bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 3
Nehemiah 3
Burmese 2021
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
1
ထိုအခါ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သည်၊ မိမိညီအစ်ကို ယဇ်ပုရောဟိတ်တို့နှင့်တကွ ထ၍၊ သိုးတံခါးကို ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ မေအာပြအိုးမှ ဟာနနေလပြအိုး တိုင်အောင် ပြင်ကြ၏။
2
သူတို့နောက်မှ၊ ယေရိခေါမြို့သားတို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဣမရိသား ဇက္ကုရပြင်၏။
3
ငါးတံခါးကိုကား၊ ဟဿေနာအမျိုးသားတို့သည် ပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
4
သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ် ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသားဖြစ်သော ဗေရခိ၏သား မေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။
5
သူ့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်ကြ၏။ သို့ရာတွင်၊ တေကောမင်းတို့သည် မိမိတို့အရှင်၏အမှုကို ဝိုင်းညီ၍မပြုကြ။
6
တံခါးဟောင်းကိုကား၊ ပါသာသား ယောယဒ၊ ဗေသောဒေယသား မေရှုလံပြင်လျက် တံခါးခုံ၊ တံခါးထုပ်၊ တံခါးရွက်တို့ကို ထူထောင်ဆွဲထား၍၊ သော့ခလောက်နှင့် ကန့်လန့်ကျင်တို့ကို တပ်ကြ၏။
7
သူတို့နောက်မှ၊ ဂိဗောင်မြို့သား မေလတိ၊ မေရောနုတ်မြို့သား ယာဒုန်၊ ဂိဗောင်လူ၊ မိဇပါလူတို့သည် မြစ်အနောက်ဘက် မြို့ဝန်ရာဇပလ္လင်တိုင်အောင် ပြင်ကြ၏။
8
သူတို့နောက်မှ ဟာဟာယသား ပန်းထိမ်သမားဩဇေလ၊ သူ့နောက်မှ၊ ဆေးသမား ဟာနနိပြင်လျက်၊ ကျယ်သောမြို့ရိုးတိုင်အောင်၊ ယေရုရှလင်မြို့ကို ခိုင်ခံ့စေကြ၏။
9
သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟုရသား ရေဖာယပြင်၏။
10
သူ့နောက်မှ၊ ဟာရုမပ်သား ယေဒါယသည် မိမိအိမ်တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ဟာရှဗနိသား ဟတ္တုတ်ပြင်၏။
11
ကျန်ကြွင်းသောအရပ်နှင့် မီးဖိုပြအိုးကိုကား၊ ဟာရိမ်သား မာလခိယနှင့်၊ ပါဟတ်မောဘသား ဟာရှုတ်တို့သည် ပြင်ကြ၏။
12
သူတို့နောက်မှ၊ ယေရုရှလင်မြို့တစ်ပိုင်းကို အုပ်သောသူ၊ ဟာလောဟတ်သား ရှလ္လုံနှင့် သူ၏သမီးတို့သည် ပြင်ကြ၏။
13
ချိုင့်တံခါးကိုကား၊ ဟာနုန်နှင့် ဇာနောမြို့သားတို့သည် ပြင်၍ တံခါးတိုင်၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ပြီးမှ၊ မြို့ရိုးအတောင် တစ်ထောင်ကို နောက်ချေးတံခါးတိုင်အောင် တည်ကြ၏။
14
ဗေသက္ကရင်မြို့တစ်ပိုင်းကို အုပ်သော ရေခပ်သားမာလခိသည်၊ နောက်ချေးတံခါးကို ပြင်၍ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထား၏။
15
မိဇပါမြို့တစ်ပိုင်းကို အုပ်သော ကောလဟောဇသား ရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြင်၍ တံခါးမိုး၊ တံခါးရွက်၊ သော့ခလောက်၊ ကန့်လန့်ကျင်တို့ကို လုပ်ထားပြီးလျှင်၊ ဥယျာဉ်တော်နားမှာ၊ ရှိလောင်ရေကန်မြို့ရိုးကို၊ ဒါဝိဒ်မြို့လှေကားတိုင်အောင် တည်၏။
16
သူ့နောက်မှ ဗက်ဇုရမြို့တစ်ပိုင်းကိုအုပ်သော အာဇဗုတ်သား နေဟမိသည်၊ ဒါဝိဒ်သင်္ချိုင်း တစ်ဖက်တစ်ချက်မှစ၍၊ နောက်လုပ်သော ရေကန်နှင့် ဗိုလ်မင်းအိမ်တိုင်အောင် ပြင်၏။
17
သူ့နောက်မှ၊ လေဝိအမျိုး ဗာနိသား ရေဟုံပြင်၏။ သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟာရှဘိသည် မိမိတာကိုပြင်၏။
18
သူ့နောက်မှ၊ ကိလမြို့တစ်ပိုင်းကို အုပ်သော ဟေနဒဒ်သား ဟာရှဘိညီ ဗာဝဲပြင်၏။
19
သူ့နောက်မှ၊ မိဇပါမြို့အုပ် ယောရှုသား ဧဇေရသည်၊ လက်နက်စုံတိုက်သို့တက်ရာ တစ်ဖက်တစ်ချက်၊ မြို့ထောင့်ထိအောင် ပြင်၏။
20
သူ့နောက်မှ၊ ဇဗ္ဗဲသားဗာရုတ်သည် မြို့ထောင့်မှ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ် အိမ်တံခါးတိုင်အောင် ကြိုးစား၍ ပြင်၏။
21
သူ့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏သား မေရမုတ်သည်၊ ဧလျာရှိပ်အိမ်တံခါးမှ အိမ်ထောင့်တိုင်အောင် ပြင်၏။
22
သူ့နောက်မှ၊ ချိုင့်အရပ်သား ယဇ်ပုရောဟိတ် တို့သည် ပြင်ကြ၏။
23
သူတို့နောက်မှ၊ ဗင်္ယာမိန်နှင့် ဟာရှုပ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်ကြ၏။ သူတို့နောက်မှ၊ အာနနိသားဖြစ်သော မာသေယ၏သား အာဇရိသည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။
24
သူ့နောက်မှ၊ ဟေနဒဒ်သား ဗိနွိသည်၊ အာဇရိအိမ်မှ မြို့ရိုးကွေ့ရာ မြို့ထောင့်တိုင်အောင် ပြင်၏။
25
ဥဇဲသား ပါလလသည် မြို့ရိုးကွေ့ရာ တစ်ဖက်တစ်ချက်ကိုလည်းကောင်း၊ ထောင်ဝင်းနား၊ မြင့်သောနန်းရှေ့မှာရှိသော ပြအိုးကိုလည်းကောင်း ပြင်၏။ သူ့နောက်မှ၊ ပါရုပ်သား ဂေဒါယပြင်၏။
26
ထိုမှတစ်ပါး၊ ဘုရားကျွန်တို့သည် အရှေ့မျက်နှာ၊ ရေတံခါး တစ်ဖက်တစ်ချက်၌၊ မိမိတို့နေရာ ဩဖေလရဲတိုက်ကိုလည်းကောင်း၊ ပြင်သို့ထွက်သော ပြအိုးကိုလည်းကောင်း ပြင်ကြ၏။
27
သူတို့နောက်မှ၊ တေကောမြို့သားတို့သည် ပြင်သို့ထွက်သော ပြအိုးကြီး တစ်ဖက်တစ်ချက်၌၊ ဩဖေလ ရဲတိုက်ရိုးတိုင်အောင် ပြင်ကြ၏။
28
မြင်းတံခါးအထက်၊ ယဇ်ပုရောဟိတ်တို့သည်၊ မိမိတို့နေရာအိမ် တစ်ဖက်တစ်ချက်၌ အသီးအသီးပြင်ကြ၏။
29
သူတို့နောက်မှ၊ ဣမေရသားဇာဒုတ်သည် မိမိအိမ် တစ်ဖက်တစ်ချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနိသား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။
30
သူ့နောက်မှ၊ ရှေလမိသား ဟာနနိ၊ ဇာလပ်၏ စတုတ္ထသား ဟာနုန်တို့သည် ပြင်ကြ၏။ သူတို့နောက်မှ၊ ဗေရခိသားမေရှုလံသည် မိမိအိပ်ရာခန်း တစ်ဖက်တစ်ချက်၌ ပြင်၏။
31
သူ့နောက်မှ၊ ပန်းထိမ်သမားသား မာလခိသည် မိဖကဒ်တံခါး တစ်ဖက်တစ်ချက်၌၊ ဘုရားကျွန်နေရာနှင့် ကုန်သည်နေရာအရပ် တိုင်အောင်လည်းကောင်း၊ မြို့ထောင့်တက်ရာအရပ် တိုင်အောင်လည်းကောင်းပြင်၏။
32
မြို့ထောင့်တက်ရာ အရပ်မှစ၍၊ သိုးတံခါးတိုင်အောင် ပန်းထိမ်သမားများနှင့် ကုန်သည်များတို့သည် ပြင်ကြ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
Recommended Reading
Commentary
Nehemiah Commentaries
→
Devotional
Nehemiah Devotional Guide
→
Get This Bible
Burmese Study Bible
→