1 Chronicles 1

Burmese (BCL) (Common Language Bible)

Chapter 2 →
38ဧ​ဒုံ​ပြည်​တွင်​မူ​လ​နေ​ထိုင်​ကြ​သူ​များ​သည် အောက်​ဖော်​ပြ​ပါ​စိ​ရ​၏​သား​များ​ဖြစ်​ကြ သော​လော​တန်၊ ရှော​ဗ​လ၊ ဇိ​ဘောင်၊ အာ​န၊ ဒိ​ရှုန်၊ ဧ​ဇာ​နှင့်​ဒိ​ရှန်​တို့​မှ​ဆင်း​သက်​လာ​သူ​များ ဖြစ်​ပေ​သည်။ လော​တန်​သည်​ဟော​ရိ​နှင့်​ဟေ​မံ​သား​ချင်း​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။ (လော​တန်​တွင်​တိ​မ​န​နာ​မည် တွင်​သော​နှ​မ​တစ်​ယောက်​ရှိ​၏။) ရှော​ဗ​လ​သည် အာ​လာ​ဝန်၊ မ​နာ​ဟတ်၊ ဧ​ဗာ​လ၊ ရှေ​ဖော​နှင့်​သြ​နံ​သား​ချင်း​စု​တို့​၏​ဘိုး​ဘေး ဖြစ်​၏။ ဇိ​ဘောင်​မှာ​အာ​ယ​နှင့်​အာ​န​နာ​မည်​တွင်​သော သား​နှစ်​ယောက်​ရှိ​၏။ အာ​န​၏​သား​သည်​ဒိ​ရှုန်​ဖြစ်​၏။ ဒိ​ရှုန်​သည် ဟင်္ဒန်၊ ဧ​ရှ​ဗန်၊ ဣ​သ​ရန်​နှင့်​ခေ​ရန် သား​ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဧ​ဇာ​သည်​ဗိ​လ​ဟန်၊ ဇာ​ဝန်​နှင့်​အာ​ကန်​သား ချင်း​စု​တို့​၏​ဘိုး​ဘေး​ဖြစ်​၏။ ဒိ​ရှန်​သည်​ဥ​ဇ​နှင့်​အာ​ရန်​သား​ချင်း​စု​တို့​၏ ဘိုး​ဘေး​ဖြစ်​၏။
43ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ဘု​ရင်​တစ်​ပါး​မျှ​မ​ပေါ် ပေါက်​မီ​ကာ​လ​၌ ဧ​ဒုံ​ပြည်​ကို​အောက်​ပါ​ဘု​ရင် များ​အုပ်​စိုး​ကြ​လေ​သည်။ ဗော​ရ​၏​သား​ဖြစ်​သူ၊ဒိန္နာ​ဗာ​မြို့​သား​ဗေ​လ၊ ဇေ​ရ​၏​သား​ဖြစ်​သူ၊ဗော​ဇ​ရ​အ​ရပ်​သား​ယော​ဗပ်၊ တေ​မာ​နိ​အ​ရပ်​သား​ဟု​ရှံ၊ဗေ​ဒဒ်​၏​သား​ဟာ​ဒဒ်၊ သူ​၏​မြို့​မှာ​အာ​ဗိတ်​မြို့​ဖြစ်​သည်။ (သူ​သည်​မော​ဘ​လွင်​ပြင်​တိုက်​ပွဲ​တွင် မိ​ဒျန်​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခဲ့​သည်။) မာ​သ​ရက်​အ​ရပ်​သား​စာ​မ​လ၊ရ​ဟော​ဘုတ် မြစ်​အ​နီး​မှ​ရှော​လ၊ အာ​ခ​ဗော်​၏​သား​ဗာ​လ​ဟာ​နန်၊ပေါ​မြို့​မှ​ဟာ​ဒါ၊ (သူ​၏​မိ​ဖု​ရား​ကား​မ​ဟေ​တ​ဗေ​လ​ဖြစ်​၏။ မ​ဟေ​တ​ဗေ​လ​သည်​မာတ​ရေ​ဒ​၏​သ​မီး၊ မေ​ဇ​ဟပ်​၏​မြေး​ဖြစ်​သ​တည်း။)
Chapter 2 →