bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 19
Leviticus 19
Burmese (BCL) (Common Language Bible)
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 20 →
1
ထာဝရဘုရားသည် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားအောက် ပါအတိုင်းမိန့်တော်မူ၏။ ``သင်တို့၏ဘုရားသခင်ငါထာဝရဘုရားသည် သန့်ရှင်းသော ကြောင့်သင်တို့သည်လည်းသန့်ရှင်းရမည်။-
3
လူတိုင်းမိဘကိုရိုသေလေးစားရမည်။ ငါ ပညတ်သည့်အတိုင်းဥပုသ်နေ့ကိုစောင့်ထိန်း ရမည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
4
``ငါ့ကိုပစ်ပယ်၍ရုပ်တုများကိုမကိုးကွယ် နှင့်။ သတ္တုဖြင့်သွန်းလုပ်သောရုပ်တုများကို မကိုးကွယ်ရ။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
5
``သင်တို့သည်မိတ်သဟာယယဇ်ကိုပူဇော် သည့်အခါ ငါ၏ပြဋ္ဌာန်းချက်များနှင့်အညီ ပူဇော်လျှင် ငါသည်ထိုပူဇော်သကာကို လက်ခံမည်။-
6
ယဇ်ပူဇော်သောနေ့သို့မဟုတ်နောက်တစ်နေ့ ၌ယဇ်ကောင်၏အသားကိုစားရမည်။ တတိ ယနေ့သို့တိုင်အောင်ကြွင်းကျန်သောအသား သည် ဘာသာရေးထုံးနည်းအရမသန့်ရှင်း သဖြင့်မီးရှို့ပစ်ရမည်။ အကယ်၍တတိယ နေ့၌ယဇ်ကောင်၏အသားကို တစ်ဦးတစ် ယောက်ကစားခဲ့သည်ရှိသော် ထိုပူဇော် သကာကိုငါလက်ခံမည်မဟုတ်။-
8
ထိုအသားကိုစားသောသူသည် ငါ့အတွက် ဆက်ကပ်ထားသောပူဇော်သကာကိုမရို မသေပြုသောကြောင့် သူ့အားငါ၏လူမျိုး တော်မှထုတ်ပယ်မည်။
9
``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-
10
စပျစ်ခြံမှမဆွတ်ဘဲကျန်ခဲ့သောစပျစ် သီးများကိုလည်းကောင်း၊ ကျကျန်ရစ်သော စပျစ်သီးများကိုလည်းကောင်းပြန်၍မစု သိမ်းရ။ ထိုအသီးများကိုဆင်းရဲသားနှင့် လူမျိုးခြားတို့အတွက်ချန်ထားရမည်။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
11
``သူတစ်ပါး၏ပစ္စည်းကိုမခိုးရ။ သူတစ်ပါး ကိုမလှည့်စားရ။ မုသားစကားမပြော ရ။-
12
ကတိတည်ရန်မရည်ရွယ်ဘဲနှင့် ငါ၏နာမ တော်ကိုတိုင်တည်၍ကတိမပေးရ။ ထိုသို့ပြု ခြင်းဖြင့်ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
13
``မိမိထက်အားနည်းသူကိုအနိုင်မကျင့်ရ။ သူ့ဥစ္စာကိုလည်းမလုယူရ။ သူငှားအတွက် ပေးစရာအခကြေးငွေကိုနေ့ချင်းပေးရ မည်။ နောက်တစ်နေ့တိုင်အောင်မဆိုင်းထား ရ။-
14
နားပင်းသူကိုမကျိန်ဆဲရ။ မျက်မမြင်၏ရှေ့ တွင်တိုက်မိ၍လဲစရာကိုမချထားရ။ ငါ့ ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်သင်တို့ ၏ဘုရားသခင်ထာဝရဘုရားဖြစ်တော် မူ၏။
15
``အမှုအခင်းများကိုတရားမျှတစွာစီရင် ရမည်။ ဆင်းရဲသူဘက်သို့မျက်နှာသာပေးခြင်း၊ ပစ္စည်းချမ်းသာသူဘက်သို့မျက်နှာလိုက်ခြင်း မရှိစေရ။-
16
သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
17
``သူတစ်ပါးအားရန်ငြိုးမထားနှင့်။ သူ့ ကြောင့်သင်သည်အပြစ်မကူးလွန်မိစေ ရန် သူနှင့်သဘောကွဲလွဲချက်များကိုတွေ့ ဆုံဖြေရှင်းလော့။-
18
သူတစ်ပါးအားလက်စားမချေရ။ ရန်ငြိုး မထားရ။ အိမ်နီးချင်းကိုကိုယ်နှင့်အမျှချစ် ရမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူ၏။
19
``ငါ၏ပညတ်များကိုစောင့်ထိန်းလော့။ မျိုး မတူသောအိမ်မွေးတိရစ္ဆာန်ချင်းသားမစပ်ရ။ လယ်တစ်ကွက်တည်းတွင်အသီးအနှံနှစ်မျိုး ကိုမစိုက်ပျိုးရ။ ချည်မျှင်နှစ်မျိုးဖြင့်ရက် လုပ်သောအထည်ကိုမဝတ်ဆင်ရ။
20
``တစ်စုံတစ်ယောက်သောသူသည် မိမိ၏ကျွန်မ ကိုအခြားတစ်ယောက်အားမယားငယ်အဖြစ် ရောင်းရန်ကတိပေးပြီးနောက် ဝယ်သူကထို ကျွန်မအတွက်ငွေမပေးရသေးမီမူလ ပိုင်ရှင်သည် ကျွန်မနှင့်ကာမစပ်ယှက်လျှင်သူ တို့နှစ်ဦးအားသေဒဏ်မစီရင်ရ။ အခြား အပြစ်ဒဏ်ကိုသာစီရင်ရမည်။ အဘယ် ကြောင့်ဆိုသော်ထိုကျွန်မကိုသူပိုင်နေ သေးသောကြောင့်ဖြစ်သည်။-
21
သူသည်အပြစ်ဒဏ်ပြေရာပူဇော်သကာအဖြစ် သိုးထီးတစ်ကောင်ကိုငါစံတော်မူရာတဲတော် တံခါးဝသို့ယူဆောင်ခဲ့ရမည်။-
22
ယဇ်ပုရောဟိတ်သည်ထိုသိုးကိုယဇ်ပူဇော်၍ သူ့အပြစ်ပြေစေရန်သန့်စင်ခြင်းဝတ်ကို ပြုရမည်။ ထိုအခါဘုရားသခင်သည်သူ ၏အပြစ်ကိုလွှတ်တော်မူ၏။
23
``သင်တို့သည်ခါနာန်ပြည်သို့ရောက်ရှိသော အခါ သစ်သီးပင်ကိုစိုက်ပျိုး၍အပင်မှ ပထမသုံးနှစ်အတွင်း သီးသောအသီးများ သည်ဘာသာရေးထုံးနည်းအရမသန့်စင် သဖြင့် ထိုအသီးများကိုမစားသုံးရ။-
24
စတုတ္ထနှစ်တွင်သီးသောအသီးရှိသမျှကို ငါထာဝရဘုရားအားကျေးဇူးတင်သည့် အနေဖြင့်ဆက်ကပ်ရမည်။-
25
ပဉ္စမနှစ်သို့ရောက်လျှင်သင်တို့သည်သစ်သီး များကိုစားသုံးနိုင်သည်။ သင်တို့သည်အထက် ပါအတိုင်းလိုက်နာလျှင် သစ်သီးအထွက်တိုး လိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
26
``သွေးပါရှိနေသေးသောအသားကိုမစားရ။ ဗေဒင်မှော်အတတ်အမျိုးမျိုးတို့ကိုမကျင့် သုံးရ။-
27
သေသူအတွက်ဝမ်းနည်းသည့်အနေဖြင့် ဦး ခေါင်းဘေးပတ်လည်ရှိဆံပင်ကိုမညှပ်ရ။ မုတ်ဆိတ်မွေးကိုလည်းမညှိရ။-
28
ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
29
``ခါနာန်နတ်ဘုရားများကို ကိုးကွယ်ရာဌာနနှင့် ဆိုင်သောပြည့်တန်ဆာများအဖြစ် မိမိသမီး များကိုစေခိုင်းခြင်းအားဖြင့်သူတို့၏အသရေ ကိုမပျက်စေနှင့်။ ထိုသို့ပြုလျှင်သင်တို့သည် ထာဝရဘုရားကိုစွန့်ပယ်၍အကျင့်ပျက် ကုန်ကြလိမ့်မည်။-
30
ဥပုသ်နေ့ကိုစောင့်ထိန်း၍ ငါ့အားဝတ်ပြုရာ ဌာနတော်ကိုရိုသေလော့။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
31
``သေသူတို့၏ဝိညာဉ်နှင့်ဆက်သွယ်သောသူ တို့ထံမှ အကြံဉာဏ်မတောင်းခံနှင့်။ ထိုသို့ပြု လျှင်သင်တို့သည် ဘာသာရေးထုံးနည်းအရ ညစ်ညမ်းကြလိမ့်မည်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
32
``အသက်ကြီးသူတို့ကိုရိုသေကိုင်းရှိုင်းရမည်။ ငါ့ကိုကြောက်ရွံ့ရိုသေရမည်။ ငါသည်ထာဝရ ဘုရားဖြစ်တော်မူ၏။
33
``သင်တို့ပြည်တွင်နေထိုင်သောလူမျိုးခြားတို့ ကိုမညှင်းဆဲရ။-
34
သူတို့အားတိုင်းရင်းသားချင်းကဲ့သို့ဆက်ဆံ၍ ကိုယ်နှင့်အမျှချစ်ခင်ရမည်။ သင်တို့သည်လည်း အီဂျစ်ပြည်တွင်သူစိမ်းတစ်ရံဆံအဖြစ်နေ ထိုင်ခဲ့ရဖူးကြောင်းကိုသတိရကြလော့။ ငါ သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။
35
``မမှန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံး၍ သူတစ်ပါးအားမလှည့်စား ရ။-
36
မှန်ကန်သောအတိုင်းအတာအခြင်အတွယ် တို့ကိုသုံးရမည်။ ငါသည်သင်တို့အားအီဂျစ် ပြည်မှထုတ်ဆောင်ခဲ့သောသင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။-
37
ငါ၏ပညတ်များနှင့်ပြဋ္ဌာန်းချက်ရှိသမျှ ကိုစောင့်ထိန်းကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။''
← Chapter 18
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 20 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27