1 Samuel 9

Burmese (BCL) (Common Language Bible)

← Chapter 8 Chapter 10 →
9ရှော​လု​က​လည်း``ကောင်း​ပြီ။ ငါ​တို့​သွား​ကြ​စို့'' ဟု​ဆို​၏။ သို့​ဖြစ်​၍​သူ​တို့​သည်​သူ​တော်​စင်​နေ ထိုင်​ရာ​မြို့​သို့​သွား​ကြ​၏။ မြို့​တည်​ရာ​တောင်​ကုန်း ကို​တက်​၍​သွား​ကြ​စဉ် သူ​တို့​သည်​လမ်း​တွင်​ရေ ခပ်​ရန်​လာ​သော​အ​မျိုး​သ​မီး​က​လေး​အ​ချို့​နှင့် တွေ့​သ​ဖြင့်``ထို​မြို့​ထဲ​၌​ရှေ့​ဖြစ်​ကို​ဟော​နိုင်​သူ ရှိ​ပါ​၏​လော'' ဟု​မေး​မြန်း​စုံ​စမ်း​ကြ​၏။ (ထို​ခေတ်​အ​ခါ​က​ပ​ရော​ဖက်​အား​ရှေး​ဖြစ်​ကို ဟော​နိုင်​သူ​ဟု​ခေါ်​ဝေါ်​ကြ​၏။ သို့​ဖြစ်​၍​လူ တစ်​ဦး​တစ်​ယောက်​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ လျှောက်​ထား​မေး​မြန်း​လို​သော​အ​ခါ``ရှေ့​ဖြစ် ကို​ဟော​နိုင်​သူ​ထံ​သို့​ငါ​တို့​သွား​ကြ​ကုန် အံ့'' ဟု​ဆို​လေ့​ရှိ​သ​တည်း။)
12အ​မျိုး​သ​မီး​က​လေး​များ​က​လည်း``ရှိ​ပါ သည်။ အ​မှန်​မှာ​သူ​သည်​သင်​တို့​မ​လာ​မီ က​လေး​က​မှ​ရောက်​ရှိ​လာ​ပါ​သည်။ သင်​တို့ မြန်​မြန်​သွား​လျှင်​သူ့​ကို​မီ​ပါ​လိမ့်​မည်။ သင် တို့​မြို့​ထဲ​ကို​ဝင်​လျှင်​ဝင်​ချင်း​သူ့​အား​တွေ့ ရှိ​ပါ​လိမ့်​မည်။ လူ​တို့​သည်​တောင်​ကုန်း​ပေါ် ရှိ​ယဇ်​ပလ္လင်​တွင်​ပူ​ဇော်​သကာ​ဆက်​သ​ကြ မည်​ဖြစ်​၍ ထို​သူ​သည်​မြို့​သို့​ယ​နေ့​ရောက် ရှိ​လာ​ခြင်း​ဖြစ်​ပါ​သည်။ သူ​မ​ရောက်​မ​ချင်း ဖိတ်​ခေါ်​ထား​သော​သူ​တို့​သည်​စား​သောက်​ကြ လိမ့်​မည်​မ​ဟုတ်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော် သူ​သည်​ယဇ်​ကောင်​ကို​ဦး​စွာ​ကောင်း​ချီး​ပေး ရ​မည်​ဖြစ်​သော​ကြောင့်​ဖြစ်​ပါ​၏။ ထို​ကြောင့် သင်​တို့​သည်​မြို့​ထဲ​သို့​ဝင်​လျှင်​ဝင်​ချင်း ထို​သူ​တောင်​ထိပ်​သို့​စား​သောက်​ရန်​မ​တက် မီ​သူ့​အား​တွေ့​ရ​ကြ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။-
← Chapter 8 Chapter 10 →