bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Chronicles 15
1 Chronicles 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 16 →
1
ဒါဝိဒ်သည်မိမိ၏အတွက်အိမ်တော်တို့ကို ယေရုရှလင်မြို့တွင်တည်ဆောက်၏။ ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်အတွက်လည်း နေရာတစ်နေရာကိုအသင့်ပြင်ဆင်ကာ တဲတော်တစ်ဆောင်ကိုဆောက်လုပ်လေသည်။-
2
ထိုနောက်မင်းကြီးက``ထာဝရဘုရားသည် မိမိ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် နှင့် အစဉ်အမြဲကိုယ်တော်၏အမှုတော်ကို ထမ်းဆောင်ရန် လေဝိအနွယ်ဝင်တို့ကိုသာ လျှင်ရွေးချယ်ခန့်ထားတော်မူသည်ဖြစ်၍ ထိုသူတို့သာလျှင်ပဋိညာဉ်သေတ္တာတော် ကိုပင့်ဆောင်ရကြပေမည်'' ဟုမိန့်တော် မူလျက်၊-
3
မိမိအသင့်ပြင်ဆင်ထားသည့်အရပ်သို့ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်ရန် ယေရု ရှလင်မြို့တွင်ဣသရေလပြည်သားအပေါင်း တို့အားစုရုံးစေ၏။-
4
ထိုနောက်မင်းကြီးသည်အာရုန်၏သားမြေး များနှင့် လေဝိအနွယ်ဝင်တို့ကိုခေါ်ယူတော် မူ၏။-
5
ကောဟတ်သားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍ဥရေလသည်၊-
6
မေရာရိသားချင်းစုမှလူတစ်ရာ့နှစ်ဆယ် ကိုခေါင်းဆောင်၍အသာယသည်၊-
7
ဂေရရှုံသားချင်းစုမှလူတစ်ရာ့သုံးဆယ် ကိုခေါင်းဆောင်၍ယောလသည်၊-
8
ဧလိဇဖန်သားချင်းစုမှလူနှစ်ရာကို ခေါင်းဆောင်၍ရှေမာယသည်၊-
9
ဟေဗြုန်သားချင်းစုမှလူရှစ်ဆယ်ကိုခေါင်း ဆောင်၍ဧလျေလသည်၊-
10
သြဇေလသားချင်းစုမှလူတစ်ရာတစ်ဆယ့် နှစ်ယောက်ကိုခေါင်းဆောင်၍ အမိနဒပ်ရောက် ရှိလာ၏။
11
ဒါဝိဒ်သည်ယဇ်ပုရောဟိတ်များဖြစ်ကြသော ဇာဒုတ်နှင့်အဗျာသာ၊ လေဝိအနွယ်ဝင်များ ဖြစ်ကြသောသြရေလ၊ အသာယ၊ ယောလ၊ ရှေမာယ၊ ဧလျေလနှင့်အမိနဒပ်တို့ကို ခေါ်ယူတော်မူ၍၊-
12
သူတို့အား``သင်တို့သည်လေဝိသားချင်းစု တို့၏ခေါင်းဆောင်များဖြစ်ကြ၏။ ငါအသင့် ပြင်ဆင်ထားသည့်ဌာနတော်သို့ ဣသရေလ အမျိုးသားတို့ဘုရားသခင်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်လာ နိုင်စေရန် သင်တို့သည်မိမိတို့ကိုယ်ကိုလည်း ကောင်း၊ သင်တို့၏ညီအစ်ကိုများဖြစ်သော လေဝိအနွယ်ဝင်တို့ကိုလည်းကောင်းသန့် စင်စေကြလော့။-
13
ပထမအကြိမ်ပင့်ဆောင်စဉ်အခါကသင် တို့မပါမရှိခဲ့ကြ။ သို့ဖြစ်၍ငါတို့သည် မိမိတို့၏ဘုရားသခင်ထာဝရဘုရား အား လျောက်ပတ်စွာဝတ်ပြုကိုးကွယ်မှုကို မပြုကြသဖြင့် ကိုယ်တော်သည်ငါတို့အား အပြစ်ဒဏ်ခတ်တော်မူခဲ့၏'' ဟုမိန့်တော် မူလေသည်။
14
ထိုအခါယဇ်ပုရောဟိတ်များနှင့်လေဝိ အနွယ်ဝင်တို့သည် ဣသရေလအမျိုးသား တို့ဘုရားသခင်ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်ကိုပြောင်းရွှေ့ပင့်ဆောင်နိုင် ရန် မိမိတို့ကိုယ်ကိုသန့်စင်ကြကုန်၏။-
15
လေဝိအနွယ်ဝင်တို့သည်မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူခဲ့သည့်အတိုင်း သေတ္တာတော်ကိုထမ်းပိုးများဖြင့်ပခုန်းထက် တွင်ထမ်းကာပင့်ဆောင်ခဲ့ကြ၏။
16
ဒါဝိဒ်မင်းသည်စောင်းများ၊ လင်းကွင်းများဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောသီချင်းများသီဆို တီးမှုတ်ရန် လေဝိအနွယ်ဝင်အသီးသီးတို့ ကိုတာဝန်ပေးအပ်မည့်အကြောင်း ထိုသူတို့ ၏ခေါင်းဆောင်များအားအမိန့်ပေးတော်မူ၏။-
17
သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။
22
ခေနနိသည်ဂီတပညာတွင်ကျွမ်းကျင် သူဖြစ်သဖြင့် သူ့အားလေဝိဂီတပညာ သည်တို့၏ခေါင်းဆောင်အဖြစ်ဖြင့်ရွေး ချယ်ခန့်ထားကြ၏။-
23
ဗေရခိနှင့်ဧလကာနတို့အား သြဗဒေဒုံ၊ ယေဟိတို့နှင့်အတူ ပဋိညာဉ်သေတ္တာတော် တည်ရာတဲတော်တံခါးစောင့်များအဖြစ် ဖြင့်ရွေးချယ်ခန့်ထားကြ၏။ ယဇ်ပုရောဟိတ် များဖြစ်ကြသောရှေဗနိ၊ ယောရှဖတ်၊ နာသ နေလ၊ အာမသဲ၊ ဇာခရိ၊ ဗေနာယ၊ ဧလျေဇာ တို့အားပဋိညာဉ်သေတ္တာတော်ရှေ့တွင်တံပိုး ခရာမှုတ်ရန်အတွက်ရွေးချယ်ခန့်ထား ကြ၏။
25
သို့ဖြစ်၍ဒါဝိဒ်မင်းနှင့်တကွဣသရေလ ခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာတပ်မှူး များသည်ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင် ရန်အတွက်သြဗဒေဒုံ၏အိမ်သို့သွားကြ ပြီးလျှင်ခမ်းနားသောပွဲလမ်းသဘင်တစ်ရပ် ကိုကျင်းပကြ၏။-
26
ဘုရားသခင်သည်သေတ္တာတော်ကိုပင့်ဆောင် ကြသူလေဝိအနွယ်ဝင်တို့အားမစတော် မူစေခြင်းငှာ ဣသရေလအမျိုးသားတို့ သည်နွားထီးခုနစ်ကောင်နှင့်သိုးခုနစ် ကောင်ကိုယဇ်ပူဇော်ကြ၏။-
27
ဒါဝိဒ်မင်းသည်အလွန်ကောင်းမွန်သောပိတ် ချောထည်ဝတ်လုံကိုဝတ်ဆင်ထားလေသည်။ ထိုနည်းတူဂီတပညာသည်များ၊ သူတို့၏ ခေါင်းဆောင်ခေနနိနှင့်၊ သေတ္တာတော်ကိုပင့် ဆောင်ကြသူလေဝိအနွယ်ဝင်တို့သည်လည်း ဝတ်ဆင်ထားသတည်း။ ဒါဝိဒ်သည်ပိတ်ချော သင်တိုင်းကိုလည်းဝတ်ထားသေး၏။-
28
ဤနည်းအားဖြင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ဝမ်းမြောက်စွာကြွေးကြော် ကာ တံပိုးခရာ၊ လင်းကွင်းနှင့်စောင်းများကို တီးမှုတ်လျက်ယေရုရှလင်မြို့သို့ပဋိညာဉ် သေတ္တာတော်ကိုပင့်ဆောင်လာကြ၏။
29
သေတ္တာတော်ကိုမြို့တွင်းသို့ပင့်ဆောင်လာစဉ် ရှောလုမင်း၏သမီးတော်မိခါလသည် လေ သာပြူတင်းမှကြည့်လိုက်သောအခါ ဝမ်း မြောက်စွာကခုန်လျက်နေသောဒါဝိဒ်မင်း ကိုမြင်လေသည်။ ထိုအခါသူသည်မင်းကြီး အားရွံရှာစက်ဆုပ်စိတ်ပေါ်လာ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29