bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Leviticus 22
Leviticus 22
Burmese (BCL) (Common Language Bible)
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 23 →
1
ထာဝရဘုရားသည် မောရှေမှတစ်ဆင့်အာရုန် နှင့်သူ၏သားတို့အား``သင်တို့သည်ငါ၏နာမ တော်ကိုမရှုတ်ချမိစေရန် ဣသရေလအမျိုး သားတို့ပူဇော်သောပူဇော်သကာကို ငါ့အား ဆက်သရာ၌ရိုသေလေးစားမှုရှိရမည်။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏။-
3
သင်၏အဆက်အနွယ်ထဲမှဘာသာရေးထုံး နည်းအရမသန့်ရှင်းသူသည်၊ ဣသရေလ အမျိုးသားတို့ ငါ့အားဆက်ကပ်သောပူဇော် သကာများအနီးသို့ချဉ်းကပ်မိလျှင် သူ သည်နောက်တစ်ဖန်ယဇ်ပလ္လင်နှင့်ဆိုင်သောဝတ် ကိုမဆောင်ရွက်ရ။ ဤပညတ်ကိုသင်တို့ ထာဝစဉ်လိုက်နာရကြမည်။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
4
``အာရုန်၏အဆက်အနွယ်ထဲမှ ကိုယ်ရေပြား ရောဂါစွဲသောသူဖြစ်စေ၊ ရိနာစွဲသူဖြစ်စေ၊ ဘာသာရေးထုံးနည်းအရသန့်စင်မှုမရရှိ မီ ငါ့အားဆက်ကပ်သောပူဇော်သကာများ ကိုမစားရ။ ယဇ်ပုရောဟိတ်သည်လူသေနှင့် ထိ၍ မသန့်စင်သောအရာရှိသမျှကိုကိုင် တွယ်မိလျှင်သော်လည်းကောင်း၊ သုက်ရည်ယို လျှင်သော်လည်းကောင်း၊-
5
မသန့်စင်သောတိရစ္ဆာန်သို့မဟုတ်လူကို ထိမိလျှင်သော်လည်းကောင်း မသန့်စင်ဘဲ ဖြစ်လိမ့်မည်။-
6
ထိုသို့သောယဇ်ပုရောဟိတ်သည်ညဦးတိုင် အောင်မသန့်စင်ချေ။ သူသည်ရေချိုးပြီးမှ ငါ့အားဆက်ကပ်သောပူဇော်သကာကို စားနိုင်သည်။-
7
နေဝင်ပြီးလျှင်သူသည်သန့်စင်လာသဖြင့် သူ၏စားစရာဖြစ်သောပူဇော်သကာ ကိုစားနိုင်သည်။-
8
သူသည်သဘာဝအလျောက်သေသော တိရစ္ဆာန်သို့မဟုတ်သားရဲကိုက်သတ်၍သေ သောတိရစ္ဆာန်၏အသားကိုမစားရ။ ယင်း သို့စားလျှင်သူသည်မသန့်စင်ချေ။ ငါသည် ထာဝရဘုရားဖြစ်တော်မူ၏။
9
``ယဇ်ပုရောဟိတ်အားလုံးတို့သည် ငါ၏ ပညတ်များကိုလိုက်နာရကြမည်။ ယင်းသို့ မလိုက်နာလျှင်ပညတ်တော်များကိုချိုး ဖောက်သောကြောင့် သူတို့သည်အပြစ်ကူး လွန်သဖြင့်သေရကြမည်။ ငါသည်ထာဝရ ဘုရားဖြစ်၏။ ငါသည်သူတို့ကိုသန့်ရှင်း စေတော်မူ၏။
10
``ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင်သူ သာလျှင် သန့်ရှင်းသောပူဇော်သကာကိုစား နိုင်သည်။ ယဇ်ပုရောဟိတ်နှင့်အတူနေထိုင် သောသူနှင့်၊ သူငှားတို့သည်ပူဇော်သကာ ကိုမစားရ။-
11
သို့ရာတွင်မိမိငွေဖြင့်ဝယ်သောကျွန်သို့ မဟုတ် မိမိအိမ်၌မွေးဖွားသောကျွန်တို့ သည်ယဇ်ပုရောဟိတ်၏အစားအစာကို စားနိုင်သည်။-
12
ယဇ်ပုရောဟိတ်မဟုတ်သူတစ်ယောက်နှင့် ထိမ်းမြားစုံဖက်သော ယဇ်ပုရောဟိတ်၏ သမီးသည်သန့်ရှင်းသောပူဇော်သကာ ကိုမစားရ။-
13
သို့ရာတွင်ယဇ်ပုရောဟိတ်၏သမီးသည် ခင်ပွန်းသေလျှင်ဖြစ်စေ၊ ခင်ပွန်းနှင့်ကွာရှင်း ပြီးလျှင်ဖြစ်စေသားသမီးမရှိသဖြင့် ဖခင်အိမ်သို့ပြန်ရောက်နေထိုင်ခဲ့သည်ရှိ သော်ဖခင်၏အစားအစာကိုစားနိုင် သည်။ ယဇ်ပုရောဟိတ်၏မိသားစု၌ပါဝင် သူသာလျှင်ပူဇော်သကာကိုစားနိုင်သည်။
14
``ယဇ်ပုရောဟိတ်၏မိသားစု၌မပါဝင် သူသည် သန့်ရှင်းသောပူဇော်သကာကိုအမှတ် မဲ့စားမိလျှင် ယဇ်ပုရောဟိတ်အားထိုအစား အစာ၏တန်ဖိုးအပြင် နှစ်ဆယ်ရာခိုင်နှုန်း ထပ်ဆောင်း၍ပေးလျော်ရမည်။-
15
ယဇ်ပုရောဟိတ်များသည်သန့်ရှင်းသောပူ ဇော်သကာကိုမစားထိုက်သောသူအားစား စေခြင်းဖြင့် ပူဇော်သကာကိုမညစ်ညမ်းစေ ရ၊ ထိုပူဇော်သကာကိုမစားထိုက်သူသည်စား မိလျှင်အပြစ်ကူးလွန်၍ဒဏ်ခံရမည်။ ငါ သည်ထာဝရဘုရားဖြစ်၏။ ငါသည်ပူဇော် သကာများကိုသန့်ရှင်းစေတော်မူ၏'' ဟု မိန့်တော်မူ၏။
17
ထာဝရဘုရားသည် မောရှေမှတစ်ဆင့် အာရုန်၊ သူ၏သားများနှင့်ဣသရေလ အမျိုးသားအပေါင်းတို့အားအောက်ပါ ပြဋ္ဌာန်းချက်များကိုချမှတ်ပေးတော်မူ၏။ ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလ နိုင်ငံတွင်နေထိုင်သောလူမျိုးခြားဖြစ်စေ၊ ကတိသစ္စာအလျောက်သော်လည်းကောင်း၊ စေ တနာအလျောက်သော်လည်းကောင်းမီးရှို့ ရာယဇ်ကိုပူဇော်သည့်အခါယဇ်ကောင်၌ အနာအဆာမရှိစေရ၊-
19
အနာအဆာကင်းသောယဇ်ကောင်အထီး ကိုသာငါလက်ခံမည်၊-
20
သင်တို့သည်အနာအဆာရှိသောယဇ်ကောင် ကိုပူဇော်လျှင် ငါလက်ခံမည်မဟုတ်၊-
21
တစ်စုံတစ်ယောက်သည်ငါ့အားမိတ်သဟာယ ယဇ်ပူဇော်သည့်အခါ ကတိသစ္စာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ စေတနာအလျောက် ပူဇော်လျှင်ဖြစ်စေ၊ ငါလက်ခံနိုင်ရန် ယဇ်ကောင်တွင်အနာအဆာကင်းရမည်။-
22
မျက်စိကန်းသောတိရစ္ဆာန်၊ ခြေလက်ပြတ် သောတိရစ္ဆာန်၊ ပြည်ထွက်သောအနာရှိသည့် တိရစ္ဆာန်၊ အရေပြားတွင်ယားနာ၊ ဝဲနာစွဲ သောတိရစ္ဆာန်တို့ကိုပလ္လင်ပေါ်တွင်မီးရှို့ မပူဇော်ရ။-
23
ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။-
24
ဝှေးစေ့များကိုထုချေခြင်း၊ လှီးဖြတ်ခြင်း၊ အနာတရဖြစ်ခြင်း၊ စုတ်ပြတ်ခြင်းခံရ သောတိရစ္ဆာန်ကိုငါ့အားမပူဇော်ရ။ သင် တို့ပြည်တွင်ထိုကဲ့သို့သောတိရစ္ဆာန်များ ကိုမပူဇော်ရ။
25
လူမျိုးခြားထံမှ ရရှိသောတိရစ္ဆာန်ကို ပူဇော်သကာအဖြစ်မပူဇော်ရ။ ထိုကဲ့သို့ သောတိရစ္ဆာန်သည် အနာအဆာရှိသည်ဟု ယူဆရမည်ဖြစ်သောကြောင့်ယင်းကိုမပူ ဇော်ရ။
26
သိုး၊ နွား၊ ဆိတ်သားပေါက်များကို မိခင်နှင့် ခုနစ်ရက်နေစေပြီးမှသာ ပူဇော်သကာ အဖြစ်ပူဇော်နိုင်သည်။-
28
နွားမနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ သိုး မနှင့်၎င်း၏သားပေါက်ကိုဖြစ်စေ၊ ဆိတ်မနှင့် ၎င်း၏သားပေါက်ကိုဖြစ်စေတစ်နေ့တည်း မပူဇော်ရ။-
29
သင်တို့သည်ကျေးဇူးတော်ချီးမွမ်းရာယဇ် ကိုပူဇော်သောအခါ သင်တို့ထာဝရဘုရား ၏စိတ်တော်နှင့်တွေ့နိုင်ရန်ပြဋ္ဌာန်းချက်များ အတိုင်းပူဇော်ရမည်။-
30
ယဇ်ကောင်၏အသားကိုနေ့ချင်းစားရမည်။ နက်ဖြန်နံနက်အထိမကြွင်းကျန်စေရ။
31
ထာဝရဘုရားက``ငါ၏ပညတ်များကို လိုက်နာကြလော့။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။-
32
ငါ၏နာမတော်ကိုမရှုတ်ချရ။ ငါသည် သန့်ရှင်းတော်မူကြောင်းကိုဣသရေလအမျိုး သားအပေါင်းတို့သည်သိမှတ်ဝန်ခံရကြ မည်။ ငါထာဝရဘုရားသည်သင်တို့ကို သန့်ရှင်းစေတော်မူ၏။-
33
ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။
← Chapter 21
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 23 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27