bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Samuel 4
1 Samuel 4
Burmese (BCL) (Common Language Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 5 →
1
ထိုအခါကာလ၌ဣသရေလအမျိုးသား တို့သည် ဖိလိတ္တိအမျိုးသားတို့နှင့်စစ်တိုက်ရန် ချီတက်ကြ၏။ ဣသရေလအမျိုးသားတို့ ကဧဗနေဇာမြို့တွင်လည်းကောင်း၊ ဖိလိတ္တိ အမျိုးသားတို့ကအာဖက်မြို့တွင်လည်း ကောင်းတပ်စခန်းချထားကြ၏။-
2
ဖိလိတ္တိအမျိုးသားတို့ကချီတက်တိုက်ခိုက် ရာ ဣသရေလအမျိုးသားတို့အရေးရှုံးနိမ့် ၍ လူပေါင်းလေးထောင်မျှစစ်မြေပြင်တွင် ကျဆုံးကြ၏။-
3
မသေဘဲကျန်ရှိနေသောတပ်သားတို့သည် တပ်စခန်းသို့ပြန်လည်ရောက်ရှိလာသောအခါ ဣသရေလခေါင်းဆောင်များက``ထာဝရ ဘုရားသည်အဘယ်ကြောင့်ငါတို့အားဖိလိတ္တိ အမျိုးသားတို့လက်တွင် ယနေ့အရေးရှုံးနိမ့် စေတော်မူပါသနည်း။ ငါတို့သည်သွား၍ ရှိလောမြို့မှထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုယူဆောင်လာကြကုန်အံ့။ သို့ မှသာလျှင်ကိုယ်တော်သည်ငါတို့နှင့်အတူ ချီတက်တော်မူ၍ ငါတို့အားရန်သူတို့လက် မှကယ်တင်တော်မူလိမ့်မည်'' ဟုဆိုကြ၏။-
4
ထို့ကြောင့်သူတို့သည်ရှိလောမြို့သို့စေတမန် များကိုလွှတ်၍ ခေရုဗိမ်အထက်စံတော်မူ သောအနန္တတန်ခိုးရှင်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုယူဆောင်လာစေ ၏။ ဧလိ၏သားများဖြစ်ကြသောဟောဖနိ နှင့်ဖိနဟတ်တို့သည် ပဋိညာဉ်သေတ္တာတော် နှင့်အတူလိုက်ပါလာကြ၏။
5
ပဋိညာဉ်သေတ္တာတော်ရောက်ရှိသောအခါ ဣသရေလအမျိုးသားတို့သည်ဝမ်းမြောက် သဖြင့် မြေကြီးပဲ့တင်ထပ်မျှကျယ်စွာ ကြွေးကြော်ကြကုန်၏။-
6
ထိုကြွေးကြော်သံကိုဖိလိတ္တိအမျိုးသား တို့ကြားလျှင်``ဟေဗြဲတပ်စခန်းမှဟစ်အော် သံကိုနားထောင်ကြလော့။ ထိုအော်သံကား အဘယ်သို့နည်း'' ဟုဆိုကြ၏။ သူတို့သည် ဟေဗြဲတပ်စခန်းသို့ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ရောက်ရှိလာသည့် အကြောင်းကိုကြားသိကြသောအခါ၊-
7
ကြောက်လန့်ကြလျက်``ထိုသူတို့တပ်စခန်း သို့ ထာဝရဘုရားကြွလာတော်မူလေပြီ။ ငါတို့အကျိုးနည်းကြပေတော့အံ့။ ယခင် ကဤသို့တစ်ခါမျှမဖြစ်စဖူး။-
8
ထိုတန်ခိုးကြီးသောဘုရားများ၏လက်မှ ငါတို့အားအဘယ်သူကယ်နိုင်ပါမည်နည်း။ ထိုဘုရားများကားအီဂျစ်အမျိုးသားတို့ အား တောကန္တာရတွင်သုတ်သင်သတ်ဖြတ် သောဘုရားများဖြစ်၏။-
9
ဖိလိတ္တိအမျိုးသားတို့အားခဲကြလော့။ ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့။ သို့မဟုတ်ပါမူဟေ ဗြဲအမျိုးသားတို့သည် ငါတို့ထံတွင်ကျွန်ခံခဲ့ ရဖူးသည့်နည်းတူငါတို့သည် သူတို့ထံတွင် ကျွန်ခံရကြလိမ့်မည်။ သို့ဖြစ်၍ယောကျာ်း ပီသစွာတိုက်ခိုက်ကြလော့'' ဟုဆိုကြ၏။
10
ဖိလိတ္တိအမျိုးသားတို့သည် အပြင်းအထန် တိုက်ခိုက်သဖြင့် ဣသရေလအမျိုးသားတို့ သည် အရေးရှုံးနိမ့်၍မိမိတို့နေရပ်သို့ထွက် ပြေးကြကုန်၏။ ထိုတိုက်ပွဲသည်လူသတ်ပွဲ ဖြစ်လျက် ဣသရေလတပ်သားပေါင်းသုံး သောင်းမျှကျဆုံးသတည်း။-
11
ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်သည် ရန်သူတို့လက်သို့ကျရောက်သွား၏။ ဧလိ ၏သားဟောဖနိနှင့်ဖိနဟတ်တို့နှစ်ယောက် စလုံးလည်းအသတ်ခံရကြ၏။
12
ဗင်္ယာမိန်အနွယ်ဝင်လူတစ်ယောက်သည် စစ်မြေ မှလမ်းတစ်လျှောက်လုံးပြေးလာ၏။ သူသည် ဝမ်းနည်းသောအထိမ်းအမှတ်ဖြင့်အဝတ် များကိုဆုတ်ဖြဲကာ ဦးခေါင်းပေါ်တွင်မြေ မှုန့်တင်လျက်ရှိလောမြို့သို့တစ်နေ့ချင်း ပင်ရောက်ရှိလာ၏။-
13
ဧလိသည်ပဋိညာဉ်သေတ္တာတော်အတွက် လွန်စွာစိုးရိမ်ပူပန်သဖြင့် လမ်းနံဘေးရှိ မိမိ၏ထိုင်ခုံပေါ်တွင်ထိုင်ကာအကြောင် သားငေး၍နေ၏။ ပြေးလာသောသူသည်စစ် ရှုံးသည့်သတင်းကို မြို့ထဲတွင်ပြောကြား လိုက်ရာလူအပေါင်းတို့သည်ထိတ်လန့် လျက်ဟစ်အော်ကြကုန်၏။-
14
ဧလိသည်ထိုအော်ဟစ်သံကိုကြားသော်``ဤ အသံကားအသို့နည်း'' ဟုမေး၏။ ထိုသူသည် လည်းဧလိထံသို့အမြန်လာရောက်ပြီးလျှင် အကျိုးအကြောင်းကိုလျှောက်ထား၏။-
15
(ဧလိကားယခုအခါအသက်ကိုးဆယ် ရှစ်နှစ်ရှိ၍ မျက်စိကွယ်ခါနီးပြီ။-)
16
ထိုလူက``အကျွန်ုပ်သည်ယနေ့ပင်စစ်မြေ ပြင်မှလွတ်မြောက်ကာ လမ်းတစ်လျှောက်လုံး အပြေးလာခဲ့ပါ၏'' ဟုလျှောက်၏။ ဧလိက``ငါ့သား၊ အရေးအခင်းကားမည် သို့နည်း'' ဟုမေး၏။-
17
သတင်းယူဆောင်လာသူက``ဣသရေလ အမျိုးသားတို့သည် ဖိလိတ္တိအမျိုးသားတို့ ရှေ့တွင်တပ်လန်၍ထွက်ပြေးကြပါ၏။ ဤ စစ်ပွဲတွင်အကျွန်ုပ်တို့သည် အကြီးအကျယ် အရေးရှုံးနိမ့်ကြပါသည်တကား။ ထို့အပြင် အရှင်၏သားဟောဖနိနှင့်ဖိနဟတ်တို့သည် အသတ်ခံရပါ၏။ ထာဝရဘုရား၏ပဋိ ညာဉ်သေတ္တာတော်သည်လည်း ရန်သူများ၏ လက်သို့ကျရောက်သွားပါ၏'' ဟုလျှောက်၏။
18
ဧလိသည်ပဋိညာဉ်သေတ္တာတော်အကြောင်းကို ကြားသောအခါ တံခါးအနီးရှိထိုင်ခုံပေါ်မှ နောက်ပြန်လဲကျသွားတော့၏။ သူသည်လွန်စွာ အိုမင်း၍ဝလွန်းသောကြောင့် ယင်းသို့လဲကျရာ ၌လည်ကုတ်ကျိုး၍သေလေ၏။ သူသည်အနှစ် လေးဆယ်တိုင်တိုင်ဣသရေလအမျိုးသား တို့အား ဦးစီးခေါင်းဆောင်လုပ်ခဲ့သူဖြစ် သတည်း။
19
ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။-
20
သူသည်သေအံ့ဆဲဆဲအချိန်၌အနီးရှိ အမျိုးသမီးများက``အားခဲ၍ထားပါ။ သင်သည်သားယောကျာ်းကလေးကိုဖွားမြင် လေပြီ'' ဟုဆိုကြ၏။ သို့ရာတွင်သူသည် ဂရုမစိုက်၊ စကားပြန်မပြောဘဲနေ၏။-
21
ထိုနောက်ပဋိညာဉ်သေတ္တာတော်ရန်သူတို့ လက်သို့ကျရောက်သွားသည်ကိုလည်းကောင်း၊ ယောက္ခမနှင့်ခင်ပွန်းကွယ်လွန်ကြသည်ကို လည်းကောင်းအကြောင်းပြု၍``ဣသရေလ အမျိုးသားတို့ဘုန်းအသရေကွယ်ပျောက် လေပြီ'' ဟုဆိုလျက် ထိုသားကိုဣခဗုဒ် ဟူ၍နာမည်မှည့်လေ၏။-
22
ထိုနောက်သူက``ရန်သူတို့လက်သို့ပဋိညာဉ် သေတ္တာတော်ရောက်ရှိသွားသောကြောင့် ဣသ ရေလအမျိုးသားတို့၏ဘုန်းအသရေ ကွယ်ပျောက်လေပြီ'' ဟုဆိုပြန်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31