bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 24
Leviticus 24
Burmese (BCL) (Common Language Bible)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
1
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့အားအောက်ပါအတိုင်း မိန့်တော်မူသည်။ တဲတော်ထဲရှိမီးတိုင်ကို အစဉ်မပြတ်ထွန်းညှိထားနိုင်စေရန် အကောင်းဆုံးသံလွင်ဆီစစ်စစ်ကိုယူ ခဲ့ကြလော့။-
3
အာရုန်သည်တဲတော်တွင်းအလွန်သန့်ရှင်း သောဌာနတော်၌တည်ရှိသည့် ပဋိညာဉ် သေတ္တာတော်ရှေ့ကန့်လန့်ကာအပြင်ဘက် တွင်မီးတိုင်ကိုညနေတိုင်းထွန်းညှိရမည်။ ထိုမီးတိုင်သည်ရှေ့တော်၌ညနေမှနံနက် သို့တိုင်အောင်ထွန်းတောက်လျက်ရှိစေရမည်။ သင်တို့သည်ဤပညတ်ကိုထာဝစဉ်စောင့် ထိန်းရကြမည်။-
4
အာရုန်သည်ရွှေမီးတိုင်မှမီးခွက်များကို ထိန်းသိမ်းစောင့်ရှောက်၍ထာဝရဘုရား၏ ရှေ့တော်၌အစဉ်မပြတ်ထွန်းတောက်လျက် ရှိစေရမည်။
5
မုန့်ညက်နှစ်ဆယ့်လေးပေါင်ဖြင့်မုန့်တစ်ဆယ့် နှစ်လုံးဖုတ်လော့။-
6
ထာဝရဘုရား၏ရှေ့တော်၌ရှိသောရွှေစင် ဖြင့်မွမ်းမံထားသည့်စားပွဲပေါ်တွင်မုန့်လုံး များကိုတစ်တန်းလျှင်မုန့်ခြောက်လုံးကျ နှစ်တန်းစီလော့။-
7
ထာဝရဘုရားအားဆက်သသည့်ပူဇော်သကာ အထိမ်းအမှတ်အဖြစ်မုန့်လုံးတစ်တန်းစီပေါ် တွင်နံ့သာအစစ်ကိုတင်လော့။-
8
အစဉ်အမြဲဥပုသ်နေ့တိုင်းထာဝရဘုရား ၏ရှေ့တော်၌မုန့်ကိုဆက်သရမည်။-
9
ဤကားဣသရေလအမျိုးသားတို့ထာဝစဉ် ဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ဤမုန့်များ သည်အာရုန်နှင့်သူ၏သားမြေးများစားရန် အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်များအတွက် ထာဝရဘုရားအားဆက်သသောမုန့်ဖြစ်ခြင်း ကြောင့်အလွန်သန့်ရှင်းသဖြင့်သူတို့သည်ဤ မုန့်ကိုသန့်ရှင်းသောဌာနတော်၌စားရကြ မည်။
10
ဣသရေလအမျိုးသားတို့၏စခန်းတွင် အီဂျစ်အမျိုးသားဖခင်နှင့် ဣသရေလ အမျိုးသမီးမိခင်တို့မှပေါက်ဖွားသူတစ် ယောက်ရှိ၏။ မိခင်သည်ဒန်အမျိုးထဲမှဒိဗရိ ၏သမီးရှေလောမိတ်ဖြစ်သည်။ ထိုသူသည် စခန်းအတွင်း၌ဣသရေလအမျိုးသား တစ်ဦးနှင့်ခိုက်ရန်ဖြစ်ပွားနေစဉ် ထာဝရ ဘုရား၏နာမတော်ကိုကျိန်ဆဲ၏။ ထို့ကြောင့် သူ့အားမောရှေထံသို့ခေါ်ဆောင်ခဲ့ကြ သဖြင့်၊-
12
သူ့ကိုချုပ်ထားပြီးလျှင်သူနှင့်ပတ်သက်၍ ထာဝရဘုရားမည်သို့မိန့်တော်မူမည်ကို စောင့်ဆိုင်းနေကြ၏။
13
ထာဝရဘုရားကမောရှေအား၊-
14
``ထိုသူကိုစခန်းအပြင်သို့ထုတ်လော့။ သူ ကျိန်ဆဲခြင်းကိုကြားရသူတိုင်းသည်သူ၏ ဦးခေါင်းပေါ်သို့လက်ကိုတင်၍ဟုတ်မှန်ကြောင်း သက်သေခံရမည်။ ထို့နောက်ဣသရေလ အမျိုးသားအပေါင်းတို့ကသူ့အားခဲဖြင့် ပစ်သတ်ရမည်။-
15
တစ်စုံတစ်ယောက်သည်ဘုရားသခင်ကို ကျိန်ဆဲလျှင်ထိုသူသည်အပြစ်ကိုခံရမည်။-
16
သူ့အားသေဒဏ်စီရင်ရမည်ဟူ၍ဣသရေလ အမျိုးသားတို့အားပြောရမည်။ ဣသရေလ အမျိုးသားဖြစ်စေ၊ ဣသရေလနိုင်ငံတွင်နေ ထိုင်သောလူမျိုးခြားဖြစ်စေ၊ ထာဝရဘုရား ကိုကျိန်ဆဲလျှင်ဣသရေလတစ်မျိုးသား လုံးက ထိုသူကိုခဲဖြင့်ပစ်သတ်ရမည်။
17
``လူသတ်မှုကူးလွန်သောသူကိုသေဒဏ် စီရင်ရမည်။-
18
သူတစ်ပါးပိုင်သောတိရစ္ဆာန်ကိုသတ်သော သူသည်ပိုင်ရှင်အားအစားလျော်ပေးရမည်။ ဤပညတ်သဘောမှာအသက်အတွက် အသက်ကိုအစားပေးခြင်းဖြစ်သည်။
19
``အခြားသူတစ်ဦးအားထိခိုက်နာကျင် စေသောသူသည်ကိုယ်တိုင်လည်းထိုအတိုင်း ခံစေရမည်။-
20
သူတစ်ပါး၏အရိုးကိုချိုးသောသူသည် ကိုယ်တိုင်လည်းအရိုးချိုးခြင်းခံရမည်။ သူ တစ်ပါး၏မျက်လုံးကိုထိုးဖောက်သောသူ သည်ကိုယ်တိုင်မျက်လုံးဖောက်ခြင်းခံရမည်။ သူတစ်ပါး၏သွားကိုချိုးသောသူသည် ကိုယ်တိုင်လည်းသွားချိုးခြင်းခံရမည်။ သူ တစ်ပါးအားထိခိုက်နာကျင်စေသည့်ပမာ ဏအတိုင်းကိုယ်တိုင်ခံရမည်။-
21
တိရစ္ဆာန်ကိုသတ်သောသူသည်အစား လျော်ပေးရမည်။ သို့ရာတွင်လူကိုသတ် သူအားသေဒဏ်စီရင်ရမည်။-
22
ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သောကြောင့်သင်တို့နှင့်တကွ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့သည်ဤပညတ်ကိုစောင့်ထိန်းကြရမည်'' ဟုမိန့်တော်မူ၏။
23
မောရှေသည်ထိုသို့ဣသရေလအမျိုးသား တို့အား မိန့်ကြားသည့်အတိုင်း သူတို့သည် အပြစ်ကူးလွန်သူကိုစခန်းအပြင်သို့ ထုတ်၍ခဲဖြင့်ပစ်ကြ၏။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27