1 Chronicles 11

Burmese (BCL) (Common Language Bible)

← Chapter 10 Chapter 12 →
26ထူး​ချွန်​သော​အ​ခြား​စစ်​သူ​ရဲများ​စာ​ရင်း မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယွာ​ဘ​၏​ညီ၊အာ​သ​ဟေ​လ။ ဗက်​လင်​မြို့​သား၊ဒေါ​ဒေါ​၏​သား​ဧ​လ​ဟာ​နန်။ ဟေ​ရောဒိ​မြို့​သား၊ရှမ္မ။ ဖာ​လ​တိ​မြို့​သား​ဟေ​လက်။ တေ​ကော​မြို့သား​ဣ​ကေ​ရှ​၏​သား​ဣ​ရ။ အ​နေ​သော​သိ​မြို့သား​အ​ဗျေ​ဇာ။ ဟု​ရှ​သိ​မြို့သား​သိ​ဗေ​ကဲ။ အ​ဟော​ဟိ​မြို့သားဣ​လဲ။ နေ​တော​ဖာ​သိ​မြို့သား​မ​ဟာ​ရဲ၊ နေ​တော​ဖာ​သိ​မြို့သား​ဗာ​န​၏​သား ဟေ​လက်။ ဗင်္ယာမိန်​ပြည်​ဂိ​ဗာ​မြို့​သား​ရိ​ဘဲ​၏​သား​ဣတ္တဲ။ ပိ​ရသော​နိ​မြို့​သား​ဗေ​နာ​ယ။ ဂါ​ရှ​မြို့​အ​နီး​ချိုင့်​ဝှမ်း​များ​မှ​ဟု​ရဲ။ အာ​ဗ​သိ​မြို့​သား​အ​ဗျေ​လ။ ဗာ​ဟု​မိ​မြို့သား​အာ​ဇ​မာ​ဝက်။ ရှာ​လ​ဗော​နိ​မြို့​သား​ဧ​လျာ​ဘ။ ဂိ​ဇော​နိ​မြို့သား​ယာ​ရှင်။ ဟာ​ရာ​မြို့​သား​ရှာ​ဂဲ​၏​သား​ယော​န​သန်။ ဟာ​ရာ​မြို့သား​စာ​ကာ​ရ၏​သား​အ​ဟိ​အံ။ ဥ​ရ၏​သား​ဧလိ​ဖ​လ။ မေ​ခေ​ရသိ​မြို့​သား​ဟေ​ဖာ။ ပေ​လော​နိ​မြို့သား​အ​ဟိ​ယ။ က​ရ​မေ​လ​မြို့သား​ဟေ​ဇ​ရဲ။ ဧဇ​ပဲ​၏​သား​နာ​ရဲ။ နာ​သန်​၏ညီ​ယော​လ။ ဟ​ဂ္ဂေ၏​သား​မိ​ဗ​ဟာ။ အမ္မုန်​မြို့​သား​ဇေ​လက်။ ယွာ​ဘ​၏လက်​နက်​ကိုင်​ဆောင်​သူ ဗေ​ရောသိ​မြို့​သား​န​ဟာ​ရဲ။ ဣ​သ​ရိမြို့​သား​ဣရနှင့်​ဂါ​ရက်။ ဟိတ္တိ​လူ​မျိုး​ဥရိယ။ အာ​လဲ​၏​သား​ဇာ​ဗဒ်။ ရှိ​ဇ​၏သား​အ​ဒိ​န(သူ​သည်​ရု​ဗင်​အ​နွယ်​မှ ဦး​စီး​ခေါင်းဆောင်​တစ်​ဦး​ဖြစ်​၍ လူ​သုံး​ကျိပ်​ရှိ တပ်​စိပ်​တစ်​စိပ်​အုပ်​ချုပ်ရသူ​ဖြစ်​၏။) မာ​ခါ​၏သား​ဟာ​နန်။ မိ​သ​နိ​မြို့သား​ယော​ရှ​ဖတ်။ အာ​ရှ​တ​ယော​သိ​မြို့သား​သြ​ဇိ။ အာ​ရော်​မြို့​မှ​ဟော​သန်​၏​သား​များ​ဖြစ် ကြ​သော ရှာ​မ​နှင့်​ယေ​ဟေ​လ။ တိ​ဇိ​မြို့သား​ရှိ​မ​ရိ​၏​သား​များ​ဖြစ်​ကြ​သော ယေ​ဒျေ​လ​နှင့်​ယော​ဟ။ မ​ဟာ​ဝိ​မြို့သား​ဧ​လျေ​လ။ ဧလ​နန်​၏​သား​များ​ဖြစ်​ကြ​သော ယေ​ရိ​ဗဲ​နှင့်​ယော​ရှ​ဝိ၊မော​ဘ​မြို့​သား​ဣသ​မ။ မေ​ဇော​ဗိတ်​မြို့သား​ဧ​လျေ​လ၊သြ​ဗက်​နှင့် ယာ​သေ​လ​တို့​ဖြစ်​ကြ​၏။
← Chapter 10 Chapter 12 →