bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 7
Nehemiah 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
1
မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါးတို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသားတို့ကို ခန့်ထားပြီးမှ၊
2
သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေသော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရုရှလင်မြို့ကို အပ်လျက်၊
3
နေမထွက်မီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေနှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကိုပိတ်၍ ကန့်လန့်ကျင်ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တစ်ဖက်တစ်ချက်၌ ကင်းစောင့်စေဟု စီရင်၏။
4
အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော်လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည်မဆောက်ကြသေး။
5
ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှာ စုဝေးစေမည်အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
6
တစ်ဖန် ငါတွေ့သောစာရင်းတည်းဟူသော၊ ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေအမျိုးစာရင်းချက် ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကိုခံရသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင်မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်းဟူမူကား၊
8
ပါရုတ်အမျိုးသား နှစ်ထောင်တစ်ရာ ခုနစ်ဆယ်နှစ်ယောက်၊
9
ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ်နှစ်ယောက်၊
10
အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ်ယောက်၊
11
ပါဟတ်မောဘအမျိုး၊ ယောရှုနှင့်ယွာဘအမျိုးသား နှစ်ထောင်ရှစ်ရာ တစ်ဆယ်ရှစ်ယောက်၊
12
ဧလံအမျိုးသား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
13
ဇတ္တုအမျိုးသား ရှစ်ရာလေးဆယ်ငါးယောက်၊
14
ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
15
ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ်ယောက်၊
16
ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်ရှစ်ယောက်၊
17
အာဇဂဒ်အမျိုးသား နှစ်ထောင်သုံးရာ နှစ်ဆယ်နှစ်ယောက်၊
18
အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက်၊
19
ဗိဂဝဲအမျိုးသား နှစ်ထောင်ခြောက်ဆယ်ခုနစ်ယောက်၊
20
အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါးယောက်၊
21
ဟေဇကိနှင့်အာတာအမျိုးသား ကိုးဆယ်ရှစ်ယောက်၊
22
ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက်၊
23
ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက်၊
24
ဟာရိပ်အမျိုးသား တစ်ရာတစ်ဆယ်နှစ်ယောက်၊
25
ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊
26
ဗက်လင်မြို့၊ နေတောဖမြို့သား တစ်ရာရှစ်ဆယ်ရှစ်ယောက်၊
27
အာနသုတ်မြို့သား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
28
ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
29
ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
30
ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ်တစ်ယောက်၊
31
မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ်နှစ်ယောက်၊
32
ဗေသလမြို့၊ အာဣမြို့သား တစ်ရာနှစ်ဆယ်သုံးယောက်၊
33
အခြားသော နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
34
အခြားသော ဧလံမြို့သား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
35
ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
36
ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
37
လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာနှစ်ဆယ်တစ်ယောက်၊
38
သေနာမြို့သား သုံးထောင်ကိုးရာသုံးဆယ်တည်း။
39
ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုးထဲက ယေဒါယအမျိုးသား ကိုးရာခုနစ်ဆယ်သုံးယောက်၊
40
ဣမေရအမျိုးသား တစ်ထောင်ငါးဆယ်နှစ်ယောက်၊
41
ပါရှုရအမျိုးသား တစ်ထောင်နှစ်ရာ လေးဆယ်ခုနစ်ယောက်၊
42
ဟာရိမ်အမျိုးသား တစ်ထောင်တစ်ဆယ် ခုနစ်ယောက်တည်း။
43
လေဝိသားစာရင်း ဟူမူကား၊ ဟောဒေဝအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေးယောက်၊
44
သီချင်းသည်၊ အာသပ်အမျိုးသား တစ်ရာလေးဆယ်ရှစ်ယောက်၊
45
တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တစ်ရာသုံးဆယ်ရှစ်ယောက်တည်း။
46
ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
47
ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန် အမျိုးသား၊
48
လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲ အမျိုးသား၊
49
ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊
50
ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊
51
ဂဇ္ဇမ်အမျိုးသား၊ ဩဇအမျိုးသား၊ ပါသာအမျိုးသား၊
52
ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ်အမျိုးသား၊
53
ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
54
ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊
55
ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမအမျိုးသား၊
56
နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
57
ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား၊
58
ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊
59
ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသားတည်း။
60
ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
61
ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့အဆွေအမျိုးကိုလည်းကောင်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူ ဟူမူကား၊
62
ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။
63
ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲသမီးတစ်ယောက်နှင့် စုံဖက်၍ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
64
စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။
65
ဥရိမ်နှင့်သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
66
ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
67
ထိုမှတစ်ပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာ သုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျားမိန်းမပေါင်း နှစ်ရာလေးဆယ်ငါးယောက်၊
68
မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
69
ကုလားအုတ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင်ခုနစ်ရာ နှစ်ဆယ်တည်း။
70
အဆွေအမျိုး သူကြီးအချို့တို့သည် အမှုတော်ကိုဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတစ်ထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ်အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ၏။
71
အဆွေအမျိုး သူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက် နှစ်သောင်းနှစ်ထောင်တည်း။
72
ကြွင်းသောသူတို့သည်လည်း ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံ ခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
73
ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလ ပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့နေရာ မြို့ရွာတို့၌ နေရာကျကြ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Burmese Study Bible
→