bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Samuel 15
1 Samuel 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
1
ရှမွေလသည်ရှောလုအား``ထာဝရဘုရား သည်မိမိ၏လူစုဣသရေလအမျိုးသား တို့၏ဘုရင်အဖြစ် သင့်အားဘိသိက်ပေးရန် ငါ့ကိုစေလွှတ်တော်မူ၏။ သို့ဖြစ်၍အနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ သောစကားကိုနားထောင်လော့။-
2
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်မှထွက်လာသောအခါ အာမလက် အမျိုးသားတို့ကဆီးတားကြ၏။ ထို့ကြောင့် ကိုယ်တော်သည်သူတို့အားဒဏ်ခတ်တော် မူမည်။-
3
သင်သည်အာမလက်အမျိုးသားတို့အားသွား ရောက်တိုက်ခိုက်လော့။ သူတို့၏ပစ္စည်းဥစ္စာရှိ သမျှကိုဖျက်ဆီးပစ်ရမည်။ တစ်စုံတစ်ခု မျှမကျန်စေနှင့်။ ရှိသမျှယောကျာ်း၊ မိန်းမ၊ ကလေးသူငယ်၊ နို့စို့များအပြင်ရှိသမျှ သိုး၊ နွား၊ ကုလားအုတ်၊ မြည်းများကိုသုတ် သင်ဖျက်ဆီးပစ်လော့'' ဟုဆို၏။-
4
ရှောလုသည်တေလိမ်မြို့တွင်မိမိ၏စစ် သည်တပ်သားအပေါင်းကိုစုရုံး၍ကြည့် ရှုစစ်ဆေးရာ ဣသရေလနယ်မှတပ်သား နှစ်သိန်းနှင့်ယုဒနယ်မှတပ်သားတစ် သောင်းရှိသတည်း။-
5
ထိုနောက်သူသည်မိမိစစ်သူရဲများနှင့် အတူ အာမလက်မြို့သို့ချီတက်၍ခြောက် သွေ့နေသောမြစ်ဝှမ်းတွင်တပ်စခန်းချ လျက်နေ၏။-
6
သူသည်ကေနိအမျိုးသားများအား``သင်တို့ သည်ဣသရေလအမျိုးသားတို့အီဂျစ်ပြည် မှထွက်လာကြစဉ်အခါက သူတို့အား ကျေးဇူးပြုခဲ့ကြပါ၏။ သို့ဖြစ်၍သင်တို့ အားငါမသတ်မိစေရန် အာမလက်အမျိုး သားတို့ထံမှတိမ်းရှောင်သွားကြလော့'' ဟု ကြိုတင်သတိပေးထား၏။ ထို့ကြောင့်ကေနိ အမျိုးသားတို့သည်တိမ်းရှောင်သွားကြ လေသည်။
7
ရှောလုသည်ဟဝိလမြို့မှအီဂျစ်ပြည်၏ အရှေ့ဘက်၌ရှိသော ရှုရမြို့တိုင်အောင်အာ မလက်အမျိုးသားတို့အားလိုက်လံတိုက် ခိုက်လေသည်။-
8
သူသည်အာမလက်ဘုရင်အာဂတ်ကိုလက်ရ ဖမ်းဆီးမိ၏။ လူအပေါင်းတို့ကိုမူသုတ်သင် ပစ်၏။-
9
သို့ရာတွင်ရှောလုနှင့်သူ၏တပ်သားတို့သည် အာဂတ်ကို အသက်ချမ်းသာပေး၍အဆူဖြိုး ဆုံးသောသိုးနွားများ၊ အလှဆုံးသောနွား သူငယ်သိုးသူငယ်များနှင့် ကောင်းမွန်သည့် အရာရှိသမျှတို့ကိုမဖျက်မဆီးကြ။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသော အရာများကိုသာလျှင်ဖျက်ဆီးပစ်ကြ လေသည်။
10
ထာဝရဘုရားသည်ရှမွေလအား``ရှောလုကို ဘုရင်ခန့်မိသည်မှာမှားလေစွ။ သူသည်ငါ့အား ကျောခိုင်းကာငါ၏အမိန့်တော်တို့ကိုလွန်ဆန် ခဲ့လေပြီ'' ဟုမိန့်တော်မူ၏။ ရှမွေလသည် ဒေါသထွက်၏။ သူသည်တစ်ညဥ့်လုံးထာဝရ ဘုရားအားလျှောက်လဲအသနားခံပြီးနောက်၊-
12
နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
13
ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
14
ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။
15
ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
16
ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။
17
ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။-
18
ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
19
သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
20
ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။-
21
သို့ရာတွင်အကျွန်ုပ်၏လူတို့သည်မိမိတို့ လက်ရအဆူဖြိုးဆုံးသိုးနွားများကိုမ သတ်ဘဲ အရှင်၏ဘုရားသခင်ထာဝရ ဘုရားအားယဇ်ပူဇော်ရန် ဤဂိလဂါလ မြို့သို့ယူဆောင်ခဲ့ကြပါ၏'' ဟုပြန်လည် ဖြေကြား၏။
22
ရှမွေလက``ထာဝရဘုရားသည်မီးရှို့ ရာယဇ်အစရှိသည့်ပူဇော်သကာများ ဆက်သမှုနှင့် မိမိ၏အမိန့်တော်နာခံ မှုတို့အနက်မည်သည်ကိုပို၍နှစ်သက်တော် မူပါသနည်း။ နာခံခြင်းသည်အဆူဖြိုး ဆုံးသိုးကိုယဇ်ပူဇော်ခြင်းထက်ပို၍မြတ်၏။-
23
ကိုယ်တော်အားပုန်ကန်ခြင်းသည်စုံးအတတ် ကဲ့သို့ဆိုးရွား၍ မောက်မာထောင်လွှားခြင်း သည်လည်းရုပ်တုကိုကိုးကွယ်ခြင်းကဲ့သို့ ပင်အပြစ်ကြီး၏။ သင်သည်ထာဝရဘုရား ၏အမိန့်တော်ကိုပယ်သောကြောင့် ကိုယ်တော် သည်သင့်ကိုဘုရင်အဖြစ်မှပယ်တော်မူ ပြီ'' ဟုဆို၏။
24
ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
25
သို့ရာတွင်ထာဝရဘုရားအားအကျွန်ုပ်ဝတ် ပြုကိုးကွယ်ခွင့်ရစေရန် အရှင်သည်အကျွန်ုပ် ၏အပြစ်ကိုဖြေလွှတ်၍ အကျွန်ုပ်နှင့်အတူ ဂိလဂါလမြို့သို့လိုက်ခဲ့ပါရန်အကျွန်ုပ် တောင်းပန်ပါ၏'' ဟုဆိုလေ၏။
26
ရှမွေလကလည်း``သင်နှင့်ငါမပြန်။ သင်သည် ထာဝရဘုရား၏အမိန့်တော်ကိုပယ်သော ကြောင့် ကိုယ်တော်သည်သင့်ကိုဣသရေလ ဘုရင်အဖြစ်မှပယ်တော်မူပြီ'' ဟုဆို၏။
27
ထိုနောက်ရှမွေလသည်လှည့်၍ထွက်ခွာမည်ပြု သောအခါ ရှောလုသည်သူ၏ဝတ်လုံကိုဆွဲ ကိုင်လိုက်သဖြင့်ဝတ်လုံစုတ်သွားလေသည်။-
28
ရှမွေလက``ထာဝရဘုရားသည်ယနေ့ပင် ဣသရေလနိုင်ငံကိုသင့်ထံမှဆွဲယူကာ သင့်ထက်ကောင်းမြတ်သူတစ်ဦး၏လက်သို့ ပေးအပ်တော်မူလေပြီ။-
29
ဣသရေလအမျိုးသားတို့၏မြင့်မြတ်သော ဘုရားသည်မုသားကိုသုံးတော်မမူ။ စိတ်တော် ကိုလည်းပြောင်းလဲတော်မမူ။ ကိုယ်တော်သည် လူကဲ့သို့မိမိ၏စိတ်တော်ကိုပြောင်းလဲတော် မူသည်မဟုတ်'' ဟုဆို၏။
30
ရှောလုက``အကျွန်ုပ်သည်အပြစ်ကူးလွန်မိပါ ပြီ။ သို့ရာတွင်ယုတ်စွအဆုံးအကျွန်ုပ်၏အမျိုး သားခေါင်းဆောင်များရှေ့၌လည်းကောင်း၊ ဣသရေလ အမျိုးသားတစ်ရပ်လုံး၏ရှေ့၌လည်းကောင်း အကျွန်ုပ် ၏ဂုဏ်အသရေမပျက်စေဘဲ အကျွန်ုပ်သည်အရှင် ၏ဘုရားသခင်ထာဝရဘုရားအားဝတ်ပြုကိုး ကွယ်နိုင်ရန်အကျွန်ုပ်နှင့်အတူအရှင်ပြန်၍ လိုက်ခဲ့ပါ'' ဟုတောင်းပန်၏။-
31
ထိုကြောင့်ရှမွေလသည်သူနှင့်အတူဂိလဂါလ မြို့သို့လိုက်သွား၏။ ရှောလုသည်လည်းထာဝရ ဘုရားကိုဝတ်ပြုကိုးကွယ်လေ၏။
32
ရှမွေလက``အာဂတ်မင်းကိုငါ့ထံသို့ခေါ်ခဲ့ လော့'' ဟုဆို၏။ အာဂတ်က``သေဘေးသည် အလွန်ဆိုးရွားပါသည်တကား'' ဟုတစ်ကိုယ် တည်းစဉ်းစားကာတုန်လှုပ်လျက်ရှမွေလထံ သို့လာ၏။-
33
ထိုအခါရှမွေလက``သင်၏ဋ္ဌားဖြင့်မိခင် အများပင် မိမိတို့၏သားများကိုဆုံးရှုံးခဲ့ရ ကြ၏။ သို့ဖြစ်၍ယခုသင့်မိခင်သည်လည်းသူ ၏သားဆုံးရှုံးရပေတော့အံ့'' ဟုဆိုကာအာ ဂတ်အားဂိလဂါလမြို့ယဇ်ပလ္လင်ရှေ့တွင်အ ပိုင်းပိုင်းခုတ်ဖြတ်လိုက်လေသည်။
34
ထိုနောက်ရှမွေလသည်ရာမမြို့သို့သွား ၏။ ရှောလုမင်းသည်လည်းဂိလဂါလနန်း တော်သို့ပြန်လေ၏။-
35
ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31