမည်။
11
အကြမ်းကြုတ်ဆုံးလူမျိုးဖြစ်သော ထိုဘုရင်နှင့် သူ၏စစ်သည်တို့သည် ရောက်လာ၍ ထိုပြည်ကို ဖျက်ဆီးပစ်ကြလိမ့်မည်။ အီဂျစ်ပြည်ကို ဓားနှင့်တိုက်ခိုက်သဖြင့် တစ်ပြည်လုံးကို အသေကောင်များဖြင့် ပြည့်စေမည်။
12
မြစ်ချောင်းများကို ခန်းခြောက်စေမည်။ ပြည်ကို လူဆိုးတို့လက်သို့ အပ်လိုက်မည်။ တစ်ပါးအမျိုးသားတို့လက်ချက်ဖြင့် ပြည်တစ်ပြည်လုံးကို ဖျက်ဆီးပစ်မည်ဟု ငါထာဝရဘုရား မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။
13
ဘုရားရှင်ထာဝရဘုရားက ‘ရုပ်တုတို့ကိုလည်း ငါဖျက်ဆီးပစ်မည်။ မင်ဖစ်မြို့ရှိဘုရားဆင်းတုတို့ကိုလည်း ကွယ်ပျောက်စေမည်။ အီဂျစ်ပြည်တွင် ခေါင်းဆောင်တစ်ယောက်မျှ ရှိတော့မည်မဟုတ်။ အီဂျစ်ပြည်တစ်ပြည်လုံး ကြောက်ရွံ့ထိတ်လန့်အောင် ငါပြုမည်။
14
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
15
အီဂျစ်ပြည်၏ခံတပ်မြို့ဖြစ်သော သိန်မြို့ပေါ်သို့ ငါ့အမျက်ကိုသွန်ချမည်။ နောမြို့၏အင်အားထုကြီးကို ဖျက်ဆီးပစ်မည်။
16
အီဂျစ်ပြည်ကို မီးရှို့ပစ်လိုက်သောအခါ သိန်မြို့ အလူးအလိမ့်ခံရမည်။ နောမြို့ ပြိုပျက်သွားမည်။ မင်ဖစ်မြို့ အစဉ်ဆင်းရဲဒုက္ခခံရမည်။
17
အာဝင်မြို့၊ ဖိဗေသက်မြို့ရှိ လုလင်ပျိုတို့သည် ဓားဘေးဖြင့် ကျဆုံးကြလိမ့်မည်။ မြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
18
အီဂျစ်ပြည်၏ထမ်းပိုးကို ချိုးပစ်သောအခါ တာပနက်မြို့၌ နေ့သည် အမှောင်ကျလိမ့်မည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားသည်လည်း ကုန်ခန်းသွား၍ သူ့အဖို့ တိမ်ဖုံးသောနေ့တစ်နေ့ဖြစ်လိမ့်မည်။ မြို့သူမြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
19
ထိုသို့ အီဂျစ်ပြည်ကို ဒဏ်ခတ်သောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
20
တစ်ဆယ့်တစ်နှစ်မြောက်၊ ပထမလ၊ ခုနစ်ရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
21
“အချင်းလူသား၊ အီဂျစ်ဘုရင်ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးပစ်ပြီ။ အနာပျောက်ကင်းအောင် ပတ်တီးစည်းပေးမည်မဟုတ်။ ဓားပြန်ကိုင်နိုင်သည်အထိ သန်မာလာအောင် ကျပ်စည်းပေးမည်မဟုတ်။
22
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘အီဂျစ်ဘုရင်ဖာရောမင်းကြီးကို ငါဆန့်ကျင်ဘက်ပြုမည်။ သူကိုင်ထားသောဓား လက်မှလွတ်ကျသွားသည်အထိ သန်မာနေသောလက်နှင့် ကျိုးနေသောလက်ကိုပါ ငါချိုးပစ်မည်။
23
အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ် အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်ပျံ့နှံ့စေမည်။
24
ဘေဘီလုံဘုရင်၏လက်ရုံးကို ခိုင်ခံ့စေ၍ ငါ့ဓားကို သူ့လက်သို့အပ်မည်။ သို့သော် ဖာရောမင်းကြီး၏လက်ရုံးကို ငါချိုးသဖြင့် သူသည် ဘေဘီလုံဘုရင်ရှေ့တွင် သေလုမြောပါးဒဏ်ရာရသူညည်းတွားသကဲ့သို့ ညည်းတွားရလိမ့်မည်။
25
ထိုသို့ ဘေဘီလုံဘုရင်လက်ရုံးကို ငါခိုင်ခံ့စေမည်။ ဖာရော၏လက်ရုံးမူကား ကျိုးသွားလိမ့်မည်။ ငါ့ဓားကို ဘေဘီလုံဘုရင်လက်သို့အပ်၍ ထိုဓားဖြင့် အီဂျစ်ပြည်ကို တိုက်ခိုက်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
26
အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ် အတိုင်းတိုင်းအပြည်ပြည်သို့ ကွဲလွင့်ပျံ့နှံ့စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48