bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
1 Samuel 25
1 Samuel 25
Burmese (BCL) (Common Language Bible)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
1
ရှမွေလကွယ်လွန်သွားသဖြင့် ဣသရေလ အမျိုးသားအပေါင်းတို့သည်လာရောက်စု ဝေးလျက်ငိုကြွေးမြည်တမ်းကြ၏။ ထိုနောက် သူ့အားရာမမြို့နေအိမ်တွင်သင်္ဂြိုဟ်လိုက် ကြ၏။ ယင်းသို့သင်္ဂြိုဟ်ပြီးသောအခါဒါဝိဒ်သည် ပါရန်တောကန္တာရသို့ထွက်ခွာသွားလေ သည်။-
2
ကာလက်သားချင်းစုတွင်မောနမြို့သား နာဗလဆိုသူလူတစ်ယောက်ရှိ၏။ သူသည် ကရမေလမြို့အနီးတွင်နေထိုင်သောမြေ ပိုင်ရှင်ဖြစ်သည်။ သူသည်သိုးသုံးထောင်နှင့် ဆိတ်တစ်ထောင်ကိုပိုင်သဖြင့် အလွန်ကြွယ်ဝ ချမ်းသာသူဖြစ်၏။ သူ၏ဇနီးအဘိဂဲလ သည်အဆင်းလှ၍ ပညာအမြော်အမြင်ရှိ သူအမျိုးသမီးဖြစ်၏။ နာဗလမူကား သဘောယုတ်၍ရိုင်းပြသူဖြစ်သတည်း။ နာဗလသည်ကရမေလမြို့တွင်မိမိ၏သိုး များကိုအမွေးညှပ်လျက်နေ၏။-
4
ထိုအကြောင်းကိုတောကန္တာရရှိဒါဝိဒ်ကြား သိရသဖြင့်၊-
5
ကရမေလမြို့သို့လူငယ်လူရွယ်ဆယ်ယောက် ကိုစေလွှတ်ကာ``သင်တို့သည်နာဗလကိုရှာ၍ ငါ့ကိုယ်စားနှုတ်ဆက်ကြလော့။-
6
သူ့အားဤသို့ပြောကြားလော့။ `ချစ်မိတ်ဆွေ၊ ဒါဝိဒ်သည်သင့်ကိုနှုတ်ဆက်လိုက်ပါ၏။ သင် နှင့်တကွသင်၏အိမ်ထောင်စုသားများသည် လည်းကောင်း၊ သင်နှင့်သက်ဆိုင်သူအပေါင်းတို့ သည်လည်းကောင်း ကျန်းမာချမ်းသာကြစေ ရန်ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။-
7
သင်သည်သိုးများကိုအမွေးညှပ်လျက်နေ ကြောင်းကြားသိရသဖြင့် ဒါဝိဒ်ကသင်၏ သိုးထိန်းတို့သည်ကျွန်တော်တို့ရှိရာအရပ် တွင် သိုးများကိုထိန်းကျောင်းနေကြသော် လည်း ကျွန်တော်တို့သည်သူတို့အားဘေး အန္တရာယ်မပြုခဲ့ကြောင်းကိုလည်းကောင်း၊ သူတို့သည်ကရမေလမြို့တွင်ရှိနေစဉ် အတောအတွင်း၌ မည်သည့်အရာတစ် စုံတစ်ခုမျှခိုးဝှက်ခြင်းမခံရကြ ကြောင်းကိုလည်းကောင်းသင့်အားသိစေ လိုပါသည်။-
8
ဤအကြောင်းကိုသိုးထိန်းတို့အားမေးမြန်း လျှင်သင်သိရှိနိုင်ပါလိမ့်မည်။ ကျွန်တော်တို့ သည်ဤပွဲနေ့၌ဤအရပ်သို့လာပါပြီ။ ဒါဝိဒ်ကကျွန်တော်တို့အားကြိုဆိုဧည့်ခံ ပါရန်ပန်ကြားလိုက်ပါ၏။ သင်၏အစေခံ ကျွန်တော်တို့အားလည်းကောင်း၊ သင်၏မိတ် ဆွေဒါဝိဒ်အားလည်းကောင်းသင်ပေးနိုင် သည့်အရာကိုကျေးဇူးပြု၍ပေးပါလော့။'
9
ယင်းသို့ညွှန်ကြားလိုက်သည့်အတိုင်းဒါဝိဒ် ၏လူတို့သည် နာဗလအားနှုတ်ဆက်ပြော ကြားပြီးလျှင်စောင့်ဆိုင်း၍နေကြ၏။-
10
နာဗလကလည်း``ဒါဝိဒ်ဆိုသူမှာအဘယ် သူနည်း။ သူ၏အကြောင်းကိုငါတစ်ခါမျှ မကြားဘူးပါတကား။ ယခုခေတ်အခါ ၌တိုင်းပြည်သည်ကျွန်ပြေးများနှင့်ပြည့် နှက်လျက်ရှိနေလေပြီ။-
11
သိုးမွေးညှပ်သူတို့အတွက်ပြင်ဆင်ထားသည့် ငါ့မုန့်၊ ငါ့ရေ၊ ငါ့အမဲသားကိုယူ၍လေလွင့် နေသူတို့အားမပေးနိုင်'' ဟုပြန်၍ပြော၏။
12
ဒါဝိဒ်၏လူတို့သည်ပြန်လာပြီးလျှင် နာဗလ ပြောဆိုလိုက်သောစကားကိုဒါဝိဒ်အား ပြောပြကြ၏။-
13
ထိုအခါဒါဝိဒ်သည်သူတို့အား``ဋ္ဌားကိုခါး တွင်ပတ်စည်းကြလော့'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ပတ်စည်းကြ၏။ ဒါဝိဒ် သည်လည်းမိမိ၏ဋ္ဌားကိုခါးတွင်ပတ်စည်း ကာ လူလေးရာခန့်နှင့်အတူထွက်ခွာသွား လေသည်။ လူနှစ်ရာကိုမူစခန်းစောင့်ရန် ထားခဲ့၏။
14
နာဗလ၏အစေခံတစ်ဦးက နာဗလ၏ ဇနီးအဘိဂဲလအား``ဤအကြောင်းကို သခင်မကြားပြီးပါပြီလော။ ဒါဝိဒ်သည် တောကန္တာရမှနေ၍ ကျွန်တော်တို့၏သခင် ထံသို့စေတမန်တို့ကိုလွှတ်ကာနှုတ်ဆက် ပါ၏။ သို့ရာတွင်သခင်ကထိုသူတို့အား စော်ကားမော်ကားပြောဆိုလိုက်ပါ၏။-
15
သူတို့သည်ကားကျွန်တော်တို့အားများစွာ ကျေးဇူးပြုသူများဖြစ်ပါ၏။ အဘယ်အခါ ၌မျှကျွန်တော်တို့အားအနှောင့်အယှက်မ ပေးခဲ့ကြပါ။ ကျွန်တော်တို့သည်သူတို့နှင့် အတူကွင်းထဲတွင်ရှိနေစဉ်အခါများ၌ လည်း တစ်စုံတစ်ရာမျှပျောက်ဆုံးခဲ့သည် ဟူ၍ပင်မရှိပါ။-
16
သိုးအုပ်များကိုကျွန်တော်တို့ထိန်းကျောင်း လျက်နေစဉ် သူတို့သည်ကျွန်တော်တို့အား ကွယ်ကာစောင့်ရှောက်ခဲ့ကြပါ၏။-
17
ဤအမှုကိုဆင်ခြင်စဉ်းစား၍အဘယ်သို့ ပြုသင့်သည်ကိုဆုံးဖြတ်ပါလော့။ ဤကိစ္စ သည်ကျွန်တော်တို့၏သခင်နှင့်အိမ်ထောင်စု တစ်ခုလုံးကိုဘေးဥပဒ်ပေးနိုင်ပါသည်။ ကျွန်တော်တို့၏သခင်သည်စိတ်သဘော ထားသေးသိမ်သူဖြစ်၍ အဘယ်သူ၏ စကားကိုမျှနားထောင်လိမ့်မည်မဟုတ် ပါ'' ဟုဆို၏။
18
အဘိဂဲလသည်မုန့်အလုံးနှစ်ရာ၊ စပျစ်ရည် အပြည့်ရှိသောသားရေဘူးနှစ်ဘူး၊ သိုးကင် ငါးကောင်၊ ပေါက်ပေါက်နှစ်တင်း၊ စပျစ်သီးခြောက် အပြွတ်တစ်ရာနှင့်သင်္ဘောသဖန်းသီးပျဉ် အပြားနှစ်ရာကို အလျင်အမြန်စုဆောင်း ပြီးလျှင်မြည်းများအပေါ်သို့တင်၏။-
19
ထိုနောက်သူ၏အစေခံတို့အား``သင်တို့ရှေ့ မှသွားနှင့်ကြ။ ငါနောက်ကလိုက်ခဲ့မည်'' ဟု ဆို၏။ မိမိ၏ခင်ပွန်းနာဗလကိုမူအသိ မပေးချေ။
20
သူသည်မြည်းကိုစီး၍လာရာတောင်ခြေလမ်း ကွေ့သို့ရောက်သောအခါ မိမိ၏ထံသို့ဦးတည် လာနေသောဒါဝိဒ်တို့လူစုနှင့်ရုတ်တရက် ဆုံမိလေ၏။-
21
ထိုသို့မဆုံမိခင်ဒါဝိဒ်က ဤသို့ဆို၏။ ``အဘယ် ကြောင့်တောကန္တာရတွင် ထိုလူ၏ပစ္စည်းဥစ္စာများ ကိုငါစောင့်ထိန်းပေးခဲ့မိပါသနည်း။ ယင်းသို့ သူ့အားကူညီစောင့်ရှောက်ခဲ့သဖြင့် ဤသို့ငါ့ အားကျေးဇူးကန်းလေပြီတကား။-
22
မိုးမလင်းမီသူတို့အားတစ်ယောက်မကျန် ငါမသတ်ပါမူ ဘုရားသခင်သည်ငါ့အား အဆုံးစီရင်တော်မူပါစေသော။''
23
အဘိဂဲလသည်ဒါဝိဒ်ကိုမြင်လျှင်ဆောလျင် စွာမြည်းပေါ်မှဆင်း၍ ဒါဝိဒ်၏ခြေရင်းတွင် မြေပေါ်သို့လှဲချကာ ဤသို့လျှောက်၏။ ``အရှင်၊ ကျေးဇူးပြု၍ကျွန်မ၏စကားကိုနားထောင် တော်မူပါ။ ဖြစ်ခဲ့သမျှအမှုအတွက်ကျွန်မ ကိုပင်အပြစ်တင်တော်မူပါ။-
25
အသုံးမကျသူ၊ နာဗလ၏စကားကိုဂရု ပြုတော်မမူပါနှင့်။ သူသည်မိမိနာမည်နှင့် လိုက်အောင် မိုက်မဲသူဖြစ်ပါ၏။ အရှင်၊ အရှင့်အစေခံများလာရောက်ချိန်က အိမ်တွင်ကျွန်မမရှိပါ။-
26
ရန်သူများကိုအရှင်ကိုယ်တိုင်သတ်ဖြတ်၍ လက် စားချေမှုကိုမပြုရန်ဆီးတားတော်မူသူမှာ ထာဝရဘုရားဖြစ်တော်မူပါ၏။ အရှင်၏ ရန်သူများသည်လည်းကောင်း၊ အရှင့်အားဘေး အန္တရာယ်ပြုလိုသူအပေါင်းတို့သည်လည်း ကောင်း နာဗလကဲ့သို့ပင်အပြစ်ဒဏ်စီရင် ခြင်းကိုခံရကြပါစေသောဟု အသက်ရှင် တော်မူသောထာဝရဘုရားကိုတိုင်တည် ၍ကျွန်မကျိန်ဆိုပါ၏။-
27
အရှင်၊ အရှင်၏ထံသို့ကျွန်မယူဆောင်လာ သောလက်ဆောင်များကိုကျေးဇူးပြု၍ လက်ခံပြီးလျှင် အရှင်၏လူတို့အားပေး တော်မူပါ။-
28
ကျွန်မပြုမိခဲ့သောအမှားအတွက်အပြစ် လွှတ်တော်မူပါ။ အရှင်သည်ထာဝရဘုရား ၏စစ်ပွဲများကိုဆင်နွှဲလျက်ရှိသဖြင့် ထာဝရ ဘုရားသည်အရှင်နှင့်အရှင့်သားမြေးတို့အား မင်းမြှောက်တော်မူပါလိမ့်မည်။ အရှင်၌လည်း အသက်ထက်ဆုံးဘေးရောက်မည်မဟုတ်ပါ။-
29
အကယ်၍တစ်စုံတစ်ယောက်သောသူသည် အရှင့်အားတိုက်ခိုက်သတ်ဖြတ်ရန်ကြိုးစား ပါမူ လူသည်အဖိုးထိုက်သည့်ရတနာကို လုံခြုံစွာသိမ်းဆည်းထားတတ်သကဲ့သို့ ထာဝရဘုရားသည်အရှင်၏အသက်ကို လည်းဘေးမဲ့လုံခြုံစွာထားတော်မူပါလိမ့် မည်။ အရှင်၏ရန်သူတို့ကိုမူကား လူသည် ကျောက်ခဲကိုလောက်လွှဲဖြင့်ပစ်ထုတ်သကဲ့ သို့ကိုယ်တော်ပစ်ထုတ်တော်မူပါလိမ့်မည်။-
30
ထာဝရဘုရားသည်မိမိကတိထားတော်မူ သမျှသောကောင်းကျိုးချမ်းသာများကို အရှင် အားမုချပေးတော်မူ၍ဣသရေလဘုရင် အဖြစ်ဖြင့်ဘိသိက်သွန်းတော်မူသောအခါ၊-
31
အရှင်သည်မိမိပြုခဲ့သည့်လက်စားချေမှုနှင့် အကြောင်းမဲ့သတ်ဖြတ်မှုတို့အတွက်ဝမ်းနည်း ရလိမ့်မည်မဟုတ်ပါ။ နောင်တရရန်အကြောင်း လည်းရှိလိမ့်မည်မဟုတ်ပါ။ အရှင်ပြုသည့်အမှု မှန်သမျှကိုထာဝရဘုရားကောင်းချီးပေး တော်မူသောအခါ ကျွန်တော်မအားသတိရ တော်မူပါ။''
32
ဒါဝိဒ်ကလည်း``ယနေ့သင့်အားငါ့ထံသို့ စေလွှတ်တော်မူသော ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။-
33
လူသတ်မှုနှင့်လက်စားချေမှုတို့ကိုမပြုမိ စေရန် သင်သည်ယနေ့အမြော်အမြင်ကြီးစွာ ဖြင့် ငါ့အားဆီးတားခဲ့သည့်အတွက်ငါသည် ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ပါ၏။-
34
ထာဝရဘုရားသည်သင့်အားဘေးအန္တရာယ် မပြုမိစေရန်လည်း ငါ့အားဆီးတားတော်မူ လေပြီ။ သို့ရာတွင်အကယ်၍သင်သည်ငါ့ထံ သို့အလျင်အမြန်မရောက်လာပါမူ နက်ဖြန် နံနက်မတိုင်မီနာဗလ၏လူအပေါင်းတို့အား ငါသတ်မိမည်ဖြစ်ကြောင်း အသက်ရှင်တော်မူ သောထာဝရဘုရားကိုတိုင်တည်၍ငါကျိန် ဆို၏'' ဟုပြော၏။-
35
ထိုနောက်ဒါဝိဒ်သည်အဘိဂဲလယူဆောင် လာသောလက်ဆောင်များကိုလက်ခံပြီး လျှင်သူ့အား``သင်ပြုစေလိုသည့်အတိုင်း ငါပြုမည်။ စိုးရိမ်မှုမရှိဘဲအိမ်သို့ပြန် လော့'' ဟုဆို၏။
36
အဘိဂဲလသည်လည်းနာဗလထံသို့ပြန် လေ၏။ နာဗလကားမိမိ၏အိမ်တွင် ဘုရင့် ပွဲတော်တမျှခမ်းနားသည့်စားပွဲကြီးကို ကျင်းပလျက်နေ၏။ သူသည်သေရည်ယစ်မူး ကာပျော်ရွှင်လျက်ရှိသဖြင့် အဘိဂဲလ သည်သူ့အားနောက်တစ်နေ့နံနက်တိုင်အောင် အဘယ်အရာကိုမျှမပြောဘဲနေ၏။-
37
ထိုနောက်အရက်မူးပြေ၍လာသောအခါ၌ မူ သူ့အားဇနီးသည်ကဖြစ်သမျှသောအမှု တို့ကိုပြောပြလေသည်။ ထိုအခါသူသည် လေဖြတ်သဖြင့်တစ်ကိုယ်လုံးမလှုပ်မရှား နိုင်တော့ချေ။-
38
ဆယ်ရက်ခန့်ကြာသော်ထာဝရဘုရားဒဏ် ခတ်တော်မူသဖြင့်နာဗလကွယ်လွန်လေ၏။
39
ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
40
သူ၏အစေခံတို့သည်ကရမေလမြို့သို့ သွားပြီးလျှင် အဘိဂဲလအား``ဒါဝိဒ်သည် သခင်မနှင့်ထိမ်းမြားလက်ထပ်လိုသဖြင့် သခင်မအားခေါ်ဆောင်ခဲ့ရန်ကျွန်တော်တို့ အားစေလွှတ်လိုက်ပါသည်'' ဟုပြောကြား ကြ၏။
41
အဘိဂဲလသည် မြေသို့တိုင်အောင်ဦးညွှတ် ပြီးလျှင်``ကျွန်မသည်ထိုသခင်၏အစေခံ ဖြစ်သဖြင့် သူ့အစေခံများ၏ခြေကိုပင် ဆေးရန်အသင့်ရှိပါ၏'' ဟုဆိုကာ၊-
42
လျင်မြန်စွာထ၍မြည်းကိုစီးလေ၏။ ထို နောက်အမျိုးသမီးအစေခံငါးယောက် ကိုခေါ်၍ ဒါဝိဒ်၏စေတမန်များနှင့်အတူ လိုက်သွားပြီးလျှင် ဒါဝိဒ်၏ဇနီးအဖြစ် ခံယူလေသည်။
43
ဒါဝိဒ်သည်ယေဇရေလမြို့သူ အဟိနောင် နှင့်ထိမ်းမြားမင်္ဂလာပြုထားပြီးဖြစ်သော် လည်း ယခုအဘိဂဲလအားလည်းမိမိ၏ ဇနီးအဖြစ်ဖြင့်သိမ်းပိုက်လိုက်၏။-
44
ဤအတောအတွင်း၌ရှောလုသည် ဒါဝိဒ်၏ ဇနီးဟောင်း၊ မိမိ၏သမီးတော်မိခါလ အားဂလ္လိမ်မြို့မှလဲရှ၏သားဖာလတိနှင့် ထိမ်းမြားပေးစားပြီးဖြစ်သတည်း။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31