bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 10
Nehemiah 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
1
တံဆိပ်ခတ်သောသူ ဟူမူကား၊ ဟာခလိသား ပြည်အုပ်မင်း နေဟမိ၊ ယဇ်ပုရောဟိတ် ဇိဒကိယ၊
2
စရာယ၊ အာဇရိ၊ ယေရမိ၊
3
ပါရှုရ၊ အာမရိ၊ မာလခိယ၊
4
ဟတ္တုတ်၊ ရှေဗနိ၊ မလ္လုတ်၊
5
ဟာရိမ်၊ မေရမုတ်၊ ဩဗဒိ၊
6
ဒံယေလ၊ ဂိန္နေသုန်၊ ဗာရုတ်၊
7
မေရှုလံ၊ အဘိယ၊ မိယာမိန်၊
8
မာဇိ၊ ဗိလဂဲ၊ ရှေမာယ၊
9
လေဝိသားအာဇနိသား ယောရှုတစ်ပါး၊ ဟေနဒဒ်သား ဗိနွိတစ်ပါး၊ ကပ်မျေလတစ်ပါး၊
10
သူတို့ညီရှေဗနိ၊ ဟောဒိယ၊ ကေလိတ၊ ပေလာယ၊ ဟာနန်၊
11
မိက္ခာ၊ ရေဟုပ်၊ ဟာရှဘိ၊
12
ဇက္ကုရ၊ ရှေရဘိ၊ ရှေဗနိ၊
13
ဟောဒိယ၊ ဗာနိ၊ ဗေနိနု၊
14
လူတို့တွင် အကြီးအကဲဖြစ်သော ပါရုတ်၊ ပါဟတ်မောဘ၊ ဧလံ၊ ဇဿု၊ ဗာနိ၊
15
ဗုန္နိ၊ အာဇဂဒ်၊ ဗေဗဲ၊
16
အဒေါနိယ၊ ဗိဂဝဲ၊ အာဒိန်၊
17
အာတာ၊ ဟိဇကိယ၊ အဇ္ဇုရ၊
18
ဟောဒိယ၊ ဟရှုံ၊ ဗေဇဲ၊
19
ဟာရိပ်၊ အာနသုတ်၊ နေဗဲ၊
20
မာဂပျာရှ၊ မေရှုလံ၊ ဟေဇိရ၊
21
မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊
22
ပေလတိ၊ ဟာနန်၊ အနာယ၊
23
ဟောရှေ၊ ဟာနနိ၊ ဟာရှုပ်၊
24
ဟာလောဟက်၊ ပိလဟ၊ ရှောဗက်၊
25
ရေဟုံ၊ ဟာရှဗန၊ မာသေယ၊
26
အဟိယ၊ ဟာနန်၊ အာနန်၊
27
မလ္လုတ်၊ ဟာရိမ်၊ ဗာနာတည်း။
28
ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန်အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှာ၊ ထိုပြည်သားတို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီးတို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊
29
ညီအစ်ကိုမှူးမတ်တို့၌ မှီဝဲလျက်၊ ဘုရားသခင်၏ ကျွန်မောရှေအားဖြင့် ထားတော်မူသော ဘုရားသခင်၏ တရားတော်အတိုင်း ကျင့်ပါမည်ဟူ၍လည်းကောင်း၊ ငါတို့အရှင် ထာဝရဘုရား၏ ပညတ်တော်များ၊ စီရင်ထုံးဖွဲ့တော် မူချက်ရှိသမျှတို့ကို စောင့်ရှောက်ပါမည်ဟူ၍လည်းကောင်း၊
30
ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစား၊ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူဘဲ နေပါမည်ဟူ၍လည်းကောင်း၊
31
ပြည်သားတို့သည် ဥပုသ်နေ့၌ ဥစ္စာ၊ စားစရာကိုရောင်းခြင်းငှာ ယူခဲ့လျှင်၊ ဥပုသ်နေ့ဖြစ်စေ၊ အခြားသော ဓမ္မနေ့ဖြစ်စေ မဝယ်၊ သတ္တမနှစ်တွင် လယ်လုပ်ခြင်းအမှုကို မပြု၊ ကြွေးကိုအနိုင်မတောင်းဘဲ နေပါမည်ဟူ၍လည်းကောင်း၊ ကျိန်ဆိုလျက် သစ္စာကတိထားကြ၏။
32
ထိုမှတစ်ပါး၊ ငါတို့ဘုရားသခင်၏ အိမ်တော်အမှုတည်းဟူသော ဥပုသ်နေ့နှင့် လဆန်းနေ့တွင် ရှေ့တော်မုန့်၊
33
မြဲသောဘောဇဥ်ပူဇော်သကာ၊ မြဲသောမီးရှို့ရာယဇ်၊ ဓမ္မပွဲ၊ သန့်ရှင်းသောအသုံးအဆောင်၊ ဣသရေလအမျိုး၏ အပြစ်ဖြေရာယဇ် အစရှိသော ငါတို့၏ဘုရားသခင် အိမ်တော်အမှုအလုံးစုံကို ဆောင်ရွက်စရာဖို့၊ လူတိုင်းတစ်နှစ်လျှင် ငွေတစ်ကျပ်သုံးစုတစ်စုစီ ပေးရမည်အကြောင်း ကိုယ်အဖို့ စီရင်ထုံးဖွဲ့ကြ၏။
34
ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ ငါတို့ဘုရားသခင် ထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်မှာ မီးမွေးစရာ ထင်းပူဇော်သကာကို၊ တစ်နှစ်တစ်နှစ်လျှင် ချိန်းချက်သော အချိန်တို့၌၊ အဆွေအမျိုးအလိုက် ငါတို့ဘုရားသခင်၏ အိမ်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် လေဝိသား ပြည်သူပြည်သားတို့သည် စာရေးတံပြုကြ၏။
35
အဦးသီးသော မြေအသီးအနှံနှင့် အဦးသီးသော သစ်သီးအမျိုးမျိုးကို ဗိမာန်တော်သို့ နှစ်တိုင်း ဆောင်ခဲ့ရမည်အကြောင်း၊
36
ပညတ္တိကျမ်းစာ၌ ရေးထားသည်အတိုင်း၊ အဦးဖွားသော သားယောက်ျားနှင့် အဦးဖွားသော သိုးနွားအစရှိသည်တို့ကို၊ ဗိမာန်တော်၌ အမှုစောင့်သော ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်သို့ ဆောင်ခဲ့ရမည်အကြောင်း၊
37
အဦးလုပ်သော မုန့်စိမ်း၊ ပူဇော်သကာ၊ သစ်သီးအမျိုးမျိုး၊ စပျစ်ရည်၊ ဆီကို ယဇ်ပုရောဟိတ်တို့ရှိရာ ဗိမာန်တော်အခန်းသို့လည်းကောင်း၊ လယ်လုပ်သော မြို့ရွာရှိသမျှတို့၌ မြေအသီးအနှံ ဆယ်ဖို့တစ်ဖို့ကို လေဝိသားတို့ထံသို့လည်းကောင်း၊ ဆောင်ခဲ့ရမည်အကြောင်း စီရင်ထုံးဖွဲ့ကြ၏။
38
လေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသားတို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။
39
လေဝိသားအစရှိသော ဣသရေလအမျိုးသားတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီပူဇော်သကာတို့ကို သန့်ရှင်းရာဌာနတော်တန်ဆာ၊ အမှုစောင့်ယဇ်ပုရောဟိတ်၊ တံခါးစောင့်၊ သီချင်းသည်တို့ရှိရာ အခန်းသို့ ဆောင်ခဲ့ရကြမည်။ ငါတို့ ဘုရားသခင်၏ အိမ်တော်ကို ငါတို့သည် စွန့်ပစ်၍ မထားရကြ။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Burmese Study Bible
→