bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Chronicles 6
1 Chronicles 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
1
လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။
2
ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလဟူ၍သားလေးယောက်ရှိ၏။
3
အာမရံတွင်အာရုန်၊ မောရှေဟူသောသား နှစ်ယောက်နှင့်မိရိအံဟူသောသမီးတစ် ယောက်ရှိ၏။ အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ၏။
4
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ဧလဇာ၏သားမြေးစာရင်းမှာဧလဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာမရိ၊ အဟိတုပ်၊-
8
ဇာဒုတ်၊ အဟိမတ်၊-
9
အာဇရိ၊ ယောဟနန်ဟူ၍လည်းကောင်း၊
10
(ရှောလမုန်မင်းယေရုရှလင်မြို့တွင်တည် ဆောက်သည့်ဗိမာန်တော်တွင်အမှုတော်ဆောင် သူ) အာဇရိ၊-
11
အာမရိ၊ အဟိတုပ်၊
12
ဇာဒုတ်၊ ရှလ္လုံ၊
13
ဟိလခိ၊ အာဇရိ၊
14
စရာယ၊ ယောဇဒက်ဟူ၍လည်းကောင်းဖြစ် သတည်း။
15
ဘုရားသခင်သည်နေဗုခဒ်နေဇာမင်းကို အသုံးပြု၍ ယုဒပြည်သူပြည်သားများနှင့် ယေရုရှလင်မြို့သူမြို့သားတို့အား ပြည်နှင် ဒဏ်ပေးသောအခါယောဇဒက်လည်းပါ သွားလေသည်။
16
လေဝိတွင်ဂေရရှုံ၊ ကောဟတ်၊ မေရာရိဟူ၍ သားသုံးယောက်ရှိ၏။-
17
သူတို့သုံးယောက်စလုံးတွင်လည်းသားများ ရှိ၏။ ဂေရရှုံ၏သားများသည်လိဗနိနှင့် ရှိမိဖြစ်၏။-
18
ကောဟတ်၏သားများမှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်နှင့်သြဇေလတို့ဖြစ်၏။-
19
မေရာရိ၏သားများကားမဟာလိနှင့်မုရှိ ဖြစ်သတည်း။
20
အဖနှင့်သားနာမည်များအစဉ်လိုက် အတိုင်း ဂေရရှုံ၏သားမြေးစာရင်းမှာ ဂေရရှုံ၊ လိဗနိ၊ ယာဟတ်၊ ဇိမ္မ၊-
21
ယောအာ၊ ဣဒ္ဒေါ၊ ဇေရ၊ ယာတရဲဟူ၍ဖြစ်၏။
22
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း ကောဟတ်၏သားမြေးစာရင်းမှာကောဟပ်၊ ဣဇဟာ(ခေါ်) အမိနဒပ်၊ ကောရ၊ အဿိရ၊-
23
ဧလကာန၊ ဧဗျာသပ်၊ အဿိရ၊
24
တာဟပ်၊ ဥရေလ၊ သြဇိ၊ ရှောလဟူ၍ဖြစ်၏။
25
ဧလကာနတွင်အာမသဲနှင့် အဟိမုတ်ဟူ သောသားနှစ်ယောက်ရှိ၏။-
26
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း အဟိမုတ်၏သားမြေးစာရင်းမှာ အဟိမုတ်၊ ဧလကာန၊ ဇော်ဖဲ၊ နာဟတ်၊-
27
ဧလျာဘ၊ ယေရောဟံနှင့်ဧလကာနဟူ၍ ဖြစ်၏။
28
ရှမွေလတွင်သားကြီးယောလနှင့် သားငယ် အဘိယဟူ၍သားနှစ်ယောက်ရှိ၏။
29
အဖနှင့်သားနာမည်များအစဉ်လိုက်အတိုင်း မေရာရိ၏သားမြေးစာရင်းမှာမေရာရိ၊ မဟာလိ၊ လိဗနိ၊ ရှိမိ၊ သြဇ၊-
30
ရှိမာ၊ ဟ္ဂျာနှင့်အသာယဟူ၍ဖြစ်၏။
31
ပဋိညာဉ်သေတ္တာတော်ကိုယေရုရှလင်မြို့ ရှိကိုးကွယ်ဝတ်ပြုရာဌာနတော်သို့ပြောင်း ရွှေ့ရပြီးနောက် ဒါဝိဒ်မင်းသည်ဤသူတို့ အားဗိမာန်တော်တွင်ဂီတသီဆိုတီးမှုတ် ရန်အတွက်တာဝန်ပေးအပ်တော်မူ၏။-
32
သူတို့သည်ရှောလမုန်မင်းကြီးဗိမာန်တော် ကိုမတည်မဆောက်မီကာလ၌ ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်တွင် အလှည့်ကျတာဝန်ယူ၍မပျက်မကွက် ဆောင်ရွက်ရကြသည်။-
33
ဤရာထူးတွင်ခန့်ထားခြင်းခံရသူတို့ ၏ ဆွေစဉ်မျိုးဆက်စာရင်းမှာအောက်ပါ အတိုင်းဖြစ်သည်။ ကောဟတ်သားချင်းစုမှယောလ၏သား ဟေမန်သည် ပထမသံစုံသီချင်းအဖွဲ့ ခေါင်းဆောင်ဖြစ်၏။ ဟေမန်၏အဖသည် ယောလ၊ ယောလ၏အဖမှာ ရှမွေလ၊ ရှမွေလ၏အဖကားဧလကာနဖြစ်၏။ ဧလကာန၏အဖသည် ယေရောဟံ၊ ယေ ရောဟံ၏အဖမှာဧလျာဘ၊ ဧလျာဘ ၏အဖကားတောအာဖြစ်၏။ တောအာ၏ အဖသည်ဇောဖဲ၊ ဇောဖဲ၏အဖမှာ ဧလ ကာန၊ ဧလကာန၏အဖကားမာဟတ် ဖြစ်၏။ မာဟတ်၏အဖသည် အမာသဲ၊ အမာသဲ၏အဖသည်ဧလကာန၊ ဧလ ကာန၏အဖမှာယောလ၊ ယောလ၏အဖ ကားအာဇရိဖြစ်၏။ အာဇရိ၏အဖသည် ဇေဖနိ၊ ဇေဖနိ၏အဖမှာတာဟတ်၊ တာ ဟတ်၏အဖသည်အဿိရ၊ အဿိရ၏အဖ ကားဧဗျာသပ်ဖြစ်၏။ ဧဗျာသပ်၏အဖ သည်ကောရ၊ ကောရ၏အဖမှာဣဇဟာ၊ ဣဇဟာ၏အဖကားကောဟတ်ဖြစ်၏။ ကောဟပ်၏အဖသည်လေဝိ၊ လေဝိ၏ အဖကားယာကုပ်ဖြစ်၏။ ဤသို့လျှင် ဟေမန်၏ဘိုးဘေးစာရင်းမှာယာကုပ် တွင်အဆုံးသတ်သတည်း။
39
ဒုတိယသံစုံသီချင်းအဖွဲ့ခေါင်းဆောင်မှာ အာသပ်ဖြစ်၏။ အာသပ်၏အဖသည်ဗေရခိ၊ ဗေရခိ၏အဖမှာရှိမာ၊ ရှိမာ၏အဖကား မိက္ခေလဖြစ်၏။ မိက္ခေလ၏အဖသည်ဗာသေ ယ၊ ဗာသေယ၏အဖမှာမာလခိ၊ မာလခိ ၏အဖကားဧသနိဖြစ်၏။ ဧသနိ၏ အဖသည်ဇေရ၊ ဇေရ၏အဖမှာအဒါယ၊ အဒါယ၏အဖကားဧသန်ဖြစ်၏။ ဧသန် ၏အဖသည်ဇိမ္မ၊ ဇိမ္မ၏အဖမှာရှိမိ၊ ရှိမိ ၏အဖသည်ယာဟတ်ဖြစ်၏။ ယာဟတ်၏ အဖသည်ဂေရရှုံ၊ ဂေရရှုံ၏အဖကား လေဝိဖြစ်၏။ ဤသို့လျှင်အာသပ်၏ဘိုး ဘေးစာရင်းသည်လေဝိတွင်အဆုံးသတ် သတည်း။
44
မေရာရိသားချင်းစုမှဧသန်သည်တတိယ သံစုံသီချင်းအဖွဲ့ခေါင်းဆောင်ဖြစ်၏။ ဧသန် ၏အဖသည်ကိရှိ၊ ကိရှိ၏အဖမှာအာဖဒိ၊ အာဖဒိ၏အဖကားမလ္လုတ်ဖြစ်၏။ မလ္လုတ် ၏အဖသည်ဟာရှဗိ၊ ဟာရှဗိ၏အဖမှာ အာမဇိ၊ အာမဇိ၏အဖကားဟိလခိ ဖြစ်၏။ ဟိလခိ၏အဖသည်အံဇိ၊ အံဇိ ၏အဖမှာဗာနိ၊ ဗာနိ၏အဖကားရှမေရ ဖြစ်၏။ ရှမေရ၏အဖသည်မဟာလိ၊ မဟာ လိ၏အဖမှာမုရှိ၊ မုရှိ၏အဖကားမေ ရာရိဖြစ်၍ မေရာရိ၏အဖသည်လေဝိ ဖြစ်၏။ ဤသို့လျှင်ဧသန်၏ဘိုးဘေးစာရင်း သည်လေဝိတွင်အဆုံးသတ်သတည်း။
48
ထိုသူတို့၏ဆွေမျိုးသားချင်းများဖြစ်သော အခြားလေဝိအနွယ်ဝင်တို့သည် ကိုးကွယ် ဝတ်ပြုရာဌာနတော်တွင်အခြားတာဝန် ဝတ္တရားများကိုထမ်းဆောင်ရကြ၏။
49
အာရုန်နှင့်သူ၏သားမြေးတို့သည်နံ့သာ ပေါင်းကိုမီးရှို့ရာပူဇော်သကာနှင့် ပလ္လင်ပေါ် တွင်တင်၍မီးရှို့ရာယဇ်ကိုပူဇော်ဆက်သ ရကြ၏။ သူတို့သည်အလွန်သန့်ရှင်းရာ ဌာနတော်၌ကိုးကွယ်ဝတ်ပြုမှုမှန်သမျှ ကိုလည်းကောင်း၊ ဣသရေလအမျိုးသား တို့၏အပြစ်ဖြေရာယဇ်ပူဇော်မှုများ ကိုလည်းကောင်း၊ တာဝန်ယူ၍ဆောင်ရွက် ရကြ၏။ ယင်းသို့ဆောင်ရွက်ရာ၌သူတို့ သည်ဘုရားသခင်၏အစေခံဖြစ်သူ မောရှေဆင့်ဆိုညွှန်ကြားခဲ့သည့်အတိုင်း လိုက်နာကျင့်သုံးရကြပေသည်။-
50
အာရုန်၏သားမြေးများစာရင်းမှာအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊-
51
ဗုက္ကိ၊ သြဇိ၊ ဇေရဟိ၊- မရာယုတ်၊ အာမရိ၊ အဟိတုပ်၊ ဇာဒုတ်၊ အဟိမတ်ဟူ၍ဖြစ်၏။
54
ကောဟတ်သားချင်းစုဖြစ်သော၊ အာရုန် ၏သားမြေးများပထမဆုံးဝေစုအဖြစ်ဖြင့် ခွဲဝေပေးခြင်းခံရသည့်နယ်မြေများမှာ ယုဒနယ်မှဟေဗြုန်မြို့နှင့်ပတ်ဝန်းကျင် ရှိမြက်ခင်းများဖြစ်၏။-
56
ထိုမြို့တို့နှင့်သက်ဆိုင်ရာလယ်များ၊ ရွာများကို မူယေဖုန္န၏သားကာလက်ကရရှိလေသည်။-
57
အာရုန်၏သားမြေးတို့အားခွဲဝေပေးသည့်မြို့ များမှာ အပြစ်လွတ်ငြိမ်းခွင့်ရရန်ခိုလှုံရာဖြစ် သောဟေဗြုန်မြို့၊ ယတ္တိယမြို့၊ လိဗန၊ ဧရှတမော၊ ဟောလုန်၊ ဒေဗိရ၊ အာရှန်ဗက်ရှေမက်မြို့များ နှင့်ထိုမြို့တို့နှင့်သက်ဆိုင်ရာမြက်ခင်းများ ဖြစ်ပေသည်။-
60
သူတို့သည်င်္ဗယာမိန်နယ်မှဂေဗ၊ အာလမက်၊ အာနသုတ်မြို့များနှင့်သက်ဆိုင်ရာမြက်ခင်း များကိုလည်းရရှိကြ၏။ ဤသို့လျှင်သူတို့ ၏အိမ်ထောင်စုအားလုံးနေထိုင်ရန်အတွက် စုစုပေါင်းမြို့တစ်ဆယ့်သုံးမြို့ကိုရရှိကြ လေသည်။-
61
ကောဟပ်သားချင်းစုထဲမှကျန်ရှိနေသော သူတို့သည် အနောက်ပိုင်းမနာရှေနယ်ရှိမြို့ ဆယ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ၍ ခွဲဝေယူရကြ၏။
62
ဂေရရှုံသားချင်းစုတို့သည် ဣသခါနယ်၊ အာရှာနယ်၊ နဿလိနယ်၊ ဗာရှန်ပြည်အရှေ့ မနာရှေနယ်တို့မှမြို့တစ်ဆယ့်သုံးမြို့ကို အိမ်ထောင်စုအလိုက်မဲချ၍ခွဲဝေယူရ ကြ၏။-
63
ထိုနည်းတူစွာမေရာရိသားချင်းစုတို့သည် ရုဗင်နယ်၊ ဂဒ်နယ်နှင့်ဇာဗုလုန်နယ်တို့မှမြို့ တစ်ဆယ့်နှစ်မြို့ကိုအိမ်ထောင်စုအလိုက်မဲချ ၍ခွဲဝေယူရကြ၏။-
64
ဤနည်းအားဖြင့်ဣသရေလပြည်သားတို့သည် လေဝိအနွယ်ဝင်တို့နေထိုင်ရန် မြို့များကိုအနီး တစ်ဝိုက်ရှိမြက်ခင်းများနှင့်တကွခွဲဝေပေး ကြကုန်သည်။-
65
(အထက်ဖော်ပြပါယုဒနယ်၊ ရှိမောင်နယ်၊ င်္ဗယာမိန်နယ်တို့မှမြို့တို့ကိုလည်းမဲချ၍ ခွဲဝေပေးကြ၏။)
66
ကောဟတ်သားချင်းစုထဲမှအချို့သောအိမ် ထောင်စုတို့သည် ဧဖရိမ်နယ်မှမြို့များနှင့် မြက်ခင်းများကိုရရှိကြ၏။-
67
ထိုမြို့များမှာဧဖရိမ်တောင်ကုန်းများပေါ် တွင်တည်ရှိလျက် အပြစ်လွတ်ငြိမ်းခွင့်အတွက် ခိုလှုံရာဖြစ်သောရှေခင်မြို့၊ ဂေဇာမြို့၊ ယော ကမံမြို့၊ ဗက်ဟောရုန်မြို့၊ အာဇလုန်မြို့ နှင့်ဂါသရိမ္မုန်မြို့တို့ဖြစ်ကြ၏။-
70
ထိုသူတို့သည်အနောက်ပိုင်းမနာရှေနယ်မှ အနေရမြို့၊ ဗိလံမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုရရှိကြ၏။
71
ဂေရရှုံသားချင်းစုထဲမှအိမ်ထောင်စုတို့သည် အရှေ့မနာရှေနယ်၊ ဗာရှန်ပြည်ရှိ၊ ဂေါလန်မြို့၊ အာရှတရုတ်မြို့နှင့်ယင်းတို့၏အနီးတစ် ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
72
ဣသာခါနယ်မှကေဒေရှမြို့၊ ဒါဗရတ်မြို့၊
73
ရာမုတ်မြို့၊ အာနင်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
74
အာရှာနယ်မှမိရှလမြို့၊ အာဗဒုန်မြို့၊
75
ဟုကုတ်၊ ရဟောဘမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
76
နဿလိနယ်မှဂါလိလဲပြည်ရှိကေဒေရှမြို့၊ ဟမ္မုန်မြို့၊ ကိရယသိမ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရ ရှိကြ၏။
77
မေရာရိသားချင်းစုမှကြွင်းကျန်နေသော အိမ်ထောင်စုတို့သည် ဇာဗုလုန်နယ်မှရိမ္မုန်မြို့၊ တာဗော်မြို့နှင့်ယင်းတို့၏အနီးတစ်ဝိုက်ရှိ မြက်ခင်းများကိုလည်းကောင်း၊
78
ရုဗင်နယ်မှယေရိခေါမြို့၏အလွန်ယော်ဒန် မြစ်အရှေ့ဘက်ကမ်း၊ ယာဇကုန်းပြင်မြင့်ပေါ် ရှိဗေဇာမြို့၊-
79
ကေဒမုတ်မြို့၊ မေဖတ်မြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်း၊
80
ဂဒ်နယ်မှဂိလဒ်ပြည်ရာမုတ်မြို့၊ မဟာနိမ်မြို့၊
81
ဟေရှဘုန်မြို့၊ ယာဇာမြို့နှင့်ယင်းတို့၏အနီး တစ်ဝိုက်ရှိမြက်ခင်းများကိုလည်းကောင်းရရှိ ကြလေသည်။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29