bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 15
Leviticus 15
Burmese (BCL) (Common Language Bible)
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
1
ထာဝရဘုရားသည် ဣသရေလအမျိုး သားတို့လိုက်နာရန်အတွက် အောက်ဖော်ပြ ပါပညတ်များကိုမောရှေနှင့်အာရုန်တို့ အားချမှတ်ပေးတော်မူ၏။ ယောကျာ်းတစ်ယောက် သည် ရိနာကျနေလျှင်ဖြစ်စေ၊ ရိနာကျ ခြင်းရပ်စဲသွားလျှင်ဖြစ်စေ၊ မသန့်စင်ချေ။-
4
ထိုသူထိုင်သောအိပ်ရာသို့မဟုတ်အိပ်သော အိပ်ရာသည်လည်းမသန့်စင်။-
5
တစ်စုံတစ်ယောက်သောသူသည် ထိုသူ အိပ်သောအိပ်ရာကိုထိမိလျှင်၊-
6
ထိုင်သောနေရာတွင်ထိုင်မိလျှင် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
7
ရိနာစွဲသောသူကိုထိကိုင်မိသောသူသည် မိမိအဝတ်များကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
8
ရိနာစွဲသောသူသည်ဘာသာတရားထုံး နည်းနှင့်ဆိုင်၍ သန့်စင်သူတစ်ဦးအပေါ်သို့ တံတွေးထွေးမိလျှင် တံတွေးထွေးခံရသူ သည်မိမိအဝတ်ကိုဖွပ်လျှော်၍ရေချိုးရ မည်။ သူသည်ညဦးတိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။-
9
ရိနာစွဲသောသူထိုင်သောကုန်းနှီးသို့ မဟုတ်ထိုင်ခုံသည်မသန့်စင်။-
10
ထိုသူထိုင်သောအရာကိုကိုင်တွယ်မိသော သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့် မည်။ ထိုသူထိုင်မိသောဝတ္ထုပစ္စည်းကိုသယ် ဆောင်သောသူသည် မိမိအဝတ်ကိုဖွပ်လျှော် ၍ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
11
ရိနာစွဲသောသူသည်မိမိ၏လက်များကို မဆေးဘဲနှင့် တစ်စုံတစ်ယောက်ကိုထိကိုင် မိလျှင် အကိုင်ခံရသောသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
12
ရိနာစွဲသောသူကိုင်မိသောမြေအိုးမြေ ခွက်ကိုခွဲပစ်ရမည်။ သူကိုင်မိသောသစ်သား အိုးသစ်သားခွက်ကိုရေနှင့်ဆေးရမည်။
13
ထိုသူသည်ရိနာပျောက်ကင်းပြီးနောက် ခုနစ် ရက်စောင့်ဆိုင်းပြီးလျှင် မိမိအဝတ်များကို ဖွပ်လျှော်၍စမ်းရေဖြင့်ရေချိုးရမည်။ ထို အခါတွင်သူသည် ဘာသာရေးထုံးနည်း အရသန့်စင်လိမ့်မည်။-
14
အဋ္ဌမနေ့တွင်သူသည် ချိုးနှစ်ကောင်သို့ မဟုတ်ခိုနှစ်ကောင်ကို ထာဝရဘုရားစံ တော်မူရာတဲတော်တံခါးဝသို့ယူဆောင် ခဲ့၍ယဇ်ပုရောဟိတ်ထံပေးအပ်ရမည်။-
15
ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက် ငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည် ထိုသူ အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
16
ယောကျာ်းတစ်ယောက်သည်သုက်ရည်ယိုလျှင် တစ်ကိုယ်လုံးရေချိုးရမည်။ သူသည်ညဦး တိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
17
သုက်ရည်ထိမိသောအဝတ်အထည် သို့မဟုတ် သားရေထည်ကိုဖွပ်လျှော်ရမည်။ ထိုအရာ ဝတ္ထုသည်ညဦးတိုင်အောင်မသန့်စင်ဘဲရှိ လိမ့်မည်။-
18
ယောကျာ်းနှင့်မိန်းမ၊ ကာမစပ်ယှက်ပြီးလျှင် နှစ်ဦးစလုံးရေချိုးရမည်။ သူတို့သည်ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။
19
အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်လျှင် သူသည်ခုနစ်ရက်မသန့်စင်ဘဲရှိ လိမ့်မည်။ သူ့ကိုထိကိုင်မိသောသူသည် ည ဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
20
ရာသီသွေးပေါ်ချိန်အတွင်းထိုအမျိုး သမီးထိုင်သောနေရာသို့မဟုတ်အိပ် သောအိပ်ရာတို့သည်မသန့်စင်။-
21
သူထိုင်သောနေရာသို့မဟုတ်သူအိပ်သော အိပ်ရာကိုထိကိုင်မိသောသူသည် မိမိအဝတ် များကိုဖွပ်လျှော်၍ရေချိုးရမည်။ သူသည် ညဦးတိုင်အောင်မသန့်စင်ဘဲရှိလိမ့်မည်။-
24
ရာသီသွေးပေါ်သောမိန်းမသည်မသန့်စင် သောကြောင့် သူနှင့်ကာမစပ်ယှက်သောယောကျာ်း သည်လည်း ခုနစ်ရက်တိုင်အောင်မသန့်စင်ဘဲ ရှိလိမ့်မည်။ ထိုသူ၏အိပ်ရာသည်လည်း မသန့်စင်။
25
အမျိုးသမီးတစ်ယောက်သည်ရာသီသွေး ပေါ်ချိန်မကျဘဲနှင့် ရက်အတန်ကြာမျှ သွေးဆင်းလျှင်သော်လည်းကောင်း၊ ရာသီ သွေးပေါ်ချိန်ကိုလွန်၍သွေးဆက်ဆင်းနေ လျှင်သော်လည်းကောင်း၊ သူသည်သွေးမရပ် မချင်းရာသီသွေးပေါ်ချိန်မှာကဲ့သို့ မသန့်စင်ဘဲရှိလိမ့်မည်။-
26
ရာသီသွေးပေါ်ချိန်အတွင်းသူထိုင်သော အရာ သို့မဟုတ်သူအိပ်သောအိပ်ရာသည် မသန့်စင်ချေ။-
27
ထိုအရာတို့ကိုထိကိုင်မိသောသူသည်မသန့် စင်သဖြင့် မိမိအဝတ်များကိုဖွပ်လျှော်၍ ရေချိုးရမည်။ သူသည်ညဦးတိုင်အောင် မသန့်စင်ဘဲရှိလိမ့်မည်။-
28
အမျိုးသမီးသည်သွေးဆင်းခြင်းရပ်ပြီး နောက် ခုနစ်ရက်ကြာလျှင်ဘာသာရေးထုံး နည်းအရသန့်စင်လာလိမ့်မည်။-
29
အဋ္ဌမနေ့၌သူသည်ချိုးနှစ်ကောင်သို့မဟုတ် ခိုနှစ်ကောင်ကို ထာဝရဘုရားစံတော်မူရာ တဲတော်တံခါးဝသို့ယူဆောင်ခဲ့၍ယဇ်ပုရော ဟိတ်ထံပေးအပ်ရမည်။-
30
ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် အတွက်ငှက်တစ်ကောင်၊ မီးရှို့ရာယဇ်အတွက် အခြားငှက်တစ်ကောင်ကိုပူဇော်ရမည်။ ဤ နည်းအားဖြင့်ယဇ်ပုရောဟိတ်သည်ထိုအမျိုး သမီးအတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
31
ထာဝရဘုရားသည်စခန်းအလယ်တွင် တည် ရှိသည့်စံတော်မူရာတဲတော်ကိုမညစ်ညမ်း စေခြင်းအလို့ငှာ မသန့်စင်သောအမှုများ နှင့်ဆိုင်၍ ဣသရေလအမျိုးသားတို့ကို မောရှေအားဖြင့်သတိပေးတော်မူ၏။ အကယ်၍သူတို့သည်တဲတော်ကို ညစ်ညမ်း စေလျှင်အသက်သေဆုံးရကြမည်။
32
ဤပညတ်တို့သည်ကားရိနာစွဲသောသူ၊ သုက်ရည်ယိုသောသူ၊-
33
ရာသီသွေးပေါ်သောအမျိုးသမီး၊ ဘာသာ ရေးထုံးနည်းအရမသန့်စင်သောမိန်းမနှင့် ကာမစပ်ယှက်သောယောကျာ်းတို့နှင့်သက် ဆိုင်သောပညတ်များဖြစ်သတည်း။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27