bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Samuel 11
1 Samuel 11
Burmese (BCL) (Common Language Bible)
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
1
နောက်တစ်လခန့်ကြာသောအခါ အမ္မုန်ဘုရင် နာဟတ်သည်စစ်သည်အလုံးအရင်းနှင့်ဂိလဒ် ပြည်ယာဗက်မြို့သို့ချီတက်လာ၏။ သူတို့သည် မြို့ကိုဝိုင်းရံထားသဖြင့် ယာဗက်မြို့သားတို့ ကနာဟတ်အား``အကျွန်ုပ်တို့နှင့်မဟာမိတ် စာချုပ်ချုပ်ဆိုပါက အကျွန်ုပ်တို့သည်အရှင် ၏သစ္စာတော်ကိုခံယူပါမည်'' ဟုလျှောက် ထားကြ၏။
2
နာဟတ်က``ဣသရေလအမျိုးသားတစ် ရပ်လုံးအသရေပျက်စေရန် သင်တို့၏ညာ မျက်စိရှိသမျှကိုဖောက်ပစ်ခွင့်ပေးမှသာ ငါသည်သင်တို့နှင့်မဟာမိတ်စာချုပ်ချုပ် ဆိုနိုင်မည်'' ဟုဆို၏။
3
ယာဗက်မြို့သားခေါင်းဆောင်များက``ဣသရေလ ပြည်တစ်လျှောက်လုံးသို့တမန်များစေလွှတ်၍ သတင်းပေးပို့နိုင်ရန်အကျွန်ုပ်တို့အားခုနစ် ရက်မျှအခွင့်ပေးပါ။ အကယ်၍အကျွန်ုပ်တို့ အားကူမမည့်သူမရှိပါကအရှင့်ထံတွင် အညံ့ခံပါမည်'' ဟုလျှောက်ကြ၏။
4
စေတမန်တို့သည်ရှောလုနေထိုင်ရာဂိဗာ မြို့သို့ရောက်ရှိလာလျက် ထိုသတင်းကိုပြော ကြားကြသောအခါ လူတို့သည်စိတ်ပျက် အားလျော့လျက်ငိုကြွေးကြကုန်၏။-
5
ထိုအချိန်၌ရှောလုသည်မိမိ၏နွားများ နှင့်အတူ လယ်တောမှပြန်လည်ရောက်ရှိလာ ကာ``အကြောင်းကားအဘယ်သို့နည်း။ လူ အပေါင်းတို့သည်အဘယ်ကြောင့်ငိုကြွေး နေကြပါသနည်း'' ဟုမေး၏။ လူတို့သည် ယာဗက်မြို့မှစေတမန်တို့ယူဆောင်လာ သောသတင်းကိုသူ့အားပြောကြားကြ၏။-
6
ထိုသတင်းကိုရှောလုကြားရချိန်၌ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ ၏အပေါ်သို့သက်ရောက်တော်မူသဖြင့် သူသည်ပြင်းစွာအမျက်ထွက်ကာ၊-
7
နွားနှစ်ကောင်ကိုယူ၍အပိုင်းပိုင်းခုတ်ဖြတ် လျက် စေတမန်တို့အားဣသရေလပြည် တစ်လျှောက်လုံးသို့ယူဆောင်သွားစေပြီး လျှင်``စစ်ပွဲဝင်ရန်ရှောလုနှင့်ရှမွေလတို့ နောက်သို့မလိုက်သူမှန်သမျှ၏နွားများ သည် ဤနည်းအတိုင်းခုတ်ဖြတ်ခြင်းကို ခံရကြလိမ့်မည်'' ဟုသတိပေးစေ၏။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားကိုကြောက်သဖြင့် တညီတညွတ် တည်းထွက်လာကြ၏။-
8
ရှောလုသည်သူတို့အားဗေဇက်မြို့တွင် စုရုံးစေရာ ဣသရေလပြည်မှလူသုံး သိန်းနှင့်ယုဒပြည်မှလူသုံးသောင်းရရှိ သတည်း။-
9
ထိုသူတို့ကယာဗက်မြို့မှလာသောစေ တမန်တို့အား``ငါတို့သည်နက်ဖြန်မွန်း မတည့်မီသင်တို့မြို့သားများအားကယ် ဆယ်မည်ဖြစ်ကြောင်း သူတို့အားပြောကြား ကြလော့'' ဟုမှာကြားလိုက်၏။ ထိုသတင်း ကိုရသောအခါယာဗက်မြို့သားတို့သည် အတိုင်းထက်အလွန်ဝမ်းမြောက်ကြကုန်၏။-
10
သူတို့သည်နာဟတ်အား``အကျွန်ုပ်တို့သည် အရှင့်ထံတွင် နက်ဖြန်အညံ့ခံကြပါမည်။ အကျွန်ုပ်တို့အားအရှင်ပြုလိုရာပြုနိုင် ပါသည်'' ဟုလျှောက်ကြ၏။
11
နောက်တစ်နေ့နံနက်၌ရှောလုသည်မိမိ ၏လူတို့ကိုသုံးတပ်ခွဲပြီးလျှင် အရုဏ် တက်ချိန်၌ ရန်သူတပ်စခန်းကိုအတင်း ဝင်၍တိုက်ခိုက်ရာမွန်းတည့်ချိန်ရောက်သော် အမ္မုန်အမျိုးသားတို့ကျဆုံးကြကုန်၏။ မသေဘဲကြွင်းကျန်နေသူတို့သည်လည်း တကွဲတပြားကိုယ်လွတ်ရုန်း၍ထွက်ပြေး ကြလေသည်။
12
ထိုအခါဣသရေလအမျိုးသားတို့က ရှမွေလအား``ရှောလုသည်အကျွန်ုပ်တို့၏ ဘုရင်မဖြစ်ထိုက်ဟုဆိုသောသူတို့အဘယ် မှာရှိပါသနည်း။ သူတို့ကိုအကျွန်ုပ်တို့လက် သို့ပေးအပ်ပါ။ သူတို့အားအကျွန်ုပ်တို့ အဆုံးစီရင်ကြပါမည်'' ဟုလျှောက်ကြ၏။
13
သို့ရာတွင်ရှောလုက``ဤနေ့သည်ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကယ်ဆယ် တော်မူသောနေ့ဖြစ်၏။ ယနေ့အဘယ်သူကို မျှမသတ်ရ'' ဟုဆို၏။-
14
ရှမွေလကလည်း``ငါတို့အပေါင်းသည်ဂိလ ဂါလမြို့သို့သွား၍ရှောလုအား ငါတို့ ဘုရင်အဖြစ်ဖြင့်ထပ်မံကြွေးကြော်တင် မြှောက်ကြကုန်အံ့'' ဟုဆို၏။-
15
သို့ဖြစ်၍သူတို့အားလုံးပင်ဂိလဂါလ မြို့သို့သွားပြီးလျှင် သန့်ရှင်းရာဌာနတော် တွင်ရှောလုအားဘုရင်အဖြစ်ကြွေးကြော် တင်မြှောက်ကြလေသည်။ သူတို့သည်မိတ် သဟာယယဇ်ကိုပူဇော်ကြ၏။ ရှောလုနှင့် ဣသရေလအမျိုးသားတစ်ရပ်လုံးသည် လည်းပျော်ပွဲရွှင်ပွဲကိုဆင်နွှဲကြ၏။
← Chapter 10
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 12 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31