bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 13
Nehemiah 13
Burmese 2021
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
1
ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဖတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲသို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။
2
အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှာ မကြိုဆို၊ ကျိန်ဆဲစေခြင်းငှာ ဗာလံကိုငှားကြ၏။ သို့ရာတွင် ငါတို့၏ ဘုရားသခင်သည် ကျိန်ဆဲသောစကားကို ကောင်းချီးပေးသော စကားဖြစ်စေတော်မူ၏။
3
ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သောသူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
4
အရင်တစ်ခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင်ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဖော်တော်သည် ဖြစ်၍၊
5
ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်း၊ တန်ဆာမျိုးကိုလည်းကောင်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်တို့အား လှူရသော အလှူတို့ကိုလည်းကောင်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဖို့ ပြင်ဆင်၏။
6
ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ်နန်းစံ သုံးဆယ်နှစ်နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊
7
ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဧလျာရှိပ်သည် ဘုရားသခင်၏ အိမ်တော်တံတိုင်းထဲမှာ အခန်းကို တောဘိအဖို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။
8
ထိုအခါ ငါသည် အလွန်နာကြင်သောစိတ် ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
9
အခန်းများကို စင်ကြယ်စေခြင်းငှာ စီရင်၍၊ တစ်ဖန် ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
10
အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည်တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြသည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာရိက္ခာကို မခံမရကြောင်းကို ငါရိပ်မိလျက်၊
11
ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသားတို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။
12
ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဖို့တစ်ဖို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
13
ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ် ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက် မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
14
အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင့် အိမ်တော်အဖို့၊ အိမ်တော်အမှုစောင့်ခြင်းအဖို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။
15
ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကိုလည်းကောင်း၊ ဥပုသ်နေ့၌ စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘောသဖန်းသီး အစရှိသည်တို့ကို တင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြသည်ကိုလည်းကောင်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အားကြားပြော၏။
16
ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဥပုသ်နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။
17
ထိုအခါ ငါက၊ သင်တို့သည် ဥပုသ်နေ့ကိုဖျက်၍ ပြုသောဒုစရိုက်ကား အဘယ်သို့နည်း။
18
ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှလောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ဘုရားသခင် ရောက်စေတော်မူသည် မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ်တင်လျက်၊
19
အဖိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ်ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှာ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။
20
ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်းသောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တစ်ခါနှစ်ခါ အိပ်ကြ၏။
21
ငါကလည်း၊ မြို့ရိုးပတ်လည်၌ အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တစ်ဖန်လာ၍ အိပ်လျှင် ဖမ်းဆီးမည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့တွင် မလာဘဲနေကြ၏။
22
လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်းစေခြင်းငှာ၊ စင်ကြယ်သောကိုယ်နှင့် လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကရုဏာတော် များပြားသည်အတိုင်း အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။
23
ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘအမျိုးသမီးနှင့် စုံဖက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
24
သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတစ်ဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။
25
သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သားသမီးတို့ကို ကိုယ်သားတို့အဖို့ မသိမ်းမယူရ။
26
ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ပြု၍ ပြစ်မှားရာရောက်သည် မဟုတ်လော။ အတိုင်းတိုင်းအပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင် မရှိ။ ဣသရေလရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူ ဖြစ်သော်လည်း၊ တစ်ပါးအမျိုးသားမိန်းမတို့သည် ပြစ်မှားစေသည်တကား။
27
ငါတို့သည် သင်တို့စကားကို နားထောင်၍ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်သဖြင့်၊ ဤမျှလောက်ကြီးသော ဒုစရိုက်ကိုပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
28
ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သား ယောယဒ၏ သားတစ်ယောက်သည်၊ ဟောရနိလူ သမ္ဘာလတ်သမက် ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။
29
အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ်ပုရောဟိတ် အရာကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့နှင့် ဖွဲ့သော ပဋိညာဉ်တော်ကိုလည်းကောင်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။
30
ထိုသို့ ယုဒအမျိုးသားတို့ကို တစ်ပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့အမှုစောင့်ရသည်အတိုင်း ငါခန့်ထား၍၊
31
ချိန်းချက်သောအချိန်၌ ထင်းပူဇော်သကာနှင့် အဦးသီးသောအသီးကို ပူဇော်စေခြင်းငှာ စီရင်၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ နေဟမိမှတ်စာပြီး၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Burmese Study Bible
→