bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Chronicles 19
1 Chronicles 19
Burmese (BCL) (Common Language Bible)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
1
ထိုနောက်ကာလအနည်းငယ်ကြာသော အခါ အမ္မုန်ဘုရင်နာဟတ်ကွယ်လွန်၍ သူ၏သားဟာနုန်မင်းဖြစ်လေ၏။-
2
ဒါဝိဒ်က``ဟာနုန်၏အဖနာဟတ်သည်သစ္စာ ရှိသောမိတ်ဆွေဖြစ်ကြောင်း ငါ့အားပြသခဲ့ သည့်နည်းတူငါသည်လည်းဟာနုန်အားပြသ ရပေမည်'' ဟုဆိုလျက်သူ၏ထံသို့ဝမ်းနည်း ကြေကွဲကြောင်းသဝဏ်လွှာကိုစေတမန်များ နှင့်ပေးပို့တော်မူလိုက်၏။ ထိုသူတို့အမ္မုန်ပြည်သို့ရောက်ရှိကြသော အခါ ဟာနုန်မင်း၏ရှေ့သို့ဝင်ကြ၏။-
3
အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
4
ဟာနုန်သည်ဒါဝိဒ်၏ စေတမန်တို့ကိုဖမ်း ဆီးကာမုတ်ဆိတ်များကိုရိတ်၍ အဝတ်များ ကိုတင်ပါးအထိဖြတ်ပြီးလျှင်သူတို့ အားပြန်၍လွှတ်လိုက်၏။-
5
သူတို့သည်အလွန်ပင်ရှက်သဖြင့်မိမိတို့ တိုင်းပြည်သို့မပြန်ဘဲနေကြ၏။ ဤအဖြစ် အပျက်ကိုဒါဝိဒ်ကြားသိသောအခါသူ တို့အား``သင်တို့သည်ယေရိခေါမြို့တွင်နေ ကြလော့။ မုတ်ဆိတ်များပြန်၍မရှည်မချင်း မိမိတို့ပြည်သို့မပြန်ခဲ့ကြနှင့်'' ဟု အကြောင်းကြားတော်မူ၏။
6
ဟာနုန်မင်းနှင့်အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းအား မိမိတို့ရန်ဖက်ပြုမိကြ ကြောင်းသိရှိလာကြသောအခါမေသော ပေါတာမိပြည်အထက်ပိုင်းနှင့် ရှုရိပြည် ဖြစ်ကြသောမာခါပြည်၊ ဇောဘပြည်တို့ မှစစ်တပ်တစ်တပ်ကိုငွေတန်ချိန်လေး ဆယ်မျှပေး၍ငှားရမ်းကြ၏။-
7
သူတို့သည်မိမိတို့ငှားရမ်းထားသည့်စစ် ရထားသုံးသောင်းနှစ်ထောင်နှင့် မာခါပြည် ဘုရင်၏တပ်မတော်ကိုခေါ်ဆောင်ကာ မေ ဒဘမြို့အနီးသို့လာ၍စခန်းချလေသည်။ အမ္မုန်အမျိုးသားတို့သည်လည်းမိမိတို့၏ မြို့အပေါင်းမှထွက်၍စစ်တိုက်ရန်အသင့် ပြင်ကြကုန်၏။
8
ဒါဝိဒ်သည်ဤအကြောင်းအရာကိုကြား သောအခါ ယွာဘနှင့်တပ်မတော်ကြီး တစ်ခုလုံးကိုစေလွှတ်တော်မူ၏။-
9
အမ္မုန်အမျိုးသားတို့သည်လာရောက်၍ မိမိ တို့၏မြို့တော်ရဗ္ဗာမြို့အဝင်တွင်နေရာယူ ကြ၏။ စစ်ကူရောက်ရှိလာကြသောဘုရင် တို့သည်လည်းကွင်းပြင်တွင်နေရာယူ ကြကုန်၏။
10
ယွာဘသည်မိမိအားအရှေ့မှလည်းကောင်း၊ အနောက်မှလည်းကောင်း၊ ရန်သူတပ်သားတို့ တိုက်ခိုက်ကြလိမ့်မည်ကိုသိမြင်သောအခါ ဣသရေလအမျိုးသားတို့တွင်အတော် ဆုံးစစ်သူရဲတို့ကိုရွေးချယ်ကာရှုရိတပ် ကိုမျက်နှာမူ၍နေရာယူစေ၏။-
11
ကြွင်းသောသူတို့ကိုမူမိမိ၏ညီအဘိရှဲ အားကွပ်ကဲစေ၏။ အဘိရှဲသည်လည်းသူ တို့အားအမ္မုန်တပ်သားတို့ကိုမျက်နှာမူ ၍နေရာယူစေ၏။-
12
ယွာဘက``ရှုရိတပ်သားတို့သည်ငါတို့ အားအနိုင်ရလျက်နေပါမူ သင်သည်လာ ၍ငါ့အားကူညီလော့။ အကယ်၍အမ္မုန် တပ်သားတို့ကသင့်ကိုအနိုင်ရလျက် နေပါမူငါသည်လာ၍သင့်ကိုကူညီမည်။-
13
စွမ်းရည်သတ္တိရှိစေကြလော့။ ငါတို့သည် မိမိတို့၏လူမျိုး၊ မိမိတို့ကိုးကွယ်သော ဘုရားသခင်၏မြို့များအတွက်ကြိုး စား၍တိုက်ခိုက်ကြကုန်အံ့။ ထာဝရ ဘုရားသည်မိမိအလိုတော်ရှိသည် အတိုင်းဖြစ်ပါစေသော'' ဟုအဘိရှဲ အားဆို၏။
14
ယွာဘနှင့်သူ၏တပ်သားတို့သည်ရှေ့သို့ ချီတက်တိုက်ခိုက်လျှင် ရှုရိတပ်သားတို့ သည်ထွက်ပြေးကြကုန်၏။-
15
ယင်းသို့ထွက်ပြေးသည်ကိုအမ္မုန်တပ်သား တို့မြင်သောအခါ သူတို့သည်လည်းအဘိရှဲ ၏ရှေ့မှထွက်ပြေးကာမြို့တွင်းသို့ဆုတ် ခွာသွားကြကုန်၏။ ထိုအခါယွာဘသည် ယေရုရှလင်မြို့သို့ပြန်လေ၏။
16
ရှုရိအမျိုးသားတို့သည် ဣသရေလအမျိုး သားတို့အနိုင်ရသွားကြောင်းကိုသိရှိလာ ကြသဖြင့် သူတို့သည်ဥဖရတ်မြစ်အရှေ့ ဘက်ကမ်းရှိရှုရိပြည်နယ်မှစစ်သားတို့ကို ခေါ်ယူကာ ဇောဘပြည်မှဟာဒဒေဇာမင်း တပ်မတော်တပ်မှူးရှောဗက်၏လက်အောက် တွင်ထားရှိကြ၏။-
17
ဤအကြောင်းကိုဒါဝိဒ်ကြားလေသော် ဣသရေလတပ်သားများကိုစုရုံးစေလျက် ယော်ဒန်မြစ်ကိုဖြတ်ကူးပြီးလျှင် ရှုရိတပ် များကိုမျက်နှာမူ၍နေရာယူစေတော် မူ၏။ စစ်ပွဲကားအစပြုလေပြီ။-
18
ထိုနောက်ဣသရေလအမျိုးသားတို့သည် ရှုရိအမျိုးသားတို့အားတပ်လှန့်ထွက်ပြေး စေကြ၏။ ဒါဝိဒ်နှင့်သူ၏တပ်မတော်သည် ရထားစီးစစ်သူရဲခုနစ်ထောင်နှင့်ခြေလျင် တပ်သားလေးသောင်းတို့ကိုသုတ်သင်ပစ် လိုက်ကြသတည်း။ သူတို့သည်ရှုရိတပ်မှူး ရှောဗက်အားလည်းသုတ်သင်လိုက်ကြသည်။-
19
ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29