bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 25
Leviticus 25
Burmese (BCL) (Common Language Bible)
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
1
ထာဝရဘုရားသည် သိနာတောင်ပေါ်တွင် မောရှေမှတစ်ဆင့် ဣသရေလအမျိုးသား တို့အားအောက်ပါပြဋ္ဌာန်းချက်များကိုချ မှတ်ပေးတော်မူ၏။ သင်တို့သည်ထာဝရ ဘုရားပေးသနားတော်မူမည့်ပြည်သို့ဝင် ရောက်ကြသောအခါ သတ္တမနှစ်ကျရောက် သည့်အခါတိုင်းလယ်များကိုမထွန်မ ယက်မစိုက်မပျိုးခြင်းအားဖြင့် ထာဝရ ဘုရား၏ဂုဏ်တော်ကိုချီးမြှောက်ရကြ မည်။-
3
သင်တို့သည်ခြောက်နှစ်မျှလယ်များတွင် စိုက်ပျိုးခြင်း၊ စပျစ်ကိုင်းများကိုသုတ်သင် ရှင်းလင်းခြင်း၊ အသီးအနှံများကိုရိတ် သိမ်းခြင်းပြုရမည်။-
4
သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။-
5
မစိုက်မပျိုးရဘဲနှင့်အလိုအလျောက် သီးသောအသီးအနှံများကိုပင်မရိတ် သိမ်းရ။ အကိုင်းအခက်ကိုမသုတ်သင် မရှင်းလင်းဘဲနှင့်သီးသောစပျစ်သီး များကိုလည်းမဆွတ်မခူးရ။ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှပ် ထားရမည်။-
6
ထိုနှစ်အတွင်းမစိုက်မပျိုးဘဲမြေမှ ထွက်သောအသီးအနှံရှိသမျှကို သင် တို့နှင့်တကွသင်တို့၏ကျေးကျွန်၊ လူငှား၊ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား၊-
7
တိရစ္ဆာန်အယဉ်နှင့်အရိုင်းတို့သည်စား သုံးနိုင်ကြသည်။
8
ခုနစ်နှစ်ခုနစ်လီဖြစ်သော လေးဆယ့်ကိုး နှစ်ကိုရေတွက်လော့။-
9
ထိုနောက်သတ္တမလဆယ်ရက်နေ့သည်အပြစ် ဖြေရာနေ့ဖြစ်၍ လူတစ်ယောက်အားတစ်ပြည် လုံးသို့လှည့်လည်လျက်တံပိုးခရာမှုတ်စေ လော့။-
10
ဤနည်းအားဖြင့်ငါးဆယ်မြောက်နှစ်ကို သီးသန့်သတ်မှတ်လျက် တိုင်းပြည်တွင်နေ ထိုင်သူအပေါင်းတို့အားလွတ်ငြိမ်းချမ်းသာ ခွင့်ကိုကြေညာရမည်။ အရောင်းအဝယ်ပြု လုပ်ခဲ့သောပစ္စည်းရှိသမျှကို ဤနှစ်၌မူလ ပိုင်ရှင်သို့မဟုတ်သူ၏အဆက်အနွယ် များထံပြန်လည်ပေးအပ်ရမည်။ ငွေဝယ် ကျွန်များကိုသူတို့၏မိသားစုများထံ သို့ပြန်စေရမည်။-
11
သင်တို့သည်လယ်များကိုမစိုက်မပျိုးရ။ အလိုအလျောက်သီးသောအသီးအနှံ များကိုလည်းမဆွတ်မခူးရ။-
12
ထိုနှစ်တစ်နှစ်လုံးသည်သင်တို့အတွက်နှစ် ထူးနှစ်မြတ်ဖြစ်၏။ သင်တို့သည်လယ်မှ အလိုအလျောက်ထွက်သမျှကိုသာစား သုံးရကြမည်။
13
အရောင်းအဝယ်ပြုလုပ်ခဲ့သောပစ္စည်းရှိသမျှ ကို ဤနှစ်၌မူလပိုင်ရှင်လက်သို့ပြန်လည်ပေး အပ်ရမည်။-
14
သို့မှသာသင်သည်အမျိုးသားချင်းနှင့် အရောင်းအဝယ်ပြုလုပ်သည့်အခါ ထိုက် တန်သောတန်ဖိုးကိုဖြတ်ရမည်။-
15
နောက်တစ်ကြိမ်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်မကျရောက်မီ မြေမှအသီးအနှံထွက် မည့်နှစ်အနည်းအများကိုတွက်ချက်၍ မြေ၏တန်ဖိုးကိုဖြတ်ရမည်။-
16
အရောင်းအဝယ်ပြုလုပ်ရာ၌မြေမှအသီး အနှံထွက်အကြိမ်ပေါင်းကိုတွက်ချက်၍ ရောင်း ဝယ်ရသည်ဖြစ်သောကြောင့် အသီးအနှံထွက် မည့်နှစ်အနည်းအများအလိုက်မြေတန်ဖိုး ကိုဖြတ်ရမည်။-
17
သင်တို့သည်အမျိုးသားချင်းကိုမလှည့်စား ရ။ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့ရိုသေရမည်။
18
သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
19
မြေမှအသီးအနှံထွက်သဖြင့် သင်တို့သည် ဝလင်စွာစားရ၍ဘေးကင်းလုံခြုံစွာနေ ထိုင်ရလိမ့်မည်။-
20
လယ်များကိုမစိုက်မပျိုး၊ အသီးအနှံများ ကိုမစုမသိမ်းရသောသတ္တမနှစ်တွင်မည် ကဲ့သို့စားရပါမည်နည်းဟူ၍တစ်စုံတစ် ယောက်ကမေးကောင်းမေးလိမ့်မည်။-
21
ထာဝရဘုရားသည်ဆဋ္ဌမနှစ်တွင် မြေ ကိုကောင်းချီးပေးသဖြင့်နှစ်နှစ်စာ အတွက်အသီးအနှံထွက်လိမ့်မည်။-
22
သင်တို့သည်အဋ္ဌမနှစ်တွင်လယ်များကိုစိုက် ပျိုးသောအခါ ဆဋ္ဌမနှစ်ကရိတ်သိမ်းခဲ့သော အသီးအနှံကိုစားနေရဦးမည်။ ထိုနှစ်၌ စိုက်ပျိုးသောအသီးအနှံများကိုမရိတ်သိမ်း မီတိုင်အောင် သင်တို့တွင်အစားအစာဖူလုံ လိမ့်မည်။
23
မြေကိုသင်တို့မပိုင်။ ဘုရားသခင်သာပိုင် သဖြင့် ယင်းကိုအပြီးအပိုင်မရောင်းရ။ သင် တို့သည်ဧည့်သည်အာဂန္တုအဖြစ်နှင့်သာ ထို ပြည်သို့ဝင်ရောက်အခြေစိုက်နေထိုင်သူ များဖြစ်ကြမည်။
24
မြေကိုရောင်းချသည့်အခါမူလပိုင်ရှင်က ထိုမြေကိုပြန်၍ဝယ်ယူခွင့်ရှိစေရမည်။-
25
ဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။-
26
ထိုမြေကိုပြန်၍ဝယ်ယူမည့်ဆွေမျိုးသား ချင်းမရှိသော် ပိုင်ရှင်သည်နောင်အခါ၌ ငွေ ကြေးတတ်နိုင်သောအခါကိုယ်တိုင်မြေကို ပြန်၍ဝယ်ယူနိုင်စေရမည်။-
27
ထိုအခါ၌သူသည်ရှေ့လာမည့်ပြန်လည် ပေးအပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေ သေးသောနှစ်များကိုတွက်ချက်၍ပေးသင့် ပေးထိုက်သောတန်ဖိုးကိုပေး၍ဝယ်ရမည်။ မည်သို့ပင်ဖြစ်စေသူသည်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ မိမိပိုင်မြေကို ပြန်လည်ရရှိမည်။-
28
အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။
29
မြို့ရိုးအတွင်း၌ရှိသောအိမ်ကိုရောင်းလျှင် ပိုင်ရှင်သည်တစ်နှစ်အတွင်းအိမ်ကိုပြန်၍ ဝယ်ယူခွင့်ရှိသည်။-
30
သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။-
31
မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။-
32
လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
33
လေဝိအနွယ်ဝင်တစ်ဦးသည်မိမိနေထိုင် ရာမြို့တွင် မိမိ၏အိမ်ကိုရောင်းပြီးနောက် ပြန်၍မဝယ်လျှင် ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်၌ထိုအိမ်ကိုသူ့အားပြန်ပေး ရမည်။ အဘယ်ကြောင့်ဆိုသော်ဣသရေလ နိုင်ငံတွင် လေဝိမြို့များကိုလေဝိအနွယ် ဝင်တို့အမြဲပိုင်သောကြောင့်ဖြစ်သည်။-
34
သို့ရာတွင်လေဝိမြို့ပတ်ဝန်းကျင်ရှိစား ကျက်ကိုမူ မည်သည့်အခါမျှမရောင်းရ။ ထို စားကျက်ကိုလေဝိအနွယ်ဝင်တို့အစဉ် အမြဲပိုင်၏။
35
သင်၏အိမ်နီးချင်းအမျိုးသားချင်းတစ်ဦး သည် ဆင်းရဲနွမ်းပါး၍အားကိုးရာမဲ့ဖြစ် နေလျှင် သင့်အိမ်နီးချင်းအဖြစ်ဆက်လက်၍ အသက်ရှင်နေထိုင်နိုင်စေရန် သူ့အားမိမိ ၏သူရင်းငှားကဲ့သို့ထောက်ပံ့ရမည်။-
36
ထိုသူအားငွေချေးရာ၌အတိုးမယူရ။ ဘုရားသခင်ကိုကြောက်ရွံ့၍ သူ့အားသင် ၏အိမ်နီးချင်းအဖြစ်အသက်ရှင်နေထိုင် စေလော့။-
37
သူ့အားချေးငွေအပေါ်တွင်အတိုးမယူရ။ အစားအစာကိုအမြတ်တင်၍သူ့အား မရောင်းရ။-
38
ဤကားသင်တို့အားခါနာန်ပြည်ကိုပေးရန် နှင့် သင်တို့၏ဘုရားဖြစ်ရန် သင်တို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်လာသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပညတ်ဖြစ်၏။
39
သင်၏အိမ်နီးချင်းအမျိုးသားချင်းသည် အလွန်ဆင်းရဲနွမ်းပါး၍သင့်ထံတွင် မိမိ ကိုယ်ကိုကျွန်အဖြစ်ဖြင့်ရောင်းလျှင် သူ့ အားကျွန်ကဲ့သို့မစေခိုင်းရ။-
40
သူသည်ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်းဆိုင် ရာနှစ်ရောက်သည်အထိ သင့်ထံမှာသူရင်းငှား အဖြစ်သင်၏အမှုကိုထမ်းစေရမည်။-
41
ထိုအချိန်ရောက်သည့်အခါသူနှင့်သူ၏သား သမီးတို့သည် မိမိ၏ဆွေမျိုးသားချင်းများ ရှိရာဇာတိရပ်ရွာသို့ပြန်စေရမည်။-
42
ဣသရေလအမျိုးသားအပေါင်းတို့သည် ထာဝရဘုရား၏ကျွန်များဖြစ်ကြ၏။ ထာဝရဘုရားသည်သူတို့အားအီဂျစ် ပြည်မှထုတ်ဆောင်တော်မူ၏။ သူတို့ကိုကျွန် ရောင်းကျွန်ဝယ်မပြုရ။-
43
သူတို့အပေါ်ညှာတာထောက်ထားသော သဘောထားရှိရမည်။ သင်တို့သည် ဘုရားသခင်ကိုကြောက်ရွံ့ရိုသေရမည်။-
44
စေခိုင်းရန်ကျွန်လိုလျှင်သင်တို့၏ပတ်ဝန်း ကျင်နိုင်ငံများမှကျွန်များကိုဝယ်ယူလော့။-
45
သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။-
46
သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။
47
အကယ်၍ဆင်းရဲသောဣသရေလအမျိုး သားတစ်ဦးသည် သင်တို့နှင့်အတူနေထိုင် သည့်လူမျိုးခြားတစ်ဦးသို့မဟုတ်သူ၏ မိသားစုတစ်ဦးထံတွင် မိမိကိုယ်ကိုကျွန် အဖြစ်ရောင်းခဲ့သည်ရှိသော်၊-
48
သူ့ကိုပြန်၍ဝယ်ယူနိုင်ခွင့်ရှိသည်။ သူ၏ညီ အစ်ကိုတစ်ဦးကသော်လည်းကောင်း၊-
49
ဦးကြီးဦးလေးကသော်လည်းကောင်း၊ ညီအစ် ကိုဝမ်းကွဲကသော်လည်းကောင်း၊ နီးစပ်သူဆွေမျိုး တစ်ဦးကသော်လည်းကောင်းသူ့အားပြန်၍ဝယ် ယူနိုင်သည်။ သို့တည်းမဟုတ်သူကိုယ်တိုင်ငွေ ကြေးတတ်နိုင်လျှင်မိမိကိုယ်ကိုဝယ်ယူနိုင် သည်။-
50
မိမိအားဝယ်ယူသူနှင့်ညှိနှိုင်းပြီးလျှင် မိမိကိုယ်ကိုမိမိရောင်းသည့်နှစ်မှအစ ပြု၍ ရှေ့လာမည့်ပြန်လည်ပေးအပ်ခြင်း ဆိုင်ရာနှစ်အထိ မိမိရမည့်သူရင်းငှားခ အပေါ်မူတည်၍အဖိုးအခကိုသတ်မှတ် ရမည်။-
51
မိမိအားတစ်နှစ်ပြီးတစ်နှစ်ခန့်သည့်အနေ ဖြင့် ကျန်သေးသောနှစ်များကိုတွက်၍ မိမိကိုယ် ကိုရောင်းသည့်တန်ဖိုး၏တစ်စိတ်တစ်ဒေသ ကိုပြန်အမ်းရမည်။ သူ့သခင်သည်သူ့အပေါ် ညှာတာသောသဘောထားရှိရမည်။-
54
သူသည်နည်းတစ်နည်းနည်းဖြင့် ကျွန်ဘဝမှ မလွတ်မြောက်ခဲ့လျှင် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်၌ သူနှင့်သူ၏သားသမီး တို့လွတ်မြောက်ခွင့်ရရှိစေရမည်။-
55
ဣသရေလအမျိုးသားတို့သည် ထာဝရ ဘုရား၏ကျွန်များဖြစ်ခြင်းကြောင့်ရာသက်ပန် လူ၏ကျွန်မဖြစ်စေရ။ ထာဝရဘုရားသည် သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်တော် မူခဲ့၏။ ကိုယ်တော်သည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27