bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 12
Nehemiah 12
Burmese 2021
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
1
ရှာလသေလသား ဇေရုဗဗေလနှင့် ယောရှုနောက်သို့ လိုက်လာသော ယဇ်ပုရောဟိတ်၊ လေဝိသားဟူမူကား၊ စရာယ၊ ယေရမိ၊ ဧဇရ၊
2
အာမရိ၊ မလ္လုတ်၊ ဟတ္တုတ်၊
3
ရှေခနိ၊ ရေတုံ၊ မေရမုတ်၊
4
ဣဒေါ၊ ဂိန္နေသုန်၊ အဘိယ၊
5
မိညာမိန်၊ မာဒျာ၊ ဗိလဂ၊
6
ရှေမာယ၊ ယောယရိပ်၊ ယေဒါယ၊
7
သလ္လု၊ အာမောက်၊ ဟိလခိ၊ ယေဒါယတည်းဟူသော ယောရှုလက်ထက်၌ အမျိုးသားချင်း ယဇ်ပုရောဟိတ်တို့တွင် အကြီးအကဲ ဖြစ်ကြ၏။
8
လေဝိသားမူကား ယောရှု၊ ဗိနွိ၊ ကပ်မျေလ၊ ရှေရဘိ၊ ယုဒ၊ ကျေးဇူးတော် ချီးမွမ်းခြင်းအမှုကို ညီအစ်ကိုတို့နှင့်အတူ အုပ်သော မဿနိတည်း။
9
သူတို့ညီအစ်ကို ဗာကဗုကိနှင့် ဥနိတို့သည် ကင်းစောင့်အမှုကို အုပ်ရကြ၏။
10
ယောရှုသား ယောယကိမ်၊ ယောယကိမ်သား ဧလျာရှိပ်၊ ဧလျာရှိပ်သား ယောယဒ၊
11
ယောယဒသား ယောနသန်၊ ယောနသန်သား ယာဒွါတည်း။
12
ယောယကိမ် လက်ထက်၌ အဆွေအမျိုးသူကြီး ယဇ်ပုရောဟိတ်များဟူမူကား၊ စရာယသား မေရာယ၊ ယေရမိသား ဟာနနိ၊
13
ဧဇရသား မေရှုလံ၊ အာမရိသား ယောဟနန်၊
14
မလ္လုတ်သား ယောနသန်၊ ရှေခနိသား ယောသပ်၊
15
ဟာရိမသား အာဒန၊ မေရာယုတ်သား ဟေလကဲ၊
16
ဣဒေါသား ဇာခရိ၊ ဂိန္နေသုန်သား မေရှုလံ၊
17
အဘိယသား ဇိခရိ၊ မိညာမိန်သား၊ မာဒျာသား ပိလတဲ၊
18
ဗိလဂသား ရှမွာ၊ ရှေမာယသား ယေဟောနသန်၊
19
ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသား ဩဇိ၊
20
သလ္လုသား ကာလဲ၊ အာမောက်သား ဧဗာ၊
21
ဟိလခိသား ဟာရှဘိ၊ ယေဒါယသား နာသနေလတည်း။
22
ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုး သူကြီးတို့ကိုလည်းကောင်း၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ မှတ်သားသောစာရင်း ရှိ၏။
23
ဧလျာရှိပ်သား ယောဟနန်လက်ထက်တိုင်အောင် လေဝိသား အဆွေအမျိုး သူကြီးတို့ကို စာရင်းယူ၍ ရာဇဝင်မှတ်စာ၌ သွင်းသတည်း။
24
လေဝိသားအကြီးအကဲ၊ ဟာရှဘိ၊ ရှေရဘိ၊ ကပ်မျေလသား ယောရှုတို့သည် ညီအစ်ကိုများနှင့် ဝိုင်း၍ ဘုရားသခင်၏လူ ဒါဝိဒ်စီရင်သည်အတိုင်း ဂုဏ်ကျေးဇူးတော်ကို ဖော်ပြချီးမွမ်းခြင်းအမှုကို အလှည့်လှည့် စောင့်ရကြ၏။
25
မဿနိ၊ ဗာကဗုကိ၊ ဩဗဒိ၊ မေရှုလံ၊ တာလမုန်၊ အက္ကုပ်တို့သည်လည်း တံခါးဝနားမှာ စောင့်ရသော တံခါးစောင့်ဖြစ်ကြ၏။
26
ထိုသူတို့သည် ယောဇဒက်သား ယောရှု၏သား ယောယကိမ်လက်ထက်၊ မြို့ဝန်နေဟမိလက်ထက်၊ ကျမ်းတတ်ယဇ်ပုရောဟိတ် ဧဇရလက်ထက်၌ ရှိကြ၏။
27
ယေရုရှလင်မြို့ရိုးကို အနုမောဒနာပြုသောအခါ၊ ခွက်ကွင်း၊ စောင်း၊ တယောနှင့်တီးမှုတ်လျက် သီချင်းဆိုလျက် ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ အနုမောဒနာပြုအံ့သောငှာ လေဝိသားတို့ကိုရှာ၍ သူတို့နေရာ အရပ်ရပ်တို့က ယေရုရှလင်မြို့သို့ ခေါ်ကြ၏။
28
ဓမ္မသီချင်းကို ဆိုတတ်သော အမျိုးသားတို့သည်၊
29
ယေရုရှလင်မြို့ ပတ်ဝန်းကျင်ရွာတို့၌ နေရာကျလျက်ရှိ၍၊ ယေရုရှလင်မြို့ ပတ်ဝန်းကျင်၊ လွင်ပြင်အရပ်များ၊ နေတောဖာသိရွာများ၊ ဂိလဂါလမြို့နယ်၊ ဂေဗနှင့်အာဇမာဝက် ကျေးလက်ထဲကလာ၍ စည်းဝေးကြ၏။
30
ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည်လည်း၊ ကိုယ်ကိုလည်းကောင်း၊ လူများ၊ မြို့တံခါး၊ မြို့ရိုးကိုလည်းကောင်း စင်ကြယ်စေကြ၏။
31
ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ငါခေါ်၍၊ ချီးမွမ်းရာသီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ယာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏။
32
သူတို့နောက်မှာ ဟောရှာယနှင့် ယုဒမင်းတစ်ဝက်၊
33
အာဇရိ၊ ဧဇရ၊ မေရှုလံ၊
34
ယုဒ၊ ဗင်္ယာမိန်၊ ရှေမာယ၊ ယေရမိ၊
35
တံပိုးကိုင်သော ယဇ်ပုရောဟိတ် အမျိုးသားအချို့၊ အာသပ်၊ ဇက္ကုရ၊ မိက္ခာယ၊ မဿနိ၊ ရှေမာယ၊ ယောနသန်တို့မှ ဆင်းသက်သော ဇာခရိ အစရှိသော၊
36
သူ၏ညီ ရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏လူ ဒါဝိဒ်၏တူရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်းတတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။
37
သူတို့ တစ်ဖက်တစ်ချက်၌ရှိသော စမ်းရေတွင်း တံခါးသို့ရောက်မှ မြို့ရိုးတက်ရာ၊ ဒါဝိဒ်မြို့လှေကားဖြင့် တက်၍၊ ဒါဝိဒ်အိမ်တော် အထက် အရှေ့မျက်နှာ၌ ရေတံခါးတိုင်အောင် သွားကြ၏။
38
သီချင်းသည် တစ်စုကား၊ လက်ဝဲဘက်သို့လှည့်၍၊ ငါနှင့်တစ်ဝက်သော လူများတို့သည် မြို့ရိုးပေါ်၊ မီးဖိုပြအိုးမှ ကျယ်သောမြို့ရိုးတိုင်အောင် လိုက်ကြ၏။
39
ဧဖရိမ်တံခါး၊ ဟောင်းသောတံခါး၊ ငါးတံခါး၊ ဟာနနေလပြအိုး၊ မေအာပြအိုးအထက်မှစ၍ သိုးတံခါးတိုင်အောင် လိုက်သဖြင့်၊ ထောင်တံခါးဝတွင် ရပ်နေကြ၏။
40
တစ်ဖန် သီချင်းသည်နှစ်စုသည် ဘုရားသခင်အိမ်တော်တွင် ရပ်၍၊ တစ်ဝက်သော မင်းအရာရှိတို့သည် ငါနှင့်အတူ၊
41
တံပိုးကိုင်သော ယဇ်ပုရောဟိတ် ဧလျာကိမ်၊ မာသေယ၊ မိညာမိန်၊ မိက္ခာယ၊ ဧလိဩနဲ၊ ဇာခရိ၊ ဟာနနိနှင့်တကွ၊
42
မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟနန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။
43
ထိုနေ့၌ များစွာသောယဇ်တို့ကို ပူဇော်ကြ၏။ အလွန် ဝမ်းမြောက်သောအခွင့်ကို ဘုရားသခင်ပေးတော် မူသောကြောင့်၊ သားမယားနှင့်တကွ ဝမ်းမြောက်ခြင်းကိုပြု၍ ယေရုရှလင်မြို့ ဝမ်းမြောက်သံကို ဝေးသောအရပ်၌ ကြားရကြ၏။
44
ထိုအခါ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် အမှုတော်ကို စောင့်လျက်နေသောကြောင့်၊ ယုဒအမျိုးသားတို့သည် အားရဝမ်းမြောက်ကြသည်ဖြစ်၍၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားခံအပ်သော ပူဇော်သကာ၊ အဦးသီးသောအသီး၊ ဆယ်ဖို့တစ်ဖို့ကို မြို့နယ်ကျေးလက်ထဲက သိမ်းယူ၍၊ သိုထားစရာ ဘဏ္ဍာတိုက်များကို အုပ်ရသောတိုက်စိုးတို့ကို ခန့်ထားကြ၏။
45
သီချင်းသည်နှင့် တံခါးစောင့်တို့သည်လည်း၊ ဒါဝိဒ်နှင့် သားတော် ရှောလမုန်စီရင်သည်အတိုင်း၊ သူတို့ ဘုရားသခင်အမှုနှင့် စင်ကြယ်ခြင်းအမှုကို စောင့်ရှောက်လျက် နေကြ၏။
46
ရှေးကာလ၊ ဒါဝိဒ်နှင့် အာသပ်လက်ထက်၌၊ ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ချီးမွမ်းရာ သီချင်းကို ဆိုရသောသူ အကြီးအကဲရှိကြ၏။
47
ဇေရုဗဗေလနှင့် နေဟမိလက်ထက်၌လည်း၊ ဣသရေလလူ အပေါင်းတို့သည် နေ့ရက်အစဉ်အတိုင်း သီချင်းသည်၊ တံခါးစောင့်ခံအပ်သော စားစရာရိက္ခာကိုလည်းကောင်း၊ လေဝိသားတို့အား သန့်ရှင်းသော အရာတို့ကိုလည်းကောင်း လှူကြ၏။ လေဝိသားတို့သည်လည်း ယဇ်ပုရောဟိတ်တို့အား လှူကြ၏။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Burmese Study Bible
→