1 Chronicles 28

Burmese (BCL) (Common Language Bible)

← Chapter 27 Chapter 29 →
1ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ရာ​ရှိ အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး​စေ တော်​မူ​၏။ လူ​မျိုး​နွယ်​တို့​ကို​အုပ်​ချုပ်​ရ​သူ အ​ရာ​ရှိ​အ​ပေါင်း​နှင့် နိုင်​ငံ​အုပ်​ချုပ်​မှု​တာ​ဝန် ကို​ထမ်း​ဆောင်​ရ​သူ​အ​ရာ​ရှိ​အ​ပေါင်း​သည် လည်း​ကောင်း၊ သား​ချင်း​စု​ခေါင်း​ဆောင်​များ၊ ဘု​ရင်​နှင့်​သား​တော်​များ​၏​ဥစ္စာ​ပစ္စည်း၊ မြည်း၊ နွား​အ​စ​ရှိ​သော​တိရစ္ဆာန်​များ​ကို​ကြီး​ကြပ် ထိန်း​သိမ်း​ရ​ကြ​သူ​တို့​သည်​လည်း​ကောင်း စု​ရုံး​ကြ​၏။ တစ်​နည်း​အား​ဖြင့်​နန်း​တော် အ​ရာ​ရှိ​များ၊ ထင်​ရှား​သော​စစ်​သူ​ရဲ​ကြီး များ​နှင့်​အ​ရေး​ပါ​အ​ရာ​ရောက်​သူ​ရှိ သ​မျှ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ရုံး ကြ​ကုန်​၏။
9ထို​နောက်​ရှော​လ​မုန်​အား``ငါ့​သား၊ သင်​သည် မိ​မိ​၏​အ​ဖ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​ကို အ​သိ​အ​မှတ်​ပြု​၍​ယုံ​မှား​သံ​သ​ယ​မ​ရှိ ဘဲ နူး​ညွတ်​သော​စိတ်​နှင့်​ဝတ်​ပြု​ကိုး​ကွယ်​ရန် ငါ​သည်​သင့်​အား​တာ​ဝန်​ပေး​အပ်​၏။ ကိုယ်​တော် သည်​ငါ​တို့​၏​အ​ကြံ​အ​စည်​များ​နှင့်​လို​အင် ဆန္ဒ​ရှိ​သ​မျှ​တို့​ကို​သိ​တော်​မူ​၏။ သင်​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​မူ ကိုယ်​တော်​သည် သင့်​အား​နှစ်​သက်​လက်​ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​သည်​ကိုယ်​တော်​အား​ကျော ခိုင်း​မည်​ဆို​ပါ​က​ကိုယ်​တော်​သည်​လည်း သင့်​အား​အ​စဉ်​အ​မြဲ​စွန့်​ပစ်​တော်​မူ ပေ​အံ့။-
← Chapter 27 Chapter 29 →