bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Ezekiel 48
Ezekiel 48
Burmese MSBZ
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
1
“မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
2
ဒန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် အာရှာအမျိုး၏ဝေစုဖြစ်ရမည်။
3
အာရှာနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် နဿလိအမျိုး၏ဝေစုဖြစ်ရမည်။
4
နဿလိနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် မနာရှေအမျိုး၏ဝေစုဖြစ်ရမည်။
5
မနာရှေနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဧဖရိမ်အမျိုး၏ဝေစုဖြစ်ရမည်။
6
ဧဖရိမ်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရုဗင်အမျိုး၏ဝေစုဖြစ်ရမည်။
7
ရုဗင်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ယုဒအမျိုး၏ဝေစုဖြစ်ရမည်။
8
ယုဒနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် သင်တို့ပေးလှူရမည့် အလှူမြေဖြစ်၏။ ဤမြေသည် အနံအတောင်နှစ်သောင်းငါးထောင် ၊ အလျားမှာ မျိုးနွယ်တစ်နွယ်ရသောဝေစုအတိုင်း အရှေ့ဘက်မှ အနောက်ဘက်ခြမ်းတိုင်အောင် အလျားတူရမည်။ ဤမြေ၏အလယ်ဗဟိုတွင် သန့်ရှင်းရာဌာနရှိရမည်။
9
ထာဝရဘုရားအဖို့ပေးလှူသော အလှူမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။
10
ဤမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သန့်ရှင်းသောအလှူမြေဖြစ်ရမည်။ မြောက်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနောက်ဘက်တွင် အနံအတောင်တစ်သောင်း၊ အရှေ့ဘက်တွင် အနံအတောင်တစ်သောင်း၊ တောင်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်ရှိရမည်။ ဤမြေ၏အလယ်ဗဟိုတွင် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာနရှိရမည်။
11
ဤမြေသည် သန့်ရှင်းသောယဇ်ပုရောဟိတ်များဖြစ်သော ငါ့အမှုထမ်းဇာဒုတ်၏ သားမြေးတို့အဖို့ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ လမ်းလွဲသောအခါ လေဝိအမျိုးတို့လမ်းလွဲသွားသကဲ့သို့ လမ်းမလွဲကြ။
12
အထူးသန့်ရှင်းသောအလှူမြေထဲမှ လေဝိနယ်နိမိတ်နှင့်ကပ်လျက်ရှိသောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သီးသန့်ဝေစုဖြစ်ရမည်။
13
ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။
14
ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။
15
အနံအတောင်နှစ်သောင်းငါးထောင်မြေကွက်မှ ကျန်အတောင်ငါးထောင် မြေကွက်သည် အများပိုင် မြို့မြေ၊ အိမ်မြေ၊ စားကျက်မြေဖြစ်ရမည်။ မြေအလယ်ဗဟိုတွင် မြို့ရှိရမည်။
16
မြို့၏အကျယ်အဝန်းမှာ မြောက်ဘက်တွင် အတောင်လေးထောင်ငါးရာ ၊ တောင်ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အရှေ့ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အနောက်ဘက်တွင် အတောင်လေးထောင်ငါးရာ ရှိရမည်။
17
မြို့၏စားကျက်မြေမှာ မြောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ် ၊ တောင်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အရှေ့ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အနောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ် ရှိရမည်။
18
အလှူမြေနှင့်ကပ်လျက်ရှိသော ကျန်မြေ၏အလျားသည် အရှေ့ဘက်တွင် အတောင်တစ်သောင်း၊ အနောက်ဘက်တွင် အတောင်တစ်သောင်း ရှိရမည်။ ထိုမြေသည် သန့်ရှင်းသောအလှူမြေနှင့်ကပ်လျက်ရှိ၍ ထိုမြေမှထွက်သောအသီးအနှံသည် မြို့၌အလုပ်လုပ်သူတို့ စားဖို့ဖြစ်ရမည်။
19
အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။
20
အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။
21
သန့်ရှင်းသောအလှူမြေနှင့် မြို့ပိုင်မြေ၏ဘေးတစ်ဖက်တစ်ချက်ရှိမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ ထိုမြေသည် အရှေ့ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အရှေ့ဘက်နယ်နိမိတ်အဆုံးထိ၊ အနောက်ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ဖြစ်ရမည်။ အလျားမှာ မျိုးနွယ်ပိုင်မြေနှင့်ထိစပ်ရမည်။ ထိုမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ သန့်ရှင်းသောအလှူမြေနှင့် အိမ်တော်ရှိသန့်ရှင်းရာဌာနသည် အလယ်ဗဟိုတွင်ရှိရမည်။
22
လေဝိအမျိုးပိုင်မြေနှင့် မြို့ပိုင်မြေသည် မင်းသားပိုင်မြေနှစ်ခု၏ကြားတွင် ရှိရမည်။ မင်းသားပိုင်မြေသည် ယုဒနယ်နိမိတ်နှင့် ဗင်္ယာမိန်နယ်နိမိတ်ကြားတွင် ရှိရမည်။
23
ကျန်မျိုးနွယ်များအတွက်ဝေစုမှာ အလှူမြေနားကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဗင်္ယာမိန်အမျိုး၏ဝေစုဖြစ်ရမည်။
24
ဗင်္ယာမိန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရှိမောင်အမျိုး၏ဝေစုဖြစ်ရမည်။
25
ရှိမောင်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဣသခါအမျိုး၏ဝေစုဖြစ်ရမည်။
26
ဣသခါနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဇာဗုလုန်အမျိုး၏ဝေစုဖြစ်ရမည်။
27
ဇာဗုလုန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဂဒ်အမျိုး၏ဝေစုဖြစ်ရမည်။
28
ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။
29
ဤကား အစ္စရေးအမျိုးအနွယ်တို့အား သင်တို့ခွဲဝေပေးရမည့် အမွေမြေဖြစ်၏။ ဤမြေသည် သူတို့အပိုင်မြေဖြစ်၏”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
30
မြို့ထွက်ပေါက်များကား ဤသို့ဖြစ်၏။ မြို့၏မြောက်ဘက်သည် အတောင်လေးထောင်ငါးရာ အကျယ်ရှိ၏။
31
မြို့တံခါးတို့ကို အစ္စရေးမျိုးနွယ်အလိုက် အမည်ပေးရမည်။ မြောက်ဘက်တွင် ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
32
မြို့၏အရှေ့ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
33
တောင်ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
34
အနောက်ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
35
မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင် ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။
← Chapter 47
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48