bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Nehemiah 6
Nehemiah 6
Burmese 2021
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
1
ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော်လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သတင်းကြားသောအခါ၊
2
သမ္ဘာလတ်နှင့်ဂေရှင်တို့က လာပါ။ ဩနောချိုင့်တွင် ခေဖိရိမ်ရွာမှာ တွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကိုမှာလိုက်ကြ၏။
3
ငါကလည်း၊ ငါသည် ကြီးသောအမှုကို ဆောင်ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင်ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော၏။
4
ထိုသို့ လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည်လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
5
နောက်ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင်ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ်သောစာ ပါ၏။
6
စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံ ရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင်သည် ယုဒရှင်ဘုရင် ဖြစ်လိုသောငှာ၊ မြို့ရိုးကိုတည်၏။
7
ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အား ကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
8
ငါကလည်း၊ သင်ပြောသော စကားတစ်ခွန်းမျှမမှန်၊ ကိုယ်စိတ်ထဲမှာ အချည်းနှီး ထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
9
အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြလိမ့်မည်ဟု ဆိုလျက် ငါတို့ကို ခြိမ်းခြောက်ကြ၏။ သို့ရာတွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။
10
ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာယ၏သား ရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူက ဘုရားသခင်၏အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော်တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့သောငှာ လာကြလိမ့်မည်။ ယနေ့ည၌ပင် လာကြလိမ့်မည်ဟု ဆို၏။
11
ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရမည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်းငှာ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။
12
ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့်သမ္ဘာလတ် ငှားသောကြောင့်၊ ထိုသို့ ငါ့တစ်ဖက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
13
သူတို့သည် ငါ့ကို ကဲ့ရဲ့စရာအကြောင်း ရှိစေလျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှာ ထိုသူကို ငှားကြ၏။
14
အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကိုလည်းကောင်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းခြောက်သော ပရောဖက်တို့ကိုလည်းကောင်း မှတ်တော်မူပါ။
15
အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလ လနှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။
16
ထိုသတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည်ဝန်းကျင်၌ နေသော တစ်ပါးအမျိုးသား အပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့်အခွင့်နှင့် ပြီးကြောင်းကို ရိပ်မိကြ၏။
17
ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာသော မေတ္တာစာကို တောဘိထံသို့ပေးလိုက်၍၊ တောဘိပြန်ပေးသော စာအများကိုလည်း ရကြ၏။
18
တောဘိသည် အာရာသား ရှေကနိ၏သမက် ဖြစ်သောကြောင့်လည်းကောင်း၊ သူ၏သား ယောဟနန်သည် ဗေရခိသား မေရှုလံသမီးနှင့် စုံဖက်သောကြောင့်လည်းကောင်း၊ ယုဒလူအများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။
19
သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အားပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှာ စာပေးလိုက်လေ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13