bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Samuel 2
1 Samuel 2
Burmese (BCL) (Common Language Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
1
ဟန္နသည်ဤသို့ဆုတောင်းပတ္ထနာပြုသည်။ ``ထာဝရဘုရားသည်ကျွန်မအားစိတ်ရွှင်လန်း စေတော်မူပြီ။ ကျွန်မသည်ကိုယ်တော်ပြုတော်မူသော အမှုကိုထောက်၍ဝမ်းမြောက်ပါ၏။ ကျွန်မသည်ရန်သူတို့အားပြက်ရယ်ပြုခွင့် ရပါ၏။ ဘုရားသခင်သည်ကျွန်မကိုကူမတော်မူပြီ ဖြစ်၍ ကျွန်မသည်စိတ်ရွှင်လန်းပါ၏။
2
ထာဝရဘုရားသည်သန့်ရှင်းမြင့်မြတ်တော်မူ သကဲ့သို့ အဘယ်သူမျှမသန့်ရှင်းမမြင့်မြတ်ပါ။ ကိုယ်တော်မှတစ်ပါးအခြားဘုရားမရှိပါ။ ကျွန်မတို့ကိုးကွယ်သောဘုရားကဲ့သို့ ကာကွယ်စောင့်ရှောက်နိုင်သူမရှိ။
3
ထာဝရဘုရားသည်သဗ္ဗညုတဉာဏ်နှင့် ပြည့်စုံတော်မူ၍၊ လူတို့ပြုသောအမှုရှိသမျှကိုစစ်ဆေး စီရင်တော်မူသည်ဖြစ်ရာ၊ သင်တို့သည်ကျယ်လောင်စွာကြွားဝါမှုကို မပြုကြနှင့်။ မောက်မာသောစကားကိုနှုတ်မှမထွက်စေနှင့်။
4
ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည် ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။
5
အခါတစ်ပါးကဝစွာစားရသူတို့သည် ယခုအခါ စားရဖို့အတွက်သူရင်းငှားလုပ်ရကြ လေပြီ။ သို့ရာတွင်အစာငတ်မွတ်သူတို့မူကားဝစွာ စားရကြပြီ။ မြုံသောမိန်းမသည်သားသမီးခုနစ်ယောက် မျှပင်ရရှိ၍ သားများသောမိခင်၌မူကားတစ်ယောက်မျှ မကျန်မရှိတော့ပါ။
6
ထာဝရဘုရားသည်သေစေခြင်း၊ရှင်စေခြင်း ကိုလည်းကောင်း၊ မရဏာနိုင်ငံသို့ပို့ဆောင်ခြင်း၊ပြန်လည် ခေါ်ဆောင်ခြင်းကိုလည်းကောင်းပြုတော်မူ၏။
7
ကိုယ်တော်သည်လူအချို့တို့ကိုဆင်းရဲစေ၍ အချို့တို့ကိုချမ်းသာစေတော်မူ၏။ အချို့တို့ကိုနှိမ့်ချ၍အချို့တို့ကိုချီး မြှင့်တော်မူ၏။
8
ကိုယ်တော်သည်ဆင်းရဲသူတို့ကို မြေမှုန့်မှလည်းကောင်း၊ ချို့တဲ့နွမ်းပါးသူတို့ကိုအမှိုက်ပုံမှလည်း ကောင်း ချီပင့်တော်မူ၏။ သူတို့အားမင်းညီမင်းသားများနှင့်ပေါင်းဖော် ခွင့်ကို ပေးတော်မူ၍ ဂုဏ်အသရေရှိသည့်နေရာများတွင် ထိုင်စေတော်မူ၏။ ထာဝရဘုရားသည်မြေကြီး၏အခြေခံ အုတ်မြစ်များကိုပိုင်တော်မူ၏။ ထိုအုတ်မြစ်တို့အပေါ်တွင်ကမ္ဘာကို တည်ဆောက်တော်မူပြီ။
9
``ကိုယ်တော်သည်မိမိအားသစ္စာရှိသူတို့ ၏အသက် စည်းစိမ်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့မူကားမှောင်မိုက်တွင် ကွယ်ပျောက်ရကြလိမ့်မည်။ လူသည်မိမိကိုယ်ပိုင်စွမ်းရည်အားဖြင့်အောင်မြင် မှုကို မရနိုင်ရာ။
10
ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
11
ထိုနောက်ဧလကာနသည် ရာမမြို့ရှိမိမိ၏နေ အိမ်သို့ပြန်လေ၏။ သို့ရာတွင်သူငယ်ရှမွေလ မူကားရှိလောမြို့တွင်နေရစ်၍ ယဇ်ပုရောဟိတ် ဧလိ၏လက်အောက်၌ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လေ၏။
12
ဧလိ၏သားတို့သည်သူယုတ်မာများဖြစ် ကြ၏။ သူတို့သည်ထာဝရဘုရားကိုလည်း ကောင်း၊-
13
လူတို့ထံမှယဇ်ပုရောဟိတ်တို့တောင်းဆိုပိုင်ခွင့် နှင့်ဆိုင်သောပြဋ္ဌာန်းချက်များကိုလည်းကောင်း ပမာဏမပြုဘဲယဇ်ပူဇော်နေသူထံသို့ မိမိ တို့၏အစေခံကိုသုံးခွခက်ရင်းနှင့်စေလွှတ် တတ်ကြ၏။ ထိုအစေခံသည်အိုးကင်းတွင် ချက်ပြုတ်နေဆဲအသားကို၊-
14
ခက်ရင်းဖြင့်ထိုးကာပါလာသမျှကို မိမိ၏ ယဇ်ပုရောဟိတ်အတွက်ယူသွားတတ်လေသည်။ ယဇ်ပူဇော်ရန်ရှိလောမြို့သို့ရောက်ရှိလာကြ သောဣသရေလအမျိုးသားအားလုံးပင် လျှင်ဤနည်းအတိုင်းပြုကျင့်ခြင်းကိုခံရ ကြ၏။-
15
ထို့အပြင်ဆီဥကိုမီးမရှို့ရမီယဇ်ပုရော ဟိတ်၏အစေခံသည် လာ၍ယဇ်ပူဇော်နေသူ အား``ယဇ်ပုရောဟိတ်အတွက်ကင်ပေးနိုင်ရန် အသားအနည်းငယ်ကိုပေးပါလော့။ ယဇ် ပုရောဟိတ်သည်ပြုတ်ပြီးအသားကိုအလို မရှိ။ အသားစိမ်းကိုသာအလိုရှိ၏'' ဟု ပြောဆိုတောင်းခံတတ်လေသည်။
16
အကယ်၍ယဇ်ပူဇော်နေသူက``ငါတို့သည် ထုံးစံရှိသည်အတိုင်းဆီဥကိုဦးစွာမီးရှို့ ပူဇော်ပြီးမှ သင်နှစ်သက်ရာအသားကိုယူ ပါလေ'' ဟုဆိုခဲ့သော်ယဇ်ပုရောဟိတ်အစေခံ သည်``အသားကိုယခုငါ့အားပေးလော့။ မပေး လျှင်အတင်းအဋ္ဌမ္မယူရလိမ့်မည်'' ဟုဆို တတ်၏။
17
ဧလိ၏သားတို့ဤသို့ပြုသောအမှုသည် ထာဝရဘုရား၏ရှေ့တော်တွင်လွန်စွာအပြစ် ကြီး၏။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ထာဝရဘုရားအားပေးလှူသောပူဇော် သကာများကိုမခန့်မညားပြုကြ သောကြောင့်ဖြစ်၏။
18
ဤအတောအတွင်း၌သူငယ်ရှမွေလသည် ပိတ်ချောသင်တိုင်းကိုဝတ်၍ထာဝရဘုရား ၏အမှုတော်ကိုဆောင်လျက်နေ၏။-
19
သူ၏အမိသည်နှစ်စဉ်ပူဇော်နေကျယဇ်ကို တင်လှူရန် ခင်ပွန်းသည်နှင့်အတူလိုက်ပါ လာသောအခါ ဝတ်လုံငယ်တစ်ခုကိုချုပ်၍ ယူဆောင်လာတတ်၏။-
20
ထိုအခါဧလိသည်ဧလကာနနှင့်ဇနီး အား ကောင်းချီးပေးပြီးလျှင်``ထာဝရဘုရား အားသင်ဆက်ကပ်သည့်သားအစား ကိုယ်တော် သည်သင့်အားဤအမျိုးသမီးအားဖြင့် အခြားသားသမီးများကိုပေးသနား တော်မူပါစေသော'' ဟုဧလကာနအား ပြောလေ့ရှိ၏။ ထိုနောက်သူတို့သည်မိမိတို့နေအိမ်သို့ပြန် သွားကြ၏။
21
ထာဝရဘုရားသည်ဟန္နကိုကောင်းချီးပေး တော်မူသဖြင့် သူသည်သားသုံးယောက်နှင့် သမီးနှစ်ယောက်ကိုရလေသည်။ သူငယ် ရှမွေလသည်ထာဝရဘုရား၏အမှု တော်ကိုဆောင်ရွက်လျက်ကြီးပြင်းလာ၏။
22
ယခုအခါ၌ဧလိသည်လွန်စွာအိုမင်းလျက် ရှိ၏။ မိမိ၏သားများကဣသရေလအမျိုး သားတို့အားပြုသမျှတို့ကိုလည်းကောင်း၊ သူ တို့သည်ထာဝရဘုရားစံတော်မူရာတဲတော် အဝင်ဝ၌ အလုပ်တာဝန်ကျသူအမျိုးသမီး များနှင့်ပင်မှားယွင်းကြကြောင်းကိုလည်း ကောင်းဧလိကြားသိရသည်။-
23
ထို့ကြောင့်ဧလိက``သင်တို့သည်အဘယ်ကြောင့် ဤအမှုတို့ကိုပြုကြသနည်း။ သင်တို့ပြု သည့်ဒုစရိုက်ကိုလူတိုင်းပင်ပြောကြား လျက်ရှိ၏။-
24
ငါ့သားတို့ထာဝရဘုရား၏လူမျိုးတော် တို့ပြောဆိုနေကြသောအကြောင်းမှာ ဆိုး ရွားလှပါသည်တကား။-
25
လူအချင်းချင်းပြစ်မှားသူတို့ကိုထာဝရ ဘုရားသည်ကာကွယ်စောင့်ရှောက်နိုင်သော်လည်း ထာဝရဘုရားအားပြစ်မှားသောသူကိုမူ ကားအဘယ်သူကာကွယ်စောင့်ရှောက်နိုင်ပါ မည်နည်း'' ဟုသားတို့အားပြော၏။ သို့ရာတွင်သူတို့သည်ဖခင်၏စကားကို နားမထောင်ကြ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အားကွပ်မျက် ရန်ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့်တည်း။
26
သူငယ်ရှမွေလသည်ဆက်လက်ကြီးပြင်း၍ ထာဝရဘုရား၏ရှေ့လူတို့ရှေ့၌မျက်နှာ ရလေ၏။
27
ပရောဖက်တစ်ပါးသည်ထာဝရဘုရားထံ မှဗျာဒိတ်တော်ကိုပြန်ကြားရန် ဧလိထံသို့ ရောက်ရှိလာ၏။ ထိုဗျာဒိတ်တော်ကားဤသို့ တည်း။ ``သင်၏ဘိုးဘေးအာရုန်နှင့်အိမ်ထောင် စုသားတို့သည် အီဂျစ်ဘုရင်ထံတွင်ကျွန်ခံ နေရစဉ်အခါကငါသည်အာရုန်အား ထင်ရှားခဲ့၏။-
28
ငါသည်ဣသရေလသားချင်းစုရှိသမျှ တို့အနက် သူ၏အိမ်ထောင်စုကိုငါ၏ယဇ် ပလ္လင်ပေါ်မှာပူဇော်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ ငါ၏အလိုတော်ကိုသိရှိရန် သင်တိုင်းကိုဝတ်ဆင်ခြင်းအမှုတို့ကိုဆောင် ရွက်ရန်အတွက် ငါ၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်ရွေးချယ်ခန့်ထားခဲ့၏။ ထို့ပြင် ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော်သည့်ယဇ် ကောင်များမှဝေစုကိုရယူနိုင်ခွင့်ကို လည်း သူတို့အားငါပေးထား၏။-
29
သို့ဖြစ်၍သင်သည်ငါ၏အမိန့်အရဆက်သ သည့်ယဇ်နှင့်ပူဇော်သကာများကို အဘယ် ကြောင့်လောဘစိတ်နှင့်ကြည့်ဘိသနည်း။ ဧလိ၊ သင်သည်ငါ၏လူမျိုးတော်တင်လှူသည့်ယဇ် ကောင်ရှိသမျှမှအကောင်းဆုံးအပိုင်းတို့ ကို အဘယ်ကြောင့်သင်၏သားတို့အားဝစွာ စားခွင့်ပြုပါသနည်း။ အဘယ်ကြောင့်သူ တို့အားငါ့ထက်ပင်ပို၍ဂုဏ်ပြုချီးမြှင့် ပါသနည်း။-
30
ဣသရေလအမျိုးသားတို့၏အရှင်ဖြစ် တော်မူသောငါထာဝရဘုရားသည် သင့် အိမ်ထောင်စုနှင့်သားချင်းစုတို့အားကာလ အစဉ်အဆက်ယဇ်ပုရောဟိတ်ဖြစ်စေမည် ဟု အတိတ်ကာလကကတိပြုခဲ့၏။ သို့ ရာတွင်ယခုထိုကတိကိုတည်စေတော့ မည်မဟုတ်ဟုငါဆို၏။ ငါ့အားဂုဏ်ပြု ချီးမြှင့်သူတို့ကိုငါဂုဏ်ပြုချီးမြှင့်မည်။ ငါ့အားမထီမဲ့မြင်ပြုသူတို့အားရွံရှာ စက်ဆုပ်မည်။-
31
နားထောင်လော့။ သင့်အိမ်ထောင်စု၊ သင့်သား ချင်းစုထဲမှလူငယ်လူရွယ်ရှိသမျှကို ငါသုတ်သင်ပယ်ရှင်းပစ်မည့်အချိန်ရောက် ရှိလာလိမ့်မည်။ ဤနည်းအားဖြင့်သင်၏ အိမ်ထောင်စုတွင် အဘယ်သူမျှအသက် အရွယ်အိုမင်းသည်တိုင်အောင်နေရကြ လိမ့်မည်မဟုတ်။-
32
သင်သည်အခြားဣသရေလအမျိုးသား တို့အား ငါပေးသည့်ကောင်းချီးမင်္ဂလာများ ကိုမြင်၍ စိတ်ပျက်လျက်မနာလိုစိတ်ဖြစ် လိမ့်မည်။ သို့ရာတွင်သင်၏အိမ်ထောင်စုမှ အဘယ်သူမျှ အိုမင်းသည်တိုင်အောင်နေရ တော့မည်မဟုတ်။-
33
သို့သော်ငါသည်သင်၏အိမ်ထောင်စုသား တစ်ဦးကိုမူအသက်ရှင်စေမည်။ သူ သည်ယဇ်ပုရောဟိတ်အဖြစ်ဖြင့်ငါ၏အမှု တော်ကိုထမ်းဆောင်ရမည်ဖြစ်သော်လည်း မျက် စိကွယ်ပြီးမျှော်လင့်ရာမဲ့ဖြစ်လျက်နေလိမ့် မည်။ သင်၏အခြားသားမြေးမှန်သမျှတို့ သည်သေခြင်းဆိုးနှင့်သေရကြလိမ့်မည်။-
34
သင်၏သားများဖြစ်ကြသောဟောဖနိနှင့် ဖိနဟတ်တို့သည်တစ်နေ့တည်း၌သေရကြ သောအခါ ငါပြောသမျှသောအမှုအရာ တို့သည်ဖြစ်ပျက်လာလိမ့်မည်ဖြစ်ကြောင်း သင်သိရှိရလိမ့်မည်။-
35
ငါ့အားသစ္စာစောင့်၍ငါပြုစေလိုသည့်အတိုင်း ပြုမည့်ယဇ်ပုရောဟိတ်တစ်ဦးကိုငါရွေးချယ် မည်။ သူ့အားသားမြေးများထွန်းကားစေမည်။ ထိုသူတို့သည်ငါဘိသိက်ပေးသည့်ဘုရင် ရှေ့မှောက်တွင်အစဉ်အမြဲအမှုထမ်းရကြ လိမ့်မည်။-
36
အသက်မသေဘဲကျန်ရစ်သည့်သင်၏သားမြေး မှန်သမျှသည် ထိုယဇ်ပုရောဟိတ်ထံသို့သွား ရောက်၍ ကြေးငွေနှင့်အစားအစာတို့ကိုအသ နားခံရကြလိမ့်မည်။ သူတို့သည်အစားအစာ ရရှိရေးအတွက် ယဇ်ပုရောဟိတ်များအမှု ဆောင်ရာ၌ပါဝင်ကူညီခွင့်ရရှိရန်တောင်း ပန်အသနားခံရကြလိမ့်မည်။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31