bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 27
Leviticus 27
Burmese (BCL) (Common Language Bible)
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
1
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသ ရေလအမျိုးသားတို့ စောင့်ထိန်းရန်ပေးအပ် သည့်ပြဋ္ဌာန်းချက်များမှာအောက်ပါအတိုင်း ဖြစ်သည်။ တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားကတိသစ္စာပြု၍ မိမိကိုယ်ကို ဆက်ကပ်ပူဇော်လျှင် သူသည်အောက်တွင်ဖော် ပြပါငွေများကို၊-
3
ကျပ်စံတော်အရပေးဆောင်၍ မိမိကိုယ်ကို ရွေးယူနိုင်သည်။ -အသက်နှစ်ဆယ်မှခြောက်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားငါးဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားသုံးဆယ်ကျပ် -အသက်ငါးနှစ်မှနှစ်ဆယ်အရွယ်အထိ ယောကျာ်းဖြစ်လျှင်ငွေသားနှစ်ဆယ်ကျပ် -မိန်းမဖြစ်လျှင်ငွေသားတစ်ဆယ်ကျပ် -အသက်ငါးနှစ်အောက်ယောကျာ်းကလေးဖြစ်လျှင် ငွေသားငါးကျပ် -အသက်ငါးနှစ်အောက်မိန်းကလေးဖြစ်လျှင် ငွေသားသုံးကျပ် -အသက်ခြောက်ဆယ်ကျော်ယောကျာ်းဖြစ်လျှင် ငွေသားတစ်ဆယ့်ငါးကျပ် -အသက်ခြောက်ဆယ်ကျော်မိန်းမဖြစ်လျှင် ငွေသားတစ်ဆယ်ကျပ်
8
ကတိသစ္စာပြု၍မိမိကိုယ်မိမိဆက်ကပ် ပူဇော်သောသူသည် သတ်မှတ်ထားသောငွေကို မပေးနိုင်လျှင် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။ ယဇ်ပုရောဟိတ်သည်ထို သူပေးဆောင်နိုင်စွမ်းရှိသည့်အတိုင်း တန်ဖိုး ငွေကိုလျော့၍သတ်မှတ်ရမည်။
9
ထာဝရဘုရားအားပူဇော်ရန် သင့်တော်သည့် တိရစ္ဆာန်ကိုဆက်သမည်ဟုသစ္စာကတိပြု ထားလျှင် ထိုသို့သောယဇ်ကောင်သည်သန့်ရှင်း သည်ဖြစ်၍၊-
10
ကတိသစ္စာပြုသူသည် အခြားတိရစ္ဆာန်ကို အစားထိုး၍မဆက်သရ။ သူသည်အခြား တိရစ္ဆာန်ကိုအစားထိုးဆက်သလျှင် ယဇ် ကောင်နှစ်ကောင်စလုံးသည်ထာဝရဘုရား နှင့်ဆိုင်၏။-
11
ဆက်သရန်ကတိသစ္စာပြုထားသောတိရစ္ဆာန် သည် ဘာသာရေးထုံးနည်းအရမသန့်စင် လျှင် ထာဝရဘုရားအားမပူဇော်အပ်။ သူသည်တိရစ္ဆာန်ကိုယဇ်ပုရောဟိတ်ထံ သို့ယူဆောင်ခဲ့ရမည်။-
12
ယဇ်ပုရောဟိတ်သည်တိရစ္ဆာန်ကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ်ရမည်။ ထိုသို့သတ်မှတ် သောတန်ဖိုးသည်အတည်ဖြစ်စေရမည်။-
13
ထိုသူသည်တိရစ္ဆာန်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။
14
တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။-
15
မိမိအိမ်ကိုပူဇော်ဆက်သသောသူသည် အိမ်ကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း၍ပေးရ မည်။
16
တစ်စုံတစ်ယောက်သောသူသည် မိမိ၏မြေယာ တစ်စိတ်တစ်ဒေသကို ထာဝရဘုရားအားပူ ဇော်ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ထိုမြေ ကွက်တွင်စိုက်ပျိုးနိုင်သော မျိုးစေ့အနည်းအများ အလိုက်တန်ဖိုးကိုဖြတ်ရမည်။ မုယောစပါး မျိုးစေ့တစ်တင်းစိုက်ရသောမြေကွက်ကို ငွေ သားတစ်ဆယ်နှုန်းဖြင့်တန်ဖိုးဖြတ်ရမည်။-
17
ထိုသူသည်မိမိ၏မြေယာကို ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်ကုန်ဆုံးချိန်၌ပူဇော် ဆက်သလျှင် တန်ဖိုးအပြည့်ပေးဆောင်ရ မည်။-
18
သူသည်မြေယာကိုပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ကုန်ဆုံးပြီးနောက် တစ်ချိန်ချိန်၌ပူဇော် ဆက်သလျှင် ယဇ်ပုရောဟိတ်သည်ရှေ့လာမည့် ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန် ရှိနေသေးသောနှစ်အရေအတွက်အလိုက် တန်ဖိုးငွေကိုလျှော့၍သတ်မှတ်ရမည်။-
19
ထိုသူသည်မြေယာကိုပြန်ဝယ်ယူလိုလျှင် တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်းထပ်ဆောင်း ၍ပေးရမည်။-
20
သူသည်ထာဝရဘုရားထံတော်မှမြေယာ ကိုပြန်၍ ဦးစွာမဝယ်ယူဘဲလူတစ်ဦးထံ ရောင်းချခဲ့လျှင်သူသည်မြေယာကိုပြန်ဝယ် ယူခွင့်မရှိစေရ။-
21
ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ် ကျရောက်သည့်အခါထိုမြေယာသည်ထာဝရ ဘုရားအားပူဇော်ဆက်သထားသောမြေ ဖြစ်၍ထာဝရဘုရားအမြဲပိုင်တော်မူ၏။ သို့ ဖြစ်၍ထိုမြေသည်ယဇ်ပုရောဟိတ်များနှင့် ဆိုင်သည်။
22
တစ်စုံတစ်ယောက်သောသူသည် မိမိယူထား သောလယ်မြေကိုထာဝရဘုရားအားပူဇော် ဆက်သလျှင်၊-
23
ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။-
24
ပြန်လည်ပေးအပ်ခြင်းဆိုင်ရာနှစ်ကျရောက် သည့်အခါ ထိုလယ်မြေကိုမူလပိုင်ရှင်သို့ မဟုတ်သူ၏အဆက်အနွယ်များလက်သို့ ပြန်လည်ပေးအပ်ရမည်။
25
တန်ဖိုးငွေများကို ကျပ်ချိန်တော်အရသတ် မှတ်ရမည်။
26
နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။-
27
သို့ရာတွင်မသန့်စင်သောတိရစ္ဆာန်၏သား ဦးပေါက်ကိုမူကား ကျပ်ချိန်တော်အရ တန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်းထပ် ဆောင်း၍ပြန်ဝယ်ယူရမည်။ အကယ်၍ထို တိရစ္ဆာန်ကိုပြန်၍မဝယ်ယူလိုလျှင် အခြား သူတစ်ယောက်အားကျပ်ချိန်တော်အရ တန်ဖိုးဖြင့်ရောင်းရမည်။
28
ထာဝရဘုရားအား အပြီးအပိုင်လုံးဝ ပူဇော်ဆက်သထားသောလူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ မြေယာကိုဖြစ်စေ မရောင်းမဝယ်ရ။ ထိုကဲ့သို့ပူဇော်ဆက်သ ထားသမျှကိုထာဝရဘုရားအမြဲ ပိုင်၏။-
29
ယင်းကဲ့သို့ထာဝရဘုရားအား ပူဇော် ဆက်သထားသောလူကိုပင်ပြန်၍မရွေး ယူရ။ သူ့ကိုအဆုံးစီရင်ရမည်။
30
မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။-
31
တစ်စုံတစ်ယောက်သောသူသည်ထိုအသီး အနှံကိုပြန်၍ဝယ်ယူလိုလျှင် စံချိန်တော် အရတန်ဖိုးအပြင်နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ဝယ်ယူရမည်။-
32
မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-
33
ပိုင်ရှင်သည်ညံ့သောတိရစ္ဆာန်များကို ထာဝရ ဘုရားအတွက်ရွေးမိစေရန်မစီစဉ်ရ။ ရွေး ပြီးသောတိရစ္ဆာန်ကိုအစားထိုး၍မလဲလှယ် ရ။ တိရစ္ဆာန်တစ်ကောင်ကိုအခြားတစ်ကောင် နှင့်အစားထိုးလဲလှယ်လျှင် နှစ်ကောင်စလုံး သည်ထာဝရဘုရားနှင့်ဆိုင်သည်ဖြစ်၍ ထိုတိရစ္ဆာန်များကိုမရွေးယူနိုင်။
34
ဤကားထာဝရဘုရားက သိနာတောင် ပေါ်တွင်မောရှေမှတစ်ဆင့် ဣသရေလ အမျိုးသားတို့အားပေးအပ်သောပညတ် များဖြစ်သတည်း။ ရှင်မောရှေစီရင်ရေးထားသောဝတ်ပြုရာ ကျမ်းပြီး၏။
← Chapter 26
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27